Tuesday, August 13, 2013

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် မိုင် ၄၀၀ လမ်းလျောက်ဆန္ဒပြ

Rangoon: waiting for the release of political prisoners
တစ်ကိုယ်တော် ​အစာငတ်ခံဆန္ဒပြခဲ့တဲ့ ​သံဃာတော် ​အရှင် ​ယက္ခဝံသဟာ ​နိုင်ငံရေး ​အကျဉ်းသားဟောင်း ​တချို့နဲ့အတူ ​ရန်ကုန်မြို့ကနေ ​မန္တလေး၊ ​မဟာမြတ်မုနိဘုရားကြီးထိ ​လမ်းလျှောက် ​ဆုတောင်းမှုကို ​သြဂုတ်လ ​၁၁ ​ရက်နေ့က ​စတင်ခဲ့ပါတယ်။
ဦးဝိစာရဆရာတော်ကြီးကျောက်တိုင်ရှေ့မှာတိုင်တည်ပြီးတော့မန္တလေးမဟာမြတ်မုနိဘုရားမှာသစ္စာဆိုပြီးတော့လွတ်အောင်လို့မေတ္တာသွန်းဖြိုးမယ်၊လက်ကျန်နိုင်ငံရေးအကျဉ်းသားပေါ့နော်၊သမ္မတကြီးကလည်းလွှဲပေးသင့်တာကိုလွှဲပေးပြီးပြီ၊ဒါပေမယ့်အခုလက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုအကုန်လွှဲပေးဖို့ကိုတောင်းဆိုနေတာပါ
ရန်ကုန်ကနေ ​မိုင် ​၄၀၀ ​ကျော်ကွာဝေးတဲ့ ​မန္တလေး ​မဟာမြတ်မုနိ ​ဘုရားကြီးဆီကို ​လမ်းလျှောက်တာဟာ ​ရက်ပေါင်း၂၀ ​ကျော်ကြာမြင့် ​မယ်လို့ခန့်မှန်းထားပါတယ်။
အခုလို ​မေတ္တာပို့သမှုတွေကြောင့် ​နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာမယ်လို့ ​ယုံကြည်ထားပြီး ​မအောင်မြင်ရင်လည်း ​နိုင်ငံရေးအရ ​ဆက်လက်လုပ်ဆောင်သွားမယ်လို့ ​အရှင် ​ယက္ခဝံသက ​မိန့်ပါတယ်။
ဦးဇင်းရဲ့မေတ္တပို့သမှုကြောင့်သော်လည်းနောက်အခြားအခြားသောဆရာတော်တွေရဲ့အားလုံးဝိုင်းဝန်းမေတ္တာပို့သမှုသော်လည်းအောင်မြင်လာလိမ့်မယ်လို့ဦးဇင်းမျှော်လင့်ထားတယ်၊မအောင်မြင်ဘူးဆိုရင်လည်းနိုင်ငံရေးအရတော့ဆက်လုပ်နေရမှာပဲ
လမ်းလျှောက်ဆုတောင်းတာကို ​နေ့လည် ​၁၁ ​နာရီမှာ ​စတင်ခဲ့ပြီး ​ည ​၈ ​နာရီခွဲခန့်မှာတော့ ​လှည်းကူးမြို့ကို ​ကျော်ဖြတ်သွားပြီ ​လို့ ​သိရပါတယ်။ 
ဖမ်းဆီးခံအကျဉ်းသား ​လွတ်မြောက်ရေး ​ဆုတောင်းပွဲတွေဟာ ​အခုမှလုပ်တာမဟုတ်ဘဲ ​ဒေါ်အောင်ဆန်း စုကြည် ​ထိန်းသိမ်းခံရစဉ်ကတည်း ​က ​လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ​လမ်းလျှောက်ဆုတောင်းပွဲမှာပါဝင်တဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ဟောင်း ​ဦးသန်းရွှေက ​ပြောပါတယ်။
ဖမ်းဆီးခံအကျဉ်းသားများလွတ်မြောက်ရေးဆိုတာအခုမှလုပ်တာမဟုတ်ဘူးခင်ဗျ၊တစ်ချို့ကခုမှလုပ်တယ်ဦးသိန်းစိန်လဲခုမှပြောတယ်။ဒါကြောင့်မို့လို့ဦးသိန်းစိန်ကနှစ်ကုန် လွှတ်ပေးမယ့် ဟာကိုကျွန်တော်တို့ကဆန္ဒစောနေတယ်လို့ဒီလိုမျိုးတွေယူဆနေကြတယ်။အမှန်မှန်တော့ဒီလိုမဟုတ်ဘူးဗျ၊ကျွန်တော်တို့ကဒေါ်အောင်ဆန်းစုကြည်ဖမ်းစဉ်ကတည်းကိုကအင်္ဂါဆုတောင်းဆိုပြီးဆုတောင်းခဲ့တယ်ပေါ့ဗျာ
အရှင် ​ယက္ခဝံသဟာ ​သြဂုတ်လ ​၃ ​ရက်နေ့က ​ရန်ကုန်မြို့ ​မြို့တော်ခန်းမရှေ့မှာ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​အားလုံး ​လွတ်မြောက်ဖို့ ​တစ်ကိုယ်တော် ​အစာငတ်ခံ ​ဆန္ဒထုတ်ဖော်မှုကြောင့် ​သြဂုတ်လ ​၈ ​ရက်နေ့ထိ ​ရန်ကုန်တိုင်း ​သံင်္ဃာနာယကကရဲ့ ​ထိန်းသိမ်းမှုကို ​ခံခဲ့ရဘူးတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက်စူးရှက ​သတင်းပေးပို့ ​ထားပါတယ်။

ABC Radio

No comments:

Post a Comment