Sunday, September 1, 2013

လွှတ်တော် အမတ်တွေ အခွင့်ထူး ခံစားနေလို့ အီရတ်မှာ ဆန္ဒပြ

Photo: လွှတ်တော် အမတ်တွေ အခွင့်ထူး ခံစားနေလို့ အီရတ်မှာ ဆန္ဒပြ

စက်တင်ဘာလ ၁ ရက် ၂၀၁၃

အီရတ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက သူတို့အဆိုအရ လွှတ်တော် အမတ်တွေဟာ အကြီးအကျယ် အခွင့်ထူး ခံစားနေကြတယ်လို့ ဆိုပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားက ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အီရတ်မှာ လွှတ်တော် အမတ်တွေဟာ တခြားသူတွေထက်ကို အလွန်အကျွံ ပိုများတဲ့ ၊ လစဉ် ပင်စင်ခံစားခွင့် ဒေါ်လာ ထောင်နဲ့ချီပြီး ရရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေရှည် ခံစားလာခဲ့ရတဲ့ အဂတိ လိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာ ၊ အစိုးရရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတာတွေကို နိုင်ငံတဝှမ်းမှာ ဖော်ထုတ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ အီရတ်မှာ လတ်တလော ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူဆယ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘဂ္ဂဒက်မြို့က ဗလီတခုမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဝပ်ပြုနေသူ ငါးယောက် သေဆုံးသွားပြီး၊ နိုင်ငံ အနောက်ပိုင်း ရာမာဒီ မြို့မှာလည်း အသေခံ ဗုံးခွဲ သမားရဲ့ တိုက်ခိုက်မှုကြောင့် လူငါးယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

BBC
အီရတ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက သူတို့အဆိုအရ လွှတ်တော် အမတ်တွေဟာ အကြီး အကျယ် အခွင့်ထူး ခံစားနေကြတယ်လို့ ဆိုပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားက ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါတယ်။

အီရတ်မှာ လွှတ်တော် အမတ်တွေဟာ တခြားသူတွေထက်ကို အလွန်အကျွံ ပိုများတဲ့ ၊ လစဉ် ပင်စင်ခံစားခွင့် ဒေါ်လာ ထောင်နဲ့ချီပြီး ရရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေရှည် ခံစားလာခဲ့ရတဲ့ အဂတိ လိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာ ၊ အစိုးရရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတာတွေကို နိုင်ငံတဝှမ်းမှာ ဖော်ထုတ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ အီရတ်မှာ လတ်တလော ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူဆယ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘဂ္ဂဒက်မြို့က ဗလီတခုမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဝပ်ပြုနေသူ ငါးယောက် သေဆုံးသွားပြီး၊ နိုင်ငံ အနောက်ပိုင်း ရာမာဒီ မြို့မှာလည်း အသေခံ ဗုံးခွဲ သမားရဲ့ တိုက်ခိုက်မှုကြောင့် လူငါးယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

BBC

No comments:

Post a Comment