Tuesday, September 10, 2013

ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူနိုင်ပြီ ဖြစ်သည့် အတွက် နောက်ထပ်ဥပဒေများ ပြဋ္ဌာန်းရန် မလိုကြောင်း အသင်းအဖွဲ့များ ထုတ်ပြန်


Photo: ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူနိုင်ပြီ ဖြစ်သည့် အတွက် နောက်ထပ်ဥပဒေများ ပြဋ္ဌာန်းရန် မလိုကြောင်း အသင်းအဖွဲ့များ ထုတ်ပြန်
Tuesday, September 10, 2013

တရားဥပဒေ စိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် တည်ဆဲဥပဒေအရ မည်သည့် အဖွဲ့အစည်းမဆို ရိုးဖြောင့်မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ် နိုင်ခြင်းများ ရှိသည့်အတွက် အသင်းအဖွဲ့များအတွက် ထပ်မံ၍ နှစ်ထပ်ကွမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု မယုံကြည်ကြောင်း နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့များက စက်တင်ဘာ ၈ ရက်တွင် ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

ဇူလိုင် ၂၇ ရက်က အစိုးရက ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသင်းအဖွဲ့များမှ စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ နာရေးကူညီမှု အသင်းတွင် ကန့်ကွက်သည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက်ရှစ်ချက် ပါဝင်ပြီး ဥပဒေအသစ် မဖြစ်မနေ ပြဋ္ဌာန်းမည် ဆိုပါက မှတ်ပုံတင်ခြင်းထက် သက်ဆိုင်သည့် အပိုင်းထက် မပိုသင့်ကြောင်းနှင့် မှတ်ပုံမတင်မနေရ မဟုတ်ဘဲ မှတ်ပုံတင်လိုက တင်နိုင်ကြောင်း၊ အသင်းအဖွဲ့ လှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် သတ်မှတ်ခြင်းများ မပြုလုပ်ရန်၊ ထို့အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ နောက်ဆက်တွဲ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ မလိုလားအပ်သော ထိန်းချုပ်မှုများ မပြုလုပ်ရန် စသည့်အချက်များ ကြေညာချက် တွင် ဖော်ပြခဲ့သည်။

စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအ ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည် ကို တွေ့ရကြောင်း...
 
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အစိုးရက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကန့်သတ်ချုပ် ချယ်သည့် ဥပဒေဖြစ်နေခြင်းကြောင့် စတင်ထုတ်ပြန်သည့် အချိန်ကပင် ကန့်ကွက်မှုများရှိခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ် ထပ်မံရေးဆွဲပေးရန်နှင့် လက်ရှိတင်ပြ ထားသည့် ဥပဒေကြမ်းအား လွှတ်တော်လုပ်ထုံး လုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။

တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည်ကို တွေ့ရကြောင်းနှင့် ယခုအစိုးရသစ် လက်ထက်တွင် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ ကန့်ကွက်မှုများ ပြုလုပ်ခွင့်ရှိသည်ဟု မယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

၁၉၈၈ ခုနှစ် န၀တ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ တွင် ပြစ်ဒဏ်အနေဖြင့် ထောင် ဒဏ်ငါးနှစ်အထိ ပါဝင်ခြင်း၊ ပြည်ထဲရေးနှင့် သာသနာရေးတို့တွင် မှတ်ပုံတင်ရာ တွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်းများဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို ကန့်သတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group
တရားဥပဒေ စိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် တည်ဆဲဥပဒေအရ မည်သည့် အဖွဲ့အစည်းမဆို ရိုးဖြောင့် မှန်ကန်မှု မရှိပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ် နိုင်ခြင်းများ ရှိသည့် အတွက် အသင်းအဖွဲ့များအတွက် ထပ်မံ၍ နှစ်ထပ်ကွမ်း ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု မယုံကြည်ကြောင်း နိုင်ငံလုံး ဆိုင်ရာ အသင်းအဖွဲ့များက စက်တင်ဘာ ၈ ရက်တွင် ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

ဇူလိုင် ၂၇ ရက်က အစိုးရက ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသင်းအဖွဲ့များမှ စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ နာရေးကူညီမှု အသင်းတွင် ကန့်ကွက်သည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး ဘုံသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက်ရှစ်ချက် ပါဝင်ပြီး ဥပဒေအသစ် မဖြစ်မနေ ပြဋ္ဌာန်းမည် ဆိုပါက မှတ်ပုံတင်ခြင်းထက် သက်ဆိုင်သည့် အပိုင်းထက် မပိုသင့်ကြောင်းနှင့် မှတ်ပုံမတင်မနေရ မဟုတ်ဘဲ မှတ်ပုံတင်လိုက တင်နိုင်ကြောင်း၊ အသင်းအဖွဲ့ လှုပ်ရှားမှုကို ကန့်သတ်ချုပ်ချယ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် သတ်မှတ်ခြင်းများ မပြုလုပ်ရန်၊ ထို့အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ နောက်ဆက်တွဲ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ မလိုလားအပ်သော ထိန်းချုပ်မှုများ မပြုလုပ်ရန် စသည့်အချက်များ ကြေညာချက် တွင် ဖော်ပြခဲ့သည်။

စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအ ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည် ကို တွေ့ရကြောင်း...

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အစိုးရက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကန့်သတ်ချုပ် ချယ်သည့် ဥပဒေဖြစ်နေခြင်းကြောင့် စတင်ထုတ်ပြန်သည့် အချိန်ကပင် ကန့်ကွက်မှုများရှိခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ် ထပ်မံရေးဆွဲပေးရန်နှင့် လက်ရှိတင်ပြ ထားသည့် ဥပဒေကြမ်းအား လွှတ်တော်လုပ်ထုံး လုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။

တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတို့ မလိုက်နာနိုင်သော ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပယ်ဖျက်ပေး ရန်နှင့် ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်းချုပ်ခြင်း ပြုသည်ကို တွေ့ရကြောင်းနှင့် ယခုအစိုးရသစ် လက်ထက်တွင် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ ကန့်ကွက်မှုများ ပြုလုပ် ခွင့်ရှိသည်ဟု မယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

၁၉၈၈ ခုနှစ် န၀တ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ တွင် ပြစ်ဒဏ်အနေဖြင့် ထောင် ဒဏ်ငါးနှစ်အထိ ပါဝင်ခြင်း၊ ပြည်ထဲရေးနှင့် သာသနာရေး တို့တွင် မှတ်ပုံတင်ရာတွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်းများဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို ကန့်သတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment