Friday, August 23, 2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု ပါဝင်လာမည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း သုံးရက်ကြာ ပြုလုပ်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းအများစု ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
ယခင်တွေ့ဆုံမှု အကြိမ်များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လာမည့်တတိယအကြိမ် ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားပေါင်းစုံပါဝင် သည့် ဖြစ်မြောက်ရေး ကော် မတီဖြင့် ပြုလုပ်သွားမည် ဖြစ်ကာ အဆိုပါအဖွဲ့ကို လက်ရှိတွင် အဖွဲ့ကိုး ဖွဲ့ဖြင့် ဖွဲ့စည်းထားကာ နောက်ပိုင်းတွင် မွန်အဖွဲ့များပါ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကိုးဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ '၀' ဒီမိုကရက်တစ်ပါတီ၊ ကယန်းပြည် သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ SSPP/SSA အဖွဲ့၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီနှင့် ကိုးကန့်ဒေသမှ နှစ်ပါတီတို့ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် မွန်ပြည်သစ်ပါတီတို့လည်း ကော်မတီတွင် ထပ်မံပါဝင်ရန် ရှိကြောင်း သိရသည်။

''ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်မှာက ရှမ်း၊ ကယားနဲ့ မွန်အဖွဲ့တွေပါမယ်။ လေ့လာ သူတွေ အနေနဲ့က ရခိုင်ကဆိုရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ကဆိုရင် KNU နဲ့ DKBA၊ ချင်းကဆိုရင် ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တို့ကို ဖိတ်မယ်။ နောက်ပြီး ၈၈ မျိုးဆက်အဖွဲ့လို တခြားလူမှု အခြေပြု အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားဖို့ရှိတယ်။ ကချင်ကိုတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေမှာ တိုးတက်ရင် တိုးတက် သလို ညှိနှိုင်းမှုပေါ်မူတည်ပြီး ဖိတ်ရင် ဖိတ်သွားမယ်'' ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ကော်မတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသွားရန် နောက် လာမည့် အစည်းအဝေးများ တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆိုသည်။ ထို့ပြင် အစိုးရအဖွဲ့ဘက်မှ ယခင်အကြိမ် များတွင် တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီကိုလည်း ဖိတ်ကြားသွား မည်ဖြစ်ပြီး ရှမ်း၊ ကယား၊ မွန်တို့မှ ၀န်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများကို ဖိတ်ကြားသွား မည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment