Wednesday, August 21, 2013

အစားအသောက်တွင် ပါဝင်သော ကော့ပါးဓာတ် အယ်ဇိုင်းမား ရောဂါဖြစ်ပွားနိုင်


ဝါရှင်တန် သြဂုတ် ၂ဝ

အစားအသောက်များတွင် ပါဝင်သော ကော့ပါးဓာတ်သည် အယ်ဇိုင်းမား ရောဂါဖြစ်ပွားမှုနှင့် ဆက်နွှယ်နေသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဓိက အချက်များအနက် တစ်ချက် အပါ အဝင်ဖြစ်ကြောင်း အမျိုးသားသိပ္ပံ တက္ကသိုလ် မှ ထုတ်ဝေသည့် ဂျာနယ်တစ်စောင်တွင် သြဂုတ် ၁၉ ရက်က ဖော်ပြထားသည်။

ကော့ပါးဓာတ်သည် အယ်ဇိုင်းမား ရောဂါအစကို ဖြစ်ပွား စေနိုင်သလို ဦးနှောက်အတွင်း အဆိပ်ဖြစ်စေသော ပရိုတင်း ဓာတ်များ စုပုံလာခြင်းအား ဖယ်ရှား နိုင်မှုကို အဟန့် အတား ဖြစ်စေသောကြောင့် အယ်ဇိုင်းမား ရောဂါကို ပိုမိုတိုးမြှင့် ဖြစ်ပေါ် လာစေနိုင်ကြောင်း ရိုချက်စတာ တက္ကသိုလ်မှ သုတေသီ များက ပြောကြား ထားသည်။

ကော့ပါးဓာတ်များ စုပုံလာခြင်းသည် ဦးနှောက်အတွင်းမှ B-amyloid ပရိုတင်းဓာတ်များ ဖယ်ရှားပေး သည့် စနစ်များကို ပျက်စီးစေရန် သက်ရောက်မှုရှိကြောင်း ရိုချက်စတာ တက္ကသိုလ်မှ လေ့လာရေး အဖွဲ့ ခေါင်းဆောင်က ပြောကြား ထားသည်။ ကော့ပါးဓာတ် သည် ကြေးနီ ပိုက်လိုင်း များမှ ဖြတ်သန်း စီးဆင်းလာသော သောက်ရေများ၊ အစာအာဟာရ ဆိုင်ရာ ဖြည့်စွက် ပစ္စည်းများ၊ အထူးသဖြင့် အနီရောင်ရှိ အသားများ၊ အခွံပါ ရေနေခရု၊ ကဏန်း၊ ခုံးကောင်၊ မြေပဲ စသည့် အခွံမာ အစံများ၊ သစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များတွင် ပါဝင်ကြောင်း သိရသည်။ 
 
မြ၀တီ

No comments:

Post a Comment