Monday, September 16, 2013

"ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ .

Photo: "ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ .
Monday, September 16, 2013

လာမယ့်၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် ကောက် ယူ မယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်း မစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ လွတ်တော်အဆောက်ဦးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့တာကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ.

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သန်းခေါင်းစာရင်းကောက် ယူနိုင်ဖို့ အတွက် နှစ်ဖက် ခေါင်းဆောင်တွေအပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးခင်ရီကပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ သူတွေကို အခြား လူမျိုးစာရင်းထဲမှာ ထည့်သွင်းကောက်ယူ သွားမှာဖြစ်တယ်လို့ လဲ ပြောပါတယ်။ ပြည်လုံးကျွတ် သန်းခေါင် စာ ရင်း ကောက်ယူမှုကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အသုံးပြု ပြီး လာမယ့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေထိ ၁၂ရက် ကြာပြုလုပ် သွားမယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့်၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်း မစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ လွတ်တော်အဆောက်ဦးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့တာ ကို ပြည်ထောင် စု ၀န်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ.

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သန်းခေါင်းစာရင်းကောက် ယူနိုင်ဖို့အတွက် နှစ် ဖက် ခေါင်းဆောင်တွေ အပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးခင်ရီကပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ သူတွေကို အခြား လူမျိုးစာရင်းထဲမှာ ထည့်သွင်းကောက်ယူ သွားမှာဖြစ်တယ်လို့ လဲ ပြောပါတယ်။ ပြည်လုံးကျွတ် သန်းခေါင် စာ ရင်း ကောက်ယူမှုကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အသုံးပြု ပြီး လာမယ့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေထိ ၁၂ရက် ကြာပြုလုပ် သွားမယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment