Thursday, September 19, 2013

ဆီးရီးယားသူပုန် ဓာတုလက်နက်သုံးကြောင်း ရုရှားက သက်သေပြမယ်


ဆီးရီးယားနိုင်ငံရဲ့ ​ဓာတုလက်နက်မှာ ​ဘယ်ဖက်က ​အသုံးပြုခဲ့တယ် ​ဆိုတာနဲ့ပတ်သက်ပြီး ​ရုရှားနဲ့ ​ပြင်သစ်နိုင်ငံတို့ ​အငြင်းပွားကြပြီးနောက် ​ဓာတုလက်နက်တွေကို ​ဆီးရီးယားသူပုန်တွေ ​အသုံးပြုကြောင်း ​သက်သေသာဓကတွေ ​ဖော်ပြမယ်လို့ ​ရုရှားနိုင်ငံက ​ပြောလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ​အစီရင်ခံစာမှာ ​ဓာတုလက်နက် ​အသုံးပြုခဲ့ကြောင်း ​ပြောဆိုပေမယ့် ​ဆီးရီးယား ​အစိုးရ တပ်က ​အသုံးပြုတာလား၊ ​ဆီးရီးယား ​သူပုန်ဖက်က ​အသုံးပြုတာလား ​ဆိုတာတော့ ​ဖော်ပြထားတာ ​မရှိပါ ဘူး။
ပြင်သစ်နဲ့ ​တချို့နိုင်ငံတွေကတော့ ​ဆီးရီးယားအစိုးရတပ်က ​ဓာတုလက်နက်တွေ ​အသုံးပြုတာလို့ ​စွပ်စွဲတဲ့ အပေါ် ​ဆီးရီးယားအစိုးရရဲ့ ​မဟာမိတ်နိုင်ငံဖြစ်တဲ့ ​ရုရှားနိုင်ငံအငြင်းပွားနေပြီး ​ရုရှားအနေနဲ့ ​ဆီးရီးယား အစိုးရကနေ ​ပံ့ပိုးထားတဲ့ ​အချက်အလက်တွေယူပြီး ​ဓာတုလက်နက်တွေကို ​သူပုန်တွေ အသုံးပြုကြောင်း ​သက်သေထူသွားမယ်လို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂလုံခြုံရေး ​ကောင်စီမှာ ​တင်ပြသွားမယ်လို့ ​ရုရှားနိုင်ငံ ​နိုင်ငံခြားရေး ဝန်ကြီး ​Sergie ​Lavrov ​က ​ပြောပါတယ်။
ရုရှားနိုင်ငံ ​ဒုနိုင်ငံခြားရေး ​ဝန်ကြီးကလည်း ​ကုလသမဂ္ဂရဲ့ ​တွေ့ရှိချက်တွေ ဟာ ​နိုင်ငံရေး ဘက်လိုက်မှု ပါနေပြီး ​တဖက်သတ်ဆန်တယ်လို့လည်း ​ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ​စွပ်စွဲချက်ကို ​ကုလသမဂ္ဂက ​ပယ်ချလိုက်ပြီး ​ကုလသမဂ္ဂအနေနဲ့ ​သေချာစစ်ဆေးပြီးမှ ​ထုတ်ပြန်ထားတဲ့ ​အစီရင်ခံစာဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ​ပြောဆိုမှုကို ​ပြင်သစ်နိုင်ငံက ​ထောက်ခံလိုက်ပြီး ​ရုရှားအစိုးရရဲ့ ​သဘောထားအပေါ် ​အံ့အားသင့်မိတဲ့အကြောင်း ​ရုရှားနိုင်ငံရဲ့ ​လုပ်ရပ်ဟာ ​ကုလသမဂ္ဂအပေါ် ​မေးခွန်းထုတ်နေသလိုနဲ့ ​စုံစမ်းစစ်ဆေးမှုလုပ်ခဲ့သူတွေအပေါ် ​မေးခွန်းထုတ်နေသလို ​ဖြစ်နေတယ်လို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia

No comments:

Post a Comment