Sunday, August 11, 2013

စုံစမ်းထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဟု အိုဘားမားပြောကြား

10.8.2013 tl2
စနိုးဒန် ဖွင့်ချပြောကြားပြီးနောက် ဝေဖန်မှုများ ခံလာရသောကြောင့် အမေရိကန် အစိုးရ၏ စုံစမ်း ထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း၊ ဖွင့်ချမှုကြောင့် လူထုယုံကြည်မှု ပျက်ခဲ့ သည့် ၎င်းအစီအမံသည် အမေရိကန် ပြည်သူများကို လုံခြုံစေရေးအတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမား ယမန်နေ့က ပြောကြားသည်။စနိုးဒန်သည် လျှို့ဝှက်စာရွက်စာတမ်းများကို မီဒီယာသို့ ဖွင့်ချခဲ့သောကြောင့် ဝေဖန်သူတို့က ပြည်သူ များ၏ ဖုန်းခေါ်ဆိုသည့် အချက်အလက်များကိုလည်း စစ်ဆေးသော အမျိုးသား စုံစမ်းထောက် လှမ်းရေး အေဂျင်စီကို အလွန်အကျွံ လုပ်နေကြောင်းဝေဖန်ခဲ့ကြပြီး အစိုးရနှင့် လွှတ်တော်ကိုလည်း အစီအမံများကို ထိန်းထားရန် တောင်းဆိုကြသည်။
 
“အစိုးရလုပ်ခဲ့တဲ့ သမိုင်းကြောင်းအရ စုံစမ်းထောက်လှမ်းတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာ မှန် တယ်။ အထူးသဖြင့် နည်းပညာဟာ ကျွန်တော်တို့ဘဝရဲ့ ဘက်စုံထောင့်စုံကို ပြန်ပုံဖော်နေပါတယ်” ဟု အိမ်ဖြူတော်အရှေ့ရုံးခန်းတွင်ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အိုဘားမား က ပြော ကြားသည်။

အိုဘားမားက ပြည်သူတို့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး သေချာအောင် လုပ်ဆောင်နေပြီး ပွင့်လင်းမြင် သာမှု လိုအပ်သည်ကိုလည်း သိရှိကြောင်း ပြောကြားသည်။ သမ္မတက ဆက်လက်၍ တယ်လီဖုန်း ပြော ဆိုသည့် အချက်အလက်ဆိုင်ရာ ကိစ္စတွင် သင့်တင့်သည့် တိုးတက်မှုရရှိရန် လွှတ်တော်နှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များကိုလည်း ပွင့်လင်းမြင်သာမှု ပိုမိုရှိလာစေရန် ပြည်သူထံ ချပြမည်ဖြစ်ကြောင်း၊ စုံစမ်းရေး နည်းပညာများကို သုံးသပ်ရန် အစိုးရ မဟုတ်သည့် သီးခြား အဆင့်မြင့် ကျွမ်းကျင်သူများကိုလည်း ခန့်အပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်သာ သုံးသပ်တဲ့အဖွဲ့ကို ခန့်အပ်ထားရင် စနိုးဒန်ရဲ့ဖွင့်ချမှုကြောင့် ပိုမိုမြန်ဆန်ပြီး အားကောင်း တဲ့ တုံ့ပြန်မှုမျိုးဖြစ်ပေါ်စေမယ်ဆိုတာ သံသယရှိစရာမလိုဘူး” ဟု အိုဘားမားက ပြောကြားသည်။

Ref:Reuters
မြန်မာ့ခေတ်

No comments:

Post a Comment