Monday, August 26, 2013

ဓာတ်ပုံဆရာမကို အဓမ္မပြုကျင့်သူလို့ သံသယဖြစ်သူတွေကို ဖမ်းဆီး


အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုဆန္ဒပြကြ (Credit: Reuters) 
အိန္ဒိယနိုင်ငံ ​မွန်းဘိုင်းမြို့မှာ ​ဓာတ်ပုံဆရာမတစ်ဦး ​အဓမ္မပြုကျင့်ခံရပြီးနောက် ​အဓမ္မမှုမှာ ​ပါဝင်သူလို့ ​ယူဆရသူ ​ငါးယောက်မြောက်လူတစ်ဦးကို ​ရဲတွေက ​ဖမ်းဆီးလိုက်ပြီ ​ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ​ကြာသပတေးနေ့က ​အသက် ​၂၀ ​ဝန်ကျင်းအရွယ် ​အမျိုးသမီးတစ်ဦးဟာ ​လုပ်ဖော်ကိုင်ဖက် ​အမျိုးသားတစ်ဦးနဲ့ ​ဓာတ်ပုံတွေ ​လိုက်ရိုက်နေတုန်း ​လူတစ်စုရဲ့ ​အဓမ္မပြုကျင့်မှုကို ​ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ​ဒီဇင်ဘာလ ​တုန်းကလည်း ​အသက် ​၂၃ ​နှစ်အရွယ် ​တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ​လူတစ်စုရဲ့ ​အဓမ္မပြုကျင့်မှုကို ​ခံရပြီးနောက် ​အိန္ဒိယနိုင်ငံ ​တနံတလျားမှာ ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။
ခုတစ်ကြိမ်လည်း ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြပြီး ​အိန္ဒိယအစိုးရအနေနဲ့ ​အမျိုးသမီးတွေကို ​အကာ အကွယ်ပေး ဖို့ ​တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံရိုက် ​ဆရာမကို ​အဓမ္မပြုကျင့်မှုနဲ့ ​သောကြာနေ့မှာ ​လူတစ်ယောက်ကို ​စတင်ဖမ်းဆီးပြီး ​စနေနေ့ မှာ ​နောက်လူနှစ်ယောက်ကို ​ဖမ်းဆီးခဲ့ပြီးနောက် ​ခုတစ်ခါ ​ငါးယောက်မြောက် ​ပုဂ္ဂိုလ်ကို ​ဖမ်းဆီးခဲ့ တာ ​ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရသူ ​အမျိုးသမီးက ​ဓာတ်ပုံဆရာမဖြစ်ဖို့ ​အလုပ်သင်နေသူဖြစ်ပြီး ​ခုအခါမှာ ​ဆေးကုသမှု ​ခံယူနေတယ်လို့ ​သိရပါတယ်။ ​မဂ္ဂဇင်းတစ်ခုအတွက် ​စွန့်ပစ်ခံထားရတဲ့ ​စက်ရုံတစ်ခုကို ​ဓာတ်ပုံရိုက်နေ တုန်း ​အဓမ္မပြု ​ကျင့်ခံခဲ့ရတာ ​ဖြစ်ပါတယ်။
ဓာတ်ပုံရိုက်နေတဲ့ ​အမျိုးသမီးနဲ့ ​အဖော်ဖြစ်သူကို ​လူငါးယောက်က ​ဝိုင်းလာပြီး ​အဖော်ယောင်္ကျားလေးကို ​ကြိုးချီထားပြီး ​အမျိုးသမီးကိုတော့ ​အဓမ္မပြုကျင့်လိုက်တာ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment