Thursday, August 22, 2013

အများသုံး တယ်လီဖုန်းရုံ အတွင်းမှ ဖုန်းအထိုင်စက်များ ခိုးယူလာသူအား ဖမ်းဆီးရမိ

Photo: အများသုံးတယ်လီဖုန်းရုံအတွင်းမှ ဖုန်းအထိုင်စက်များခိုးယူလာသူအား
ဖမ်းဆီးရမိ
Thursday, August 22, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂၀.၈.၂၀၁၃ ရက်နေ့
၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံလမ်းတွင် ခိုးမှုများကျူးလွန်ထားကြောင်းသတင်းရရှိသူ လှသိန်း(ခ)နွားကြီး၊(ဘ)ဦးသိန်းလွင်၊ ရွာသာကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူအား Panasonic တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ FTELE တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊ GAOXINQI တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ ORIENTEL တံဆိပ်ပါ
ဖုန်းအထိုင်စက်(၁)လုံး၊ CALLER-ID (၃)လုံး၊ တယ်လီဖုန်းကြိုး (၆)ချောင်းတို့နှင့်အတူတွေ့ရှိခဲ့ပါသည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းသည်
၂၀.၈.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အများသုံးတယ်လီဖုန်းရုံအတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့သဖြင့် သိမ်းဆည်းပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၅၈၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂၀.၈.၂၀၁၃ ရက်နေ့၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံ
လမ်းတွင် ခိုးမှုများကျူးလွန်ထားကြောင်းသတင်းရရှိသူ လှသိန်း(ခ)နွားကြီး၊(ဘ)ဦးသိန်းလွင်၊ ရွာသာ ကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူအား Panasonic တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ FTELE တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊ GAOXINQI တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ ORIENTEL တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊ CALLER-ID (၃)လုံး၊ တယ်လီဖုန်းကြိုး (၆)ချောင်းတို့နှင့် အတူတွေ့ရှိ ခဲ့ပါသည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းသည် ၂၀.၈.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အများသုံး တယ်လီဖုန်းရုံအတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သိမ်းဆည်းပြီး မင်္ဂလာတောင် ညွန့်မြို့မ ရဲစခန်း (ပ)၅၈၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

No comments:

Post a Comment