Friday, September 27, 2013

တရုတ် ပြည် မှာ ပတူ ကိုက်လို့  လူ ၃၀ ကျော် သေဆုံး ၊ မုတ်သုံရာသီ ဥတု ဒေသ များ တွင် ပတူ အန္တရာယ် သတိရှိရန် ကမ္ဘာ့  ကျန်းမာရေး အဖွဲ့  က နှိုးဆော်

၂၇.၉.၂၀၁၃၊ သောကြာနေ့

တရုတ် ပြည် တောင်ပိုင်း ရှန်စီ ပြည်နယ် မှာ ပတူ ကောင် ကိုက် လို့  လူ ၆၀၀ ကျော် ဒဏ် ရာရရှိ ပြီး ၃၀ ကျော် သေဆုံး သွားခဲ့ ပြီ ဖြစ် ပါတယ်။ ဇူလိုင် လဆန်း ထဲ က ကြီးထွား ပေါက် ဖွား နှုန်း မြန်လာ တဲ့ ပတူ ကောင် တွေ ဟာ အဲဒီ ဒေသ က လယ်သမား တွေ ၊ ကျောင်း နေ ကလေး တွေ နဲ့  ဒေသခံ တွေ ကို တိုက်ခိုက် ခဲ့ တာ ဖြစ်ပါတယ်။ 

ပတူတိုက်ခိုက်မှု ကြောင့် ကျောက်ကပ် ပျက်စီး ပြီး ဆေးရုံ တက်နေရသူ တစ်ဦး က သူတို့  က ပို ပြေး လေ ပိုလိုက် လေ ပဲ လို့  ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။

အာရှတိုက် ပတူ ကောက် တွေ ဟာ နှစ်လ မ ကျော် အရွယ် ထိ ကြီး ထွား နိုင်ကာ ပို ပြီး တော့ အဆိပ် ပြင်း ပြီး လူရဲ့  အသား ကို ခဏ အတွင်း မှာ ပျက် စီး စေ နိုင် တဲ့ အား အပြင်း ဆုံး အဆိပ် ကို ထုတ် နိုင်တယ် လို့  အင်းဆက် လေ့လာ တဲ့ သိပ္ပံ ပညာ ရှင် တွေ က ပြော ပါတယ်။

Vespa mandarinia ဆို တဲ့ ပတူကောင် ကောက်မျိုးဟာ အာရှ တိုက်မှာ ပေါက် ဖွား တဲ့ အဆိပ် အပြင်း ဆုံး အင်းဆက် မျိုး ဖြစ်ကာ တရုတ် နဲ့  အရှေ့ တောင် အာရှ နိုင်ငံ တွေ မှာ ကျက်စားတတ်ပါတယ်။

FNG

No comments:

Post a Comment