Friday, August 30, 2013

တန်ဖိုးနည်းဖုန်း ပျက်စီးမှုများ၍ သုံးစွဲသူများ စိတ်ပျက်

SIM Card

ညောင်တုန်းမြို့နယ်တွင် ထုတ်ရောင်းပေးခဲ့သော တန်ဖိုးနည်း ၁,၅၀၀ ကျပ်တန် CDMA 800 MHz ၀ယ်ယူ ရရှိသော သူများမှာ သုံးစွဲပြီး မကြာမီတွင် ပျက်စီးမှုများဖြင့် ကြုံတွေ့ ကြရသဖြင့် စိတ်ပျက် နေကြကြောင်း ဖုန်းဝယ်ယူသူများက ပြောသည်။


““ကျွန်မ ဖုန်းဝယ်ခွင့်ရတော့ ငါးသောင်းတန် ဟန်းဆက်နဲ့ ထည့်သုံးပါတယ်။ သိပ်မကြာဘူး ဖုန်း လော့ကျသွားတော့ ဟိုမေး ဒီမေးပြီး ဖုန်းကတ်ထဲမှာ ပါတဲ့အတိုင်း လုပ်ကြည့်တော့ လည်းမရဘူး။ တိုင်းဆက်သွယ်ရေးကို ပို့ပြီး လုပ်ပေမယ့်လည်း အဆင်မပြေဘူး။ တိုင်း ဆက်သွယ်ရေးက ရပြီဆိုပြီး ပြန်ပို့ပေးလို့ ကိုယ့်လက်ထဲလည်း ရောက်ရော ရက်လွန်သွားပြီ ဆိုပြီး လိုင်းပိတ်သွားတယ်”” ဟု တန်ဖိုးနည်းဖုန်း အသုံးပြုသူ တစ်ဦးက ပြောသည်။
““ကျွန်တော့်ဖုန်း လိုင်းပိတ်ခံရလို့ ဆက်သွယ်ရေးကနေ တရားဝင် ဆက်သွယ်ကြည့်တော့ တစ်သောင်းလောက် ပေးရမယ်ဆိုတော့ ပေးပြီး လုပ်ပါတယ်။ ဒါပေမဲ့ တိုင်းရုံးက ပြန်ပို့တယ်။ မရဘူးလို့ ပြောတယ်။ အခု အောက်လမ်းနည်းနဲ့ သုံးသောင်းပေးပြီး လုပ်တဲ့ လူတွေကျတော့ နှစ်ရက်အတွင်း လိုင်းပြန်ပွင့်တယ်။ ကျွန်တော်ကတော့ သုံးသောင်းပေးပြီး မလုပ်တော့ပါဘူး။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက အလွတ်ရောင်းတော့မှပဲ ဖုန်းပြန်ကိုင်တော့မယ်”” ဟု ဆက်သွယ် ရေးနှင့် ဆက်သွယ် လျှောက်ထားခဲ့သူ တစ်ဦးက ပြောပါသည်။
မောင်နေလင်း(ညောင်တုန်း)
မြန်မာ့သံတော်ဆင့်

No comments:

Post a Comment