Wednesday, August 14, 2013

နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် စီစဉ်


ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည့် သြဂုတ် ၂၆ ရက်တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် အတွက် စီစဉ်နေသည်ဟု အဆိုပါပွဲကျင်းပရန် စီစဉ်နေသည့် ထေရ၀ါဒဓမ္မကွန်ရက်မှ သိရသည်။

အဆိုပါအခမ်းအနားကို တိပိဋကတ်သုံးပုံ အာဂုံဆောင်ဆရာတော်များနှင့် ရေစကြိုဆရာတော်၊ မော်ကွန်းဆရာတော်၊ စွန်းလွန်းဆရာတော်တို့ ပါဝင်ကျင်းပမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ၅၂နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ဖြစ်သည့် သြဂုတ်၂၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း၊ တောင်ဒဂုံပန်းခြံ မှတ်တိုင်အနီးရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်တွင် နံနက် ရှစ်နာရီခွဲမှ စတင် ကျင်းပမည်ဖြစ်သည်ဟု ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးအောင်မြိုင်က ပြောသည်။

အဆိုပါအခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်ပြီး ဦးအောင်မြိုင်က “နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း ပြုလုပ်ဖြစ်မှာပါ။ အဲဒီနေ့မှာပဲ ကျွန်တော်တို့နဲ့ အချိတ်အဆက်ရှိတဲ့ အသင်းအဖွဲ့တွေက ပြုလုပ်မှာပါ”ဟု ပြောသည်။

ထေရ၀ါဒ ဓမ္မကွန်ရက် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်ကလည်း “အခမ်းအနားကို သံဃာသုံးရာလောက်လည်း ပါဝင်ကျင်းပမှာပါ။ နယ်တွေမှာလည်းလုပ်ဖို့ ရှိပါတယ်။ မြို့နယ် ၁၃ မြို့နယ်လောက်က နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပမယ်လို့ ကျွန်တော်တို့ကို အကြောင်းကြား ထားပါတယ်” ဟု ပြောသည်။

Mizzima

No comments:

Post a Comment