Saturday, August 31, 2013

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ဒီဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သြဂုတ်လ(၃၀ ရက်နေ့က ဒီဂျစ်တယ် စာကြည့်တိုက်ဖွင့်လှစ်ခဲ့သည်။

၎င်းစာကြည့်တိုက်ကို တောင်ကိုရီးယားနိုင်ငံ အခြေစိုက်ဆမ်ဆောင်း ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကို အီကာ (KOICA) တို့ ပူးပေါင်းဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ ထိုဒီဂျစ်တယ် စာကြည့်တိုက်ဖွင့်ပွဲကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ 

ဒစ်ဂျစ်တယ်စာကြည့်တိုက်ရှိလာသည့်အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူများသည် ပညာရပ်ဆိုင်ရာ များကို စာရွက်စာတမ်း၊ သင်ရိုးညွှန်းတမ်းများမသုံးဘဲ အလွယ်တကူလေ့လာနိုင်မည်ဖြစ်သည်။ ယခုလို စာကြည့်တိုက်ဖွင့်လှစ်ရခြင်းသည် နည်းပညာပိုင်းဆိုင်ရာများ တိုးတက်လာရန်အတွက် ရည်ရွယ်ကြောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်သင်ကြားပေးနေသည့် မစ္စတာ ရှင်းဂျန်းယွန်းက ပြောသည်။ ဒီဂျစ်တယ်စာကြည့်တိုက်သည် အရင်စာကြည့်တိုက်များနှင့်မတူဘဲ ပိုမိုကောင်းမွန်သည့် နည်းပညာများ ပေါင်းစပ်ထားကြောင်း မစ္စတာ ရှင်းဂျန်းယွန်းက ဆက်ပြောကြားခဲ့ သည်။ ကွန်ပျူတာတက္ကသိုလ်တွင် ယခုလို ဒီဂျစ်တယ်စာကြည့်တိုက် လာရောက်ဖွင့်လှစ်သည့် အတွက် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာရာတွင် အထောက်အကူများစွာ ရကြောင်း ကွန်ပျူတာတက္ကသိုလ်၏ တွဲဖက်ပါမောက္ခ ဒေါက်တာ နန်းဆိုင်မွန်ခမ်းက ပြောသည်။ ဒီဂျစ်တယ် စာကြည့်တိုက်ကို ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြားတက္ကသိုလ်များတွင်လည်း ဆက်လက် ဖွင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment