Tuesday, August 13, 2013

အီရတ်နိုင်ငံ တစ်ဝန်းတွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဓိက ထိုးစစ်ကြီး တစ်ရပ် အစိုးရ စတင်မည် အီရတ်နိုင်ငံ တစ်ဝန်းတွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဓိက ထိုးစစ်ကြီး တစ်ရပ် အစိုးရ စတင်မည်

ဘဂ္ဂဒက် သြဂုတ် ၁၂
အီရတ် ကာကွယ်ရေး ဦးစီးချုပ်နှင့် ၀န်ကြီးချုပ် နျူရီအယ်လ်မာ လီကီတို့သည် နိုင်ငံ တစ်ဝန်းတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးပြီး ၂၀၀ ဦးခန့်ဒဏ်ရာ ရရှိ ခဲ့ပြီးနောက် နိုင်ငံ အနောက်ပိုင်းရှိ ကျယ်ပြန့်သော သဲကန္တာရ အယ်လ်ဂျာဇီရာ ဒေသတွင် အကြမ်းဖက် သမားများအား ရှာဖွေ တိုက်ခိုက်မည့် အဓိက ထိုးစစ် တစ်ရပ်ကို ပြုလုပ်ရန် သဘောတူညီ ခဲ့ကြသည်ဟု နိုင်ငံပိုင် သတင်းဌာန တစ်ခုက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အနေဖြင့် အနောက် သဲကန္တာရနှင့် ဆီးရီးယား နယ်စပ် တစ်လျှောက် လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ အန်အာ ပြည်နယ်နှင့် နိနပေ ပြည်နယ်တို့ရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် နှစ်ခုက အဆိုပါ ပြည်နယ်များရှိ မြို့များ၏ လုံခြုံ ရေးကို အသီးသီး တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခု စစ်ဆင်ရေးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လတွင် အမေရိကန် တပ်ဖွဲ့များ အီရတ် နိုင်ငံမှ ရုပ်သိမ်း သွားပြီးနောက် ပြုလုပ်သော အကြီးမားဆုံး စစ်ဆင်ရေး တစ်ခုဖြစ်ပြီး ဘဂ္ဂဒက် မြို့တော် ၀န်းကျင်၌ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ရန်ကို ကြိုတင်ကာကွယ် ထားခြင်း လည်း ဖြစ်ကြောင်း သိရသည်။

Myawady

No comments:

Post a Comment