Thursday, August 15, 2013

ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင် အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ

Photo: ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ
Thursday, 15 August 2013

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်ကောင်အခြေစိုက် Star Cruises (HK) Limited မှ MS. Super Star Libra အပျော်စီးသင်္ဘော လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.ltd က စီစဉ်ခဲ့ခြင်း ဖြစ် သည်။ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော MS. Super Star Libra တွင် ခရီးသည် ၉၆၀၊ သင်္ဘောဝန်ထမ်း ၉၁၄ ဦး လိုက်ပါလာပြီး ခရီးသည် အများစုမှာ မလေးရှား (တရုတ်) လူမျိုးများ ဖြစ်ကြသည်။ အဆိုပါ အပျော်စီး သင်္ဘောသည် ယင်းနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံမှ ခရီးသည် ၁၅ ဦးအား တင်ဆောင်လျက် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

"ကုန်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာခြင်းဟာ အတွေး အမြင်သစ်၊ အတွေ့အကြုံသစ်နဲ့ ဗဟုသုတ အသစ်တွေကို ရရှိစေပါတယ်။ ကျွန်တော်တို့ Myanmar Voyages အနေနဲ့ အမေရိကန်၊ ဥရောပ စတဲ့နိုင်ငံတွေ က မြန်မာနိုင်ငံကို လာရောက်တဲ့ အပျော်စီးသင်္ဘော ခရီးစဉ်တွေ ကို စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်" ဟု Myanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

MS. Super Star Libra အပျော်စီးသင်္ဘောတွင် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် သြဂုတ် ၁၄ ရက်တွင် ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့တွင်း၊ သန်လျင်မြို့နှင့် သန်လျင်ဈေး၊ တိုင်းရင်းသားကျေးရွာ စသည့်နေရာများသို့ တစ်နေ့တာ သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု များကြောင့် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင်ကာ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ သာမက ရေလမ်းခရီးဖြင့်ပါ လာရောက်ခြင်းများ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် ခရီးသွားအများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Azamar နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဗြိတိန်လူမျိုး ခရီးသည်အများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V  Minerva ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
Eleven Media Group
MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


ဟောင်ကောင်အခြေစိုက် Star Cruises (HK) Limited မှ MS. Super Star Libra အပျော်စီးသင်္ဘော လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.ltd က စီစဉ်ခဲ့ခြင်း ဖြစ် သည်။ ကမ္ဘာလှည့် ခရီးသည်တင်အပျော်စီးသင်္ဘော MS. Super Star Libra တွင် ခရီးသည် ၉၆၀၊ သင်္ဘောဝန်ထမ်း ၉၁၄ ဦး လိုက်ပါလာပြီး ခရီးသည်အများစုမှာ မလေးရှား (တရုတ်) လူမျိုးများ ဖြစ်ကြသည်။ အဆိုပါ အပျော်စီး သင်္ဘောသည် ယင်းနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံမှ ခရီးသည် ၁၅ ဦးအား တင်ဆောင်လျက် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဟု သိရ သည်။

"ကုန်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာခြင်းဟာ အတွေး အမြင်သစ်၊ အတွေ့အကြုံသစ်နဲ့ ဗဟုသုတ အသစ်တွေကို ရရှိစေပါတယ်။ ကျွန်တော်တို့ Myanmar Voyages အနေနဲ့ အမေရိကန်၊ ဥရောပ စတဲ့နိုင်ငံတွေ က မြန်မာနိုင်ငံကို လာရောက်တဲ့ အပျော်စီးသင်္ဘော ခရီးစဉ်တွေ ကို စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်" ဟု Myanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

MS. Super Star Libra အပျော်စီးသင်္ဘောတွင် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် သြဂုတ် ၁၄ ရက်တွင် ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့တွင်း၊ သန်လျင်မြို့နှင့် သန်လျင်ဈေး၊ တိုင်းရင်းသားကျေးရွာ စသည့်နေရာများသို့ တစ်နေ့တာ သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု များကြောင့် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင်ကာ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးတက်လာခဲ့ သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ သာမက ရေလမ်းခရီးဖြင့်ပါ လာရောက်ခြင်းများ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် ခရီးသွားအများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Azamar နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဗြိတိန်လူမျိုး ခရီးသည်အများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V  Minerva ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment