Wednesday, August 7, 2013

မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်

Photo: မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်
Wednesday, August 07, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင် တွင် ရောက်ရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခုတစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက် ခဲ့ပြီး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ အတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များ အခြေအနေကို လေ့လာ ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

The Voice Weekly

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင်တွင် ရောက်ရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခု တစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက် ခဲ့ပြီး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ အတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များ အခြေအနေကို လေ့လာ ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment