Saturday, August 31, 2013

အခြေခံပညာရာထူးအပြောင်းအရွှေ့ ပညာရေးမှူးများကို တာဝန်ပေးတော့မည်

ယခုနှစ် အခြေခံပညာကဏ္ဍ၏ ရာထူးအပြောင်းအရွှေ့ကိစ္စရပ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် အတွက် အဆိုပါကိစ္စရပ်များကို ပညာရေးမှူးရုံးများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ပေးထားပြီး ကိုင်တွယ်စေ တော့ မည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဋ္ဌာနမှတစ်ဆင့် သိရသည်။

ယခုလို တာဝန်ပေးအပ်ရခြင်းတွင် ရာထူးအပြောင်းအရွှေ့များကို အမှန်အတိုင်းဖြစ်စေရန်အတွက်ဖြစ်ပြီး လက်ရှိတွင် ရာထူးအပြောင်းအရွှေ့ လျှောက်လွှာများကို ခေါ်ယူနေပြီဖြစ်ကြောင်းသိရသည်။ ယခင်နှစ်များ က အဆိုပါရာထူးအပြောင်းအရွှေ့ကိစ္စများလုပ်ဆောင်ရန် ပညာရေးမှူးရုံးများမှ စာရင်းကောက် ယူပေးပြီး သက်ဆိုင်ရာ ဦးစီးဋ္ဌာနများကို တင်ပြပေးရပြီး အဆိုပါဦးစီးဋ္ဌာနများက အတည်ပြုဆုံးဖြတ် ပေး ရခြင်းဖြစ်ကြောင်း သိရသည်။ အပြောင်းအရွှေ့များကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှ ကွင်းဆင်း စစ်ဆေးပြီး အမှန်အတိုင်းဖြစ်စေဖို့လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူတို့ရဲ့ တင်ပြချက်များကို ရုံးချုပ်မှ အတည်ပြုပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ပညာရေးမှူးရုံးများမှ စာရင်းကောက် ယူတင်ပေးသော်လည်း သက်ဆိုင်ရာဦးစီးဋ္ဌာနမှူးများ၏ ဆုံးဖြတ်ချက် မှားယွင်းမှု အချို့ရှိ လာခြင်းကြောင့် ယခုလိုပညာရေးမှူးများကို လုပ်ပိုင်ခွင့်ပေး လိုက်ခြင်းဖြစ်ကြောင်း ပညာရေးမှူးတစ်ဦးက သုံးသပ်ပြောဆိုခဲ့ကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment