Thursday, August 22, 2013

မိုးသည်းထန် ၍ မိုင်းတုံ၌ ဖုန်းလိုင်းပြတ်

Photo: မိုးသည်းထန်၍ မိုင်းတုံ၌ ဖုန်းလိုင်းပြတ်
Thursday 22nd August 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် ဖုန်းလိုင်းများ သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ပြတ်တောက်
လျက်ရှိကြောင်း မိုင်းတုံဒေသခံများက ပြော ကြားသည်။

မိုးဆက်တိုက်ရွာ၍ တောင်ကျချောင်းရေများကြောင့် မိုင်းတုံနှင့် မိုင်းဆတ်
ကြား မြုပ်ထားသည့် ကေဘယ်ကြိုးများ ပြတ်တောက်နေသည်ဟု ကြားသိရကြောင်း မိုင်းတုံမြို့ခံ ဦးစိုင်းကိမ်ဆိန်းက ပြောကြားသည်။

“အခုထိ ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းကလွဲလို့ ဘာဖုန်းမှ သုံးမရဘူး” ဟု ၎င်းကဆိုသည်။

ရေတိုက်စားသဖြင့် မျောပါလာသည့် အမှိုက် သစ်တုံးများကြောင့် မြေကြီးထဲ
 မြုပ်ထားသည့် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ ပြတ်တောက်နိုင်ပြီး ကြိုးအဆက်နေရာများမှလည်း ပြတ်တောက် ပြုတ်ထွက်နိုင်ကြောင်း မိုင်းတုံဆက်သွယ်ရေး တာဝန်ခံ ဦးမျိုးညွန်က ပြောကြားသည်။

“မိုင်းတုံ-မိုင်းဆတ် ၄၂ မိုင်ကြား ဘယ်နေရာမှာ ပြတ်တယ်ဆိုတာ မသိ
ရသေးဘူး။ မိုင်းဆတ်ဘက်က လိုက်ရှာနေပါတယ်။ ကြိုးဆက်တဲ့စက်က တစ်လုံးပဲရှိတာမို့ တစ်နေရာထဲပြတ်ရင် အကြောင်းမဟုတ်ပေမယ့် ပြတ် တဲ့နေရာများရင်တော့ နည်းနည်းကြာတယ်” ဟု ၎င်းကဆိုသည်။

မိုင်းတုံမြို့တွင် GSM/CDMA 450/800 စနစ်များနှင့် မြေပြင် ဆက်သွယ်ရေး
ဖုန်း စနစ်များရှိရာ ဂြိုဟ်တုလိုင်း တစ်လိုင်းသာ ပြောဆိုနိုင်ပြီး GSM/CDMA 450 မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်လျက် ရှိကြောင်း CDMA 800 မှာ တပ်မတော်မှတစ်ဆင့် ကေဘယ်ကြိုး ပြန်လည် ငှားရမ်းအသုံးပြုသည့်စနစ်ကို ကျင့်သုံးထားကြောင်း ဆက်သွယ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

တောင်များပတ်လည် ဝိုင်းရံထားသည့်မြို့ ဖြစ်သော မိုင်းတုံမြို့သည် မိုးဆက်တိုက်ရွာလျှင် ချောင်းရေကြီးခြင်း၊ လမ်းများပေါ် ရေဖုံးလွှမ်းခြင်း၊
 တောင်ကမ်းပါးယံများ ပြိုကျခြင်း၊ ရေစီးဖြင့် တံတားများ မျောပါခြင်း တို့ ဖြစ်တတ်ကြောင်း၊ မိုင်းတုံ-မိုင်းဆတ်ကြားတွင် တောင်ကျချောင်း ၁၂ ချောင်း ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် ဖုန်းလိုင်း များ သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ပြတ်တောက်လျက်ရှိကြောင်း မိုင်းတုံဒေသခံများက ပြောကြားသည်။
မိုးဆက်တိုက်ရွာ၍ တောင်ကျချောင်းရေများကြောင့် မိုင်းတုံနှင့် မိုင်းဆတ်ကြား မြုပ်ထားသည့် ကေ ဘယ်ကြိုးများ ပြတ်တောက်နေသည်ဟု ကြားသိရကြောင်း မိုင်းတုံမြို့ခံ ဦးစိုင်းကိမ်ဆိန်း က ပြောကြား သည်။

“အခုထိ ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းကလွဲလို့ ဘာဖုန်းမှ သုံးမရဘူး” ဟု ၎င်းကဆိုသည်။

ရေတိုက်စားသဖြင့် မျောပါလာသည့် အမှိုက် သစ်တုံးများကြောင့် မြေကြီးထဲမြုပ်ထားသည့် ဆက် သွယ်ရေး ကေဘယ်လ်ကြိုးများ ပြတ်တောက်နိုင်ပြီး ကြိုးအဆက်နေရာများမှ လည်း ပြတ်တောက် ပြုတ် ထွက်နိုင်ကြောင်း မိုင်းတုံဆက်သွယ်ရေး တာဝန်ခံ ဦးမျိုးညွန်က ပြောကြားသည်။

“မိုင်းတုံ-မိုင်းဆတ် ၄၂ မိုင်ကြား ဘယ်နေရာမှာ ပြတ်တယ်ဆိုတာ မသိရသေးဘူး။ မိုင်းဆတ်ဘက်က လိုက်ရှာနေပါတယ်။ ကြိုးဆက်တဲ့စက်က တစ်လုံးပဲရှိတာမို့ တစ်နေရာထဲပြတ်ရင် အကြောင်းမဟုတ်ပေ မယ့် ပြတ် တဲ့နေရာများရင်တော့ နည်းနည်းကြာတယ်” ဟု ၎င်းကဆိုသည်။

မိုင်းတုံမြို့တွင် GSM/CDMA 450/800 စနစ်များနှင့် မြေပြင် ဆက်သွယ်ရေးဖုန်း စနစ်များရှိရာ ဂြိုဟ်တု လိုင်း တစ်လိုင်းသာ ပြောဆိုနိုင်ပြီး GSM/CDMA 450 မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ဆောင် ရွက်လျက်ရှိကြောင်း CDMA 800 မှာ တပ်မတော်မှတစ်ဆင့် ကေဘယ်ကြိုး ပြန်လည် ငှားရမ်းအသုံးပြု သည့် စနစ်ကို ကျင့်သုံးထားကြောင်း ဆက်သွယ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

တောင်များပတ်လည် ဝိုင်းရံထားသည့်မြို့ ဖြစ်သော မိုင်းတုံမြို့သည် မိုးဆက်တိုက်ရွာလျှင် ချောင်းရေ ကြီးခြင်း၊ လမ်းများပေါ် ရေဖုံးလွှမ်းခြင်း၊ တောင်ကမ်းပါးယံများ ပြိုကျခြင်း၊ ရေစီးဖြင့် တံတားများ မျောပါခြင်း တို့ ဖြစ်တတ်ကြောင်း၊ မိုင်းတုံ-မိုင်းဆတ်ကြားတွင် တောင်ကျချောင်း ၁၂ ချောင်း ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment