Wednesday, August 14, 2013

မူးယစ်ဆေးသုံးစွဲ သူများကိုသာ ဖမ်းဆီး ရောင်းဝယ် သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု

မူးယစ်ဆေးသုံးစွဲ သူများကိုသာဖမ်းဆီး ရောင်းဝယ် သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု
ရန်ကုန်- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး သုံးစွဲ သူများကိုသာ ဖမ်းဆီးပြီး အဓိက ကျသော ရောင်းချနေသူ များကိုမူ မျက်ကွယ် ပြုထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းသော အစီရင် ခံစာတွင် ဖော်ပြ ထားသည်။
ပြည်တွင်းတွင် မူးယစ်ဆေးဝါးပြဿနာများ ကြီးထွားလာသော်လည်း ဖမ်းဆီးတရားစွဲဆိုခြင်းများ နည်းပါးနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။ “မူးယစ်ဆေးဝါးဆိုလည်း မြင်တွေ့နေတာပဲ။ ဥပမာ ကျွန်တော်တို့တောင်ကြီးသွားတယ်။ လမ်းမှာ လူငယ်တွေ သုံးတာ မြင်တွေ့နေ တာပဲ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ကတော့ အရှိအတိုင်း တင်ပြတာပဲ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကိစ္စရပ်များတွင် အာဏာပိုင်များပါ ၀င်ရောက်လုပ်ဆောင် နေမှုများ ရှိနေကြောင်းလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားဖူးသည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင် ခံစာတွင် ပြည်သူ့ရဲများ အနေဖြင့် လူသတ်မှုများ၊ ဖောက်ထွင်းမှု များတို့ကို မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံ ပစ္စည်း သိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်း စသည်တို့အတွက် ဥပဒေပြဋ္ဌာန်းချက် အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဦးတည်ရမည်ဟု ထောက်ပြ ထားသည်။

သို့သော် ယခုနှစ်အတွင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှုများ ယခင်ထက် ပိုမိုဖော်ထုတ်ဖမ်းဆီးနေပြီး၊ ယခုသုံးလအတွင်းမှာပင် ကလေး၊ တမူး၊ ပျော်ဖွယ်၊ မိတ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့များတွင် မူးယစ်မှုများနှင့် ပါဝင်ပတ်သက်သော ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖော်ထုတ်ဖမ်းဆီးခဲ့ရသည်။ 

ရိုးရာလေး

No comments:

Post a Comment