Monday, August 12, 2013

ရွှေဈေး ပြန်မြင့်နိုင်ဟုဆို

Photo: ရွှေဈေး ပြန်မြင့်နိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၁

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က ရွှေဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုအချိန်မှာ ကမ္ဘာ့ရွှေဈေး တက်သည့်ကာလ ဖြစ်၍ ပြည်တွင်းရွှေဈေး ပြန်မြင့် လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ဦးအေးချို၏ ပြောကြားချက်အရ သိရသည်။

ယမန်နှစ်က စံချိန်တင်မြင့်တက်ခဲ့သည့် တစ်ကျပ်သား ကျပ်ရှစ်သိန်းဝန်းကျင် မရောက်ရှိနိုင်သော်လည်း ယခုလတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခုနစ်သိန်းဝန်းကျင်အတွင်း ရှိနေမည် ဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဈေးကွက်အဖွင့်မှာ ခြောက်သိန်း ကိုးသောင်းလောက်နဲ့ ဖွင့်နိုင်တယ်” ဟု  ၎င်းကဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင်လည်း ရွှေဈေးကွက် ကျွမ်းကျင်သူများက ဂျပန်ငွေ ယန်းတန်ဖိုး အပြောင်းအလဲကို စောင့်ကြည့်နေသဖြင့် ယင်းဂယက်မှာ ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၄ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၀,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ထားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က ရွှေဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုအချိန်မှာ ကမ္ဘာ့ရွှေဈေး တက်သည့်ကာလ ဖြစ်၍ ပြည်တွင်းရွှေဈေး ပြန်မြင့် လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များ အသင်း အလုပ်အမှုဆောင် ဦးအေးချို၏ ပြောကြားချက်အရ သိရသည်။


ယမန်နှစ်က စံချိန်တင်မြင့်တက်ခဲ့သည့် တစ်ကျပ်သား ကျပ်ရှစ်သိန်းဝန်းကျင် မရောက်ရှိနိုင်သော်လည်း ယခုလတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခုနစ်သိန်းဝန်းကျင်အတွင်း ရှိနေမည် ဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဈေးကွက်အဖွင့်မှာ ခြောက်သိန်း ကိုးသောင်းလောက်နဲ့ ဖွင့်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင်လည်း ရွှေဈေးကွက် ကျွမ်းကျင်သူများက ဂျပန်ငွေ ယန်းတန်ဖိုး အပြောင်းအလဲကို စောင့်ကြည့်နေသဖြင့် ယင်းဂယက်မှာ ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၄ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၀,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ထားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ွှThe Voice

No comments:

Post a Comment