Saturday, September 14, 2013

ရွှေတိဂုံစေတီကို ကြေးလေးတန်ဖြင့် ရွှေသင်္ကန်း ကပ်လှူမည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သုံးစွဲပြီးဖြစ်သော ကြေးဖြတ် စလေးတန်ကို ပြန်လည် ကျိုချက်ကာ ကြေးနီပြားများ ပြုလုပ်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော် သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေ တီတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြကာ ပြန်လည် ဖြေကြားသည်။
ယင်းကြေးပြားများကို မျက်ပါးသင်္ကန်းများ ကပ်လှူထားသော စေတီတော်၏ ပထမကြေးဝန်းနှင့် ဒုတိယကြေး ဝန်းတွင် ရွှေစင်ပြား (Gold Coating) အသစ်ကပ်လှူရန်နှင့် ယခင်က ကပ်လှူခဲ့သော ၅၀ ရာခိုင်နှုန်း ပျက်စီးသည့် ရွှေစင်ပြားများအား အစားထိုး ကပ်လှူရန် ယင်းစေတီတော် ဝက်ဘ်ဆိုက် မှ ပြန်လည်ဖြေကြားခဲ့ သည်။ ရွှေပြားခတ်လုပ်ငန်းများမှ အသုံးပြုပြီး ကြေးဘောင်၊ ကြေးပြားနှင့် ဖြတ် စ များ ကို ပြန်လည်ကျိုကြိတ်၍ တစ်ပေပတ်လည်နှင့် ဆယ်လက်မပတ်လည် ကြေးနီပြား များ ပြုလုပ်၍ ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူသွား မည်ဖြစ်ကြောင်း ယင်းစေတီ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။ ကြေးနီပြားများ ကျိုချက်ခြင်း လုပ်ငန်း အတွက် စေတီဂေါပက အဖွဲ့က တင်ဒါခေါ်ယူလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် သိရသည်။ လျှောက်ထားသူ လုပ်ငန်းရှင်များ ထဲမှ ဈေးအနည်းဆုံးနှင့် ပစ္စည်းအရည်အသွေး ကိုက်ညီသူ လုပ်ငန်းရှင်တစ်ဦးကို ရွေးချယ်ကာ ကြေးဖြတ်စလေးတန်ကို ပြုလုပ်တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်းလည်း စေတီဝက်ဘ်ဆိုက်မှတစ်ဆင့် ဖြေကြားသည်။

ဈေးပြိုင်တင်ဒါ တင်သွင်းလာသူများသည် စက်တင်ဘာလ ၂၀၊ ၂၃၊ ၂၄ ရက်နေ့တို့တွင် (ရုံးချိန်အတွင်း) စေတီတော် ဂေါပကအဖွဲ့ရုံး ရွှေနှင့် ရတနာဌာန၌ လျှောက်လွှာများကို တစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူကာ သယ်ယူရမည့် ကြေးစများကို ကြည့်ရှု စစ်ဆေးနိုင်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။ တင်ဒါရရှိပြီးသူသည် ကြေးတို၊ ကြေးစများ သယ်ယူခြင်း၊ ကြေးနီရော ကျိုချက်ခြင်းနှင့် ဂေါပကအဖွဲ့သို့ ကြေးနီပြားများ ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် တင်ဒါများကို ဖွင့်ဖောက်ရွေးချယ် မည် ဖြစ်သောကြောင့် ယင်းနေ့ မွန်းလွဲ ၁ နာရီမတိုင်ခင် တင်သွင်းရ မည် ဖြစ်ကြောင်း စေတီတော် ဂေါပ က အဖွဲ့ က ကြေညာထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment