Wednesday, September 18, 2013

ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ

Photo: ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ
Wednesday, September 18, 2013

ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။ အကောင်းဆုံးတိုက်စစ်တွဲထဲမှ စပိန်ကလပ်အ သင်းကြီး နှစ်သင်းက တိုက်စစ်တွဲကတော့ ပရိတ်သတ်အကြား ရေ ပန်းစားလျှက် ရှိနေပါသည်။ အားလုံးလည်း သိပြီးဖြစ်မှာပါ ဒီနှစ်ရာသီမှာ အသီးသီး ပြောင်းရွှေ့ လာတဲ့ ဘေးလ် နှင့် နေမားတို့ကြောင့် ဘာစီလိုနာ မှာဆိုရင် မက်ဆီ နှင့် နေမား တိုက်စစ်အတွဲ၊ ရီးရဲလ်မက်ဒရစ်မှာဆို ရင် ရော်နယ်ဒိုလေး နှင့် ဘေးလ်တို့၏ တိုက်စစ်တွဲများဖြစ်တည်လာခဲ့ပြီး ပရိတ်များ အာရုံစိုက် စောင့်ကြည့်ခံရမည့် တိုက်စစ်တွဲများဟု ဆိုရင် လွဲအံ့မထင်ပါ။

မက်ဆီ နှင့် နေမားကတော့ မယုံကြည်နိုင်လောက်အောင် ကလပ်အ သင်းတွေမှာ အစွမ်းပြနေတဲ့ ကစားသမားများဖြစ်ကြပါသည်။ နေမား တစ်ယောက်အနေဖြင့် ကွန်ဖရက်ဒေးရှင်းဖလားအပြီးတွင် ဖရီးကစ်ကန်သွင်းမှု ပိုမိုလေ့ကျင့်နေတာကို တွေ့ရပါတယ်။ နေမးအနေဖြင့် ဘာစီလိုနာ နဲ့ အသားကျဖို့ အစဘဲရှိနေသေးပေမဲ့လည်း သေချာ တာတစ်ခုကတော့ ယခုထက် ပိုမိုပြီး နောက်ပိုင်း ဘာစီလိုနာပွဲတွေမှာ အန္တရာယ်ကစားသမားအဖြစ် ပြိုင်ဘက်အသင်းများကို ဒုက္ခပေးနိုင် လာမည်ဟု ထင်မြင်မိပါသည်။ မက်ဆီရဲ့  ခုလက်ရှိ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီးတော့ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ဘာစီလိုနာမှာ ကြိုက်တဲ့ တိုက်စစ်မှုးများ နဲ့ တွဲကစားနိုင်တဲ့ အရည်အချင်းရှိတာမို့ ခုလို အရည်အသွေးရှိတဲ့ နေမားနဲ့ တွဲဖက်လိုက်ရင် ပိုမိုတောင်ပြောင်လာနိုင်ကြောင်း ထင်မြင်မိကြောင်းပါ။

နောက်တိုက်စစ်တွဲ တစ်ခုကတော့ ရိုနယ်ဒို နှင့် ဂျာရက် ဘေးလ် တို့၏ တိုက်စစ်တွဲပါ။ အထက်အောက် ပြေးဆင်းနိုင်မှု နှင့်အတူ တိကျ မြန်ဆန်လှတဲ့ အဝေးကစ်ဘောတွေ ကောင်းလှတဲ့ လက်ရှိစံချိန်ရှင် နှစ်ယောက်ကတော့ အန်ဆန်လော့တီ၏ ရီးရဲလ်အသင်းတိုက်စစ်အတွက် အားထားရမည့် သူတွေပါ။

ချုပ်ကိုင်ထိန်းချုပ်ကစားရင်လည်း သူတို့က သင့်ကိုနောက်မှာချန်ထား ကာပြေးထွက်သွားတက်ကြပါသေးတယ်။ အလွန်လျှင်မြန်လွန်းလှတဲ့ သူတွေပါ။ လှစ်ခနဲပြေးထွက်ကစားနိုင်ပြီး အသင်းအတွက် များစွာ အားဖြည့်ကစားနိုင်ကြတဲ့ သူတွေပါ။ ဘောလုံးကျွမ်းကျင်မှု ကောင်းလှတဲ့ မက်ဆီ နှင့်နေမားတို့အတွဲက ဒီပြိုင်ပွဲမှာ တောက်ပ လာနိုင်သလို၊ ဘေးလ် နှင့် ရိုနယ်ဒိုလေးတို့ တိုက်စစ်အတွဲကလည်း သူတို့တောက်ပ မှုထက် ပိုမိုကာ အစွမ်းပြ ကစားနိုင်ကြမလားဆိုတာတော့ ကဖေးပရိတ်သတ်ကြီးတို့ စောင့်ကြည့် အားပေးရပေအုံးတော့မည်။

Written by မိုးတိမ်
FOOTBALL CAFE
ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြ ကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။
အကောင်းဆုံးတိုက်စစ်တွဲထဲမှ စပိန်ကလပ်အ သင်းကြီး နှစ်သင်းက တိုက်စစ်တွဲကတော့ ပရိတ်သတ် အကြား ရေပန်းစားလျှက် ရှိနေပါသည်။ အားလုံးလည်း သိပြီးဖြစ်မှာပါ ဒီနှစ်ရာသီမှာ အသီးသီး ပြောင်းရွှေ့ လာတဲ့ ဘေးလ် နှင့် နေမားတို့ကြောင့် ဘာစီလိုနာမှာဆိုရင် မက်ဆီ နှင့် နေမား တိုက်စစ်အတွဲ၊ ရီးရဲလ် မက်ဒရစ်မှာဆို ရင် ရော်နယ် ဒိုလေး နှင့် ဘေးလ်တို့၏ တိုက်စစ်တွဲများဖြစ်တည်လာခဲ့ပြီး ပရိတ်များ အာရုံစိုက် စောင့်ကြည့်ခံရမည့် တိုက်စစ်တွဲများဟု ဆိုရင် လွဲအံ့မထင်ပါ။

မက်ဆီ နှင့် နေမားကတော့ မယုံကြည်နိုင်လောက်အောင် ကလပ်အ သင်းတွေမှာ အစွမ်းပြနေတဲ့ ကစားသမားများဖြစ်ကြပါသည်။ နေမား တစ်ယောက်အနေဖြင့် ကွန်ဖရက်ဒေးရှင်းဖလားအပြီးတွင် ဖရီးကစ်ကန်သွင်းမှု ပိုမိုလေ့ကျင့်နေတာကို တွေ့ရပါတယ်။ နေမးအနေဖြင့် ဘာစီလိုနာ နဲ့ အသားကျဖို့ အစဘဲရှိနေသေးပေမဲ့လည်း သေချာ တာတစ်ခုကတော့ ယခုထက် ပိုမိုပြီး နောက်ပိုင်း ဘာစီလိုနာ ပွဲတွေမှာ အန္တရာယ်ကစားသမားအဖြစ် ပြိုင်ဘက်အသင်းများကို ဒုက္ခပေးနိုင် လာမည်ဟု ထင်မြင်မိ ပါသည်။ မက်ဆီရဲ့  ခုလက်ရှိ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီးတော့ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ဘာစီလိုနာမှာ ကြိုက်တဲ့ တိုက်စစ်မှုးများ နဲ့ တွဲကစားနိုင်တဲ့ အရည်အချင်းရှိတာမို့ ခုလို အရည်အသွေး ရှိတဲ့ နေမားနဲ့ တွဲဖက်လိုက်ရင် ပိုမိုတောင်ပြောင်လာနိုင်ကြောင်း ထင်မြင်မိကြောင်းပါ။

နောက်တိုက်စစ်တွဲ တစ်ခုကတော့ ရိုနယ်ဒို နှင့် ဂျာရက် ဘေးလ် တို့၏ တိုက်စစ်တွဲပါ။ အထက်အောက် ပြေး ဆင်းနိုင်မှု နှင့် အတူ တိကျ မြန်ဆန်လှတဲ့ အဝေးကစ်ဘောတွေ ကောင်းလှတဲ့ လက်ရှိစံချိန်ရှင် နှစ်ယောက်ကတော့ အန်ဆန်လော့တီ၏ ရီးရဲလ်အသင်းတိုက်စစ်အတွက် အားထားရမည့် သူတွေပါ။

ချုပ်ကိုင်ထိန်းချုပ်ကစားရင်လည်း သူတို့က သင့်ကိုနောက်မှာချန်ထား ကာပြေးထွက်သွားတက်ကြပါသေး တယ်။ အလွန်လျှင်မြန်လွန်းလှတဲ့ သူတွေပါ။ လှစ်ခနဲပြေးထွက်ကစားနိုင်ပြီး အသင်းအတွက် များစွာ အားဖြည့်ကစားနိုင်ကြတဲ့ သူတွေပါ။ ဘောလုံးကျွမ်းကျင်မှု ကောင်းလှတဲ့ မက်ဆီ နှင့်နေမားတို့အတွဲက ဒီပြိုင်ပွဲမှာ တောက်ပ လာနိုင်သလို၊ ဘေးလ် နှင့် ရိုနယ်ဒိုလေးတို့ တိုက်စစ်အတွဲကလည်း သူတို့တောက်ပ မှုထက် ပိုမိုကာ အစွမ်းပြ ကစားနိုင်ကြမလားဆိုတာတော့ ကဖေးပရိတ်သတ်ကြီးတို့ စောင့်ကြည့် အားပေးရပေအုံးတော့မည်။

Written by မိုးတိမ်
FOOTBALL CAFE

No comments:

Post a Comment