မွတ်စလင်တွေ ဘုရားဝတ်ပြုနေတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာလို့လည်း ရိုက်တာ သတင်းအရ သိရပါတယ်။
နောက်ပိုင်းမှာတော့
မွတ်စလင်ရာနဲ့ချီ လမ်းမပေါ်ထွက်ပြီး တချို့လူတွေကတော့
တုတ်တွေကိုင် ထွက်လာပြီး နောက်ထပ် တိုက်ခိုက်တာ မခံရအောင်
လုပ်ဆောင်ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လုံခြုံရေးတွေ တိုးချဲ့ချထားပြီး ကာဖြူးအမိန့်ကို တနင်္ဂနွေနေ့အထိ ချမှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မနှစ်ကစပြီး
သီရိလင်္ကာနိုင်ငံမှာ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေ
ပိုများပြားလာပြီး မွတ်စလင်တွေကို တိုက်ခိုက်ရာမှာ အဓိက
ဦးဆောင်တဲ့အဖွဲ့က Bodu Bala Sean (BBS) သိုမဟုတ် Buddhist power
force ဆိုတဲ့ ဗုဒ္ဓအဖွဲ့တစ်ခုဖြစ်လေ့ရှိပြီး ဒီတိုက်ခိုက်မှုမှာ
မပါဝင်ရဘူးလို့ အဖွဲ့ခေါင်းဆောင်က ငြင်းဆိုထားပါတယ်။
အခုဖျက်ဆီးခံရတဲ့
ဗလီဟာ ပြီးခဲ့တဲ့ လကပဲ ဆောက်လုပ်ပြီးစီးတဲ့ ဗလီဖြစ်ပြီး
အဲဒီမတိုင်ခင် အနီးနားမှာ ရှိတဲ့ ဗလီတစ်ခုကို ပိတ်ချဖို့
ဖိအားပေးခံရပြီးနောက်ပိုင်း အသစ်ဆောက်လုပ်ထားတဲ့ ဗလီဖြစ်ကြောင်း လည်း
သိရပါတယ်။
သီးသန့်ဖြစ်ရပ်တစ်ခုမှာတော့ သီရိလင်္ကာနိုင်ငံ
မြောက်ပိုင်းရှိ ဗုဒ္ဓကျောင်းဝင်းတစ်ခု လက်ပစ်ဗုံးနဲ့
ပစ်ပေါက်ခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲဖြစ်ခဲ့တဲ့ ဒေသမှာ တာမီးလ်လူမျိုးတွေအများစုနေထိုင်ပြီး
အဓိကအားဖြင့် ဟိန္နူဘာသာနဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတယ်လို့
သိရပါတယ်။
ABC Radio
No comments:
Post a Comment