Monday, September 16, 2013

ဒီမို ကရေစီတွင် မတူ ကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေး၊ ဖျောင်းဖျ တိုက်တွန်း၊ စေ့စပ်ညှိနှိုင်း ဆွေးနွေး ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့ အသံမြှင့်တင် ပေးနိုင်ရေး အားပေး တိုက်တွန်း

Photo: ဒီမို ကရေစီတွင် မတူ ကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ
ဆွေးနွေး၊ ဖျောင်းဖျ တိုက်တွန်း၊ စေ့စပ်ညှိနှိုင်း ဆွေးနွေး ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့ အသံမြှင့်တင် ပေးနိုင်ရေး အားပေး တိုက်တွန်း
Monday, September 16, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂ဝ၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ ခဲ့သည်။

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-

၂ဝ၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာပြည်သူ ပြည်သားများ အနေဖြင့် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေး လုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက် ၍ ဒီမိုကရေစီ၏ အနှစ်သာရ များကို အပြည့်အဝ ရရှိခံစား နိုင်ကြပါ စေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒီမိုကရေစီ စနစ် ကျင့်သုံး အကောင်အထည် ဖော်နိုင်ရေးအတွက် ၂ဝဝ၇ခုနှစ် (၆၂)ကြိမ် မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် ဒီမိုကရေစီ စနစ်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် လည်းကောင်း၊ အစိုးရများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မြှင့်တင် ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ အကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်နိုးကြား နေစေရန်အတွက် လည်းကောင်း၊ ဒီမိုကရေစီ စနစ်မြှင့်တင် ကျင့်သုံးမှုကို လက်ရှိ အခြေ အနေတွင် သာမက အနာဂတ်တွင်လည်း အစဉ်အမြဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးသည့် ရည်ရွယ် ချက် များဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၅ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်၍ အခမ်း အနားများ ကျင်းပရန် အတည်ပြု သတ်မှတ်ခဲ့ပါသည်။

ဒီမိုကရေစီ ဆိုသည်မှာ မိမိတို့ လူ့ဘောင် အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများ အားလုံး ပါဝင်နိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြသခွင့်ပြုထားသော တစ်ကမ္ဘာလုံးက လက်ခံထားသည့် အယူအဆ တစ်ရပ် ဖြစ်ပါ သည်။ နေထိုင် ရာ ဒေသ၊ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေဘဲ ပြည်သူများ ပေါင်းစည်း နေထိုင် နိုင်သည့် အယူအဆ တစ်ရပ် လည်း ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည့် အယူအဆသည် လွယ်ကူစွာ ဖော်ဆောင် နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ပြီးပြည့်စုံသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ဒီမိုကရေစီတွင် အပြီးသတ် ပန်းတိုင် မရှိပါ။ ထို့ကြောင့် ပြောင်းလဲနေသော အခြေ အနေ များနှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရန် လိုအပ် သကဲ့သို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ်ကြေအေးမှုများလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ဆီသို့ ခိုင်မာသည့် ရည်မှန်းချက်ဖြင့် ဦးတည် ချီတက်နေသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်သူ များသည် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော် တစ်ရပ် တည်ဆောက်ရန် စွန့်စွန့်စားစားဖြင့် စတင် လျှောက်လှမ်း နေကြခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများမှ စတင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားရေး ပြန်လည်စည်းလုံး ညီညွတ်ရေး ကြိုးပမ်း အားထုတ် မှု များဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်နေပြီး ကျွန်တော်တို့၏ ဒီမိုကရေစီ စံနှုန်းများ တိုးတက်မှု ရှိအောင် ဖော်ဆောင်လျက် ရှိပါသည်။

သို့သော် ဒီမိုကရေစီ ဆိုသည်မှာ အစိုးရများကသာ ဆုံးဖြတ်လုပ်ကိုင်ရခြင်း မဟုတ်ဘဲ နိုင်ငံသားများ ကပါ ၎င်းတို့ကို အုပ်ချုပ်စေ လိုသည့် စနစ်များနှင့် တန်ဖိုးများကို အတူတကွ ပါဝင် ဆုံးဖြတ်စေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်း မှုသည် ဗဟိုဦးစီး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ဖြစ်သည့်အတွက် မြန်မာ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တည်ဆောက် အကောင်အထည် ဖော်ရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ပြည်သူ့အသံကို ကြားရစေရန်နှင့် ၎င်းတို့ကို မည်သို့ အုပ်ချုပ် စေလိုသည် ဆိုသည်ကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်စေရန် ရည်သန်ကာ ယခုနှစ်တွင် ''ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး'' "Strengthening Voices for Democracy" ဟူသော ဦးတည်ချက် အနှစ်သာရဖြင့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ ပြည်သူများသည် မိမိတို့၏ အခွင့်အရေးများ တိုးတက် ရရှိစေရန်၊ မိမိတို့၏ အသံများကို ပြည်သူ့ရေး ရာ စီမံခန့်ခွဲမှု ရေးရာများ၌ ပါဝင်စေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် ပါဝင်ခွင့် ရရန်အတွက် ကနဦး ဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်နိုင်ပြီ ဖြစ်သော်လည်း ထိုသို့ထုတ်ဖော်ရာ တွင် အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသောနည်းလမ်းဖြင့် ထုတ် ဖော်ကြရမည်ဖြစ်သကဲ့သို့ တစ်ဦးကို တစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှု မျိုးကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ရင့်သန် ဖွံ့ဖြိုးလိုပါက လူ့ဘောင် အဖွဲ့အစည်းကို ပုံဖော်ပေးမည့် နည်းလမ်းများဖြစ်သော တာဝန်ခံမှု၊ ပွင့်လင်းမြင်သာ ရှိမှု၊ ဒီမိုကရက်တစ် စနစ်တွင်ရှိရမည့် လွတ်လပ်မှုများကို ဟန်ချက်ညီ ကျင့်သုံး တတ်စေရန် ကျွန်တော်တို့ အားလုံး လေ့လာ ကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း နောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ အစုအဖွဲ့ များနှင့် ပြည်သူများအားလုံး တစ်နည်းဆိုသော သက်ဆိုင်သူများ အားလုံး (Stake holders) ၏ ဒီမိုကရေစီ ဖော်ဆောင် နိုင်မှု အပေါ်တွင် မူတည်ကာ ပုံစံ အမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြားသော်လည်း စိတ်နေစိတ်ထား ရင့်ကျက် ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ စည်းကမ်းနှင့် ဒီမိုကရေစီ တို့သည် ခွဲခြားမရသော ဖြစ်စဉ်များ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ တော်သည် မကြုံဖူးခဲ့သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ဖြင့် လျှောက်လှမ်း ချီတက် ရာတွင် များပြားလှသည့် မရေရာ မသေချာမှုများ၊ ကြီးမားသည့် စိန်ခေါ်မှုများနှင့် အဟန့်အတား များကို ကြုံတွေ့ ကြရပါသည်။ ၎င်းစိန်ခေါ်မှုများကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို အခြေခံ၍ မှန်ကန်သည့် စေတနာဖြင့် ရင်ဆိုင် ဖြေရှင်း ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ ယနေ့ကြုံတွေ့ နေရသည့် ပဋိ ပက္ခများ၊ အခက်အခဲ အကျပ်အတည်း များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ မဖြစ်မနေ ကြုံတွေ့ရမည့် စိန်ခေါ်မှု ပြဿနာများ ပင်ဖြစ်ပြီး အလားတူ စိန်ခေါ်မှု များရှိ နေသကဲ့သို့ အခွင့်အလမ်း ကောင်းများလည်း ရှိနေပါသည်။ ထိုအခွင့် အလမ်း ကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားသွားရန် လိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-
ယနေ့ ကျင်းပသည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခါ သမယနှင့် အခွင့်အခါ ကြုံကြိုက်ချိန်တွင် ပြည်သူများ အနေဖြင့် ဒီမို ကရေစီတွင် ပါဝင်သော မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊
ဖျောင်းဖျ တိုက်တွန်းခြင်းနှင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်း များတွင် ပါဝင်ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့် တင် ပေးနိုင်ရေး အတွက် အားပေးတိုက်တွန်း လိုက်ရ ပေသည်။

မြ၀တီ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂ဝ၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-
၂ဝ၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယ တွင် မြန်မာပြည်သူ ပြည်သားများ အနေဖြင့် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေး လုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက် ၍ ဒီမိုကရေစီ၏ အနှစ်သာရ များကို အပြည့်အဝ ရရှိခံစား နိုင်ကြပါ စေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒီမိုကရေစီ စနစ် ကျင့်သုံး အကောင်အထည် ဖော်နိုင်ရေးအတွက် ၂ဝဝ၇ခုနှစ် (၆၂)ကြိမ် မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် ဒီမိုကရေစီ စနစ်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် လည်းကောင်း၊ အစိုးရများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မြှင့်တင် ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ အကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်နိုးကြား နေစေရန်အတွက် လည်းကောင်း၊ ဒီမိုကရေစီ စနစ်မြှင့်တင် ကျင့်သုံးမှုကို လက်ရှိ အခြေ အနေတွင် သာမက အနာဂတ်တွင်လည်း အစဉ်အမြဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးသည့် ရည်ရွယ် ချက် များဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၅ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်၍ အခမ်း အနားများ ကျင်းပရန် အတည်ပြု သတ်မှတ်ခဲ့ပါသည်။

ဒီမိုကရေစီ ဆိုသည်မှာ မိမိတို့ လူ့ဘောင် အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများ အားလုံး ပါဝင်နိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြသခွင့်ပြုထားသော တစ်ကမ္ဘာလုံးက လက်ခံထားသည့် အယူအဆ တစ်ရပ် ဖြစ်ပါ သည်။ နေထိုင် ရာ ဒေသ၊ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေဘဲ ပြည်သူများ ပေါင်းစည်း နေထိုင် နိုင်သည့် အယူအဆ တစ်ရပ် လည်း ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည့် အယူအဆသည် လွယ်ကူစွာ ဖော်ဆောင် နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ပြီးပြည့်စုံသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ဒီမိုကရေစီတွင် အပြီးသတ် ပန်းတိုင် မရှိပါ။ ထို့ကြောင့် ပြောင်းလဲနေသော အခြေ အနေ များနှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရန် လိုအပ် သကဲ့သို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ်ကြေအေးမှုများလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ဆီသို့ ခိုင်မာသည့် ရည်မှန်းချက်ဖြင့် ဦးတည် ချီတက်နေသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်သူ များသည် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော် တစ်ရပ် တည်ဆောက်ရန် စွန့်စွန့်စားစားဖြင့် စတင် လျှောက်လှမ်း နေကြခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများမှ စတင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားရေး ပြန်လည်စည်းလုံး ညီညွတ်ရေး ကြိုးပမ်း အားထုတ် မှု များဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်နေပြီး ကျွန်တော်တို့၏ ဒီမိုကရေစီ စံနှုန်းများ တိုးတက်မှု ရှိအောင် ဖော်ဆောင်လျက် ရှိပါသည်။

သို့သော် ဒီမိုကရေစီ ဆိုသည်မှာ အစိုးရများကသာ ဆုံးဖြတ်လုပ်ကိုင်ရခြင်း မဟုတ်ဘဲ နိုင်ငံသားများ ကပါ ၎င်းတို့ကို အုပ်ချုပ်စေ လိုသည့် စနစ်များနှင့် တန်ဖိုးများကို အတူတကွ ပါဝင် ဆုံးဖြတ်စေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်း မှုသည် ဗဟိုဦးစီး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ဖြစ်သည့်အတွက် မြန်မာ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တည်ဆောက် အကောင်အထည် ဖော်ရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ပြည်သူ့အသံကို ကြားရစေရန်နှင့် ၎င်းတို့ကို မည်သို့ အုပ်ချုပ် စေလိုသည် ဆိုသည်ကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်စေရန် ရည်သန်ကာ ယခုနှစ်တွင် ''ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး'' "Strengthening Voices for Democracy" ဟူသော ဦးတည်ချက် အနှစ်သာရဖြင့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ ပြည်သူများသည် မိမိတို့၏ အခွင့်အရေးများ တိုးတက် ရရှိစေရန်၊ မိမိတို့၏ အသံများကို ပြည်သူ့ရေး ရာ စီမံခန့်ခွဲမှု ရေးရာများ၌ ပါဝင်စေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် ပါဝင်ခွင့် ရရန်အတွက် ကနဦး ဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်နိုင်ပြီ ဖြစ်သော်လည်း ထိုသို့ထုတ်ဖော်ရာ တွင် အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသောနည်းလမ်းဖြင့် ထုတ် ဖော်ကြရမည်ဖြစ်သကဲ့သို့ တစ်ဦးကို တစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှု မျိုးကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ရင့်သန် ဖွံ့ဖြိုးလိုပါက လူ့ဘောင် အဖွဲ့အစည်းကို ပုံဖော်ပေးမည့် နည်းလမ်းများဖြစ်သော တာဝန်ခံမှု၊ ပွင့်လင်းမြင်သာ ရှိမှု၊ ဒီမိုကရက်တစ် စနစ်တွင်ရှိရမည့် လွတ်လပ်မှုများကို ဟန်ချက်ညီ ကျင့်သုံး တတ်စေရန် ကျွန်တော်တို့ အားလုံး လေ့လာ ကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း နောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ အစုအဖွဲ့ များနှင့် ပြည်သူများအားလုံး တစ်နည်းဆိုသော သက်ဆိုင်သူများ အားလုံး (Stake holders) ၏ ဒီမိုကရေစီ ဖော်ဆောင် နိုင်မှု အပေါ်တွင် မူတည်ကာ ပုံစံ အမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြားသော်လည်း စိတ်နေစိတ်ထား ရင့်ကျက် ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ စည်းကမ်းနှင့် ဒီမိုကရေစီ တို့သည် ခွဲခြားမရသော ဖြစ်စဉ်များ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ တော်သည် မကြုံဖူးခဲ့သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ဖြင့် လျှောက်လှမ်း ချီတက် ရာတွင် များပြားလှသည့် မရေရာ မသေချာမှုများ၊ ကြီးမားသည့် စိန်ခေါ်မှုများနှင့် အဟန့်အတား များကို ကြုံတွေ့ ကြရပါသည်။ ၎င်းစိန်ခေါ်မှုများကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို အခြေခံ၍ မှန်ကန်သည့် စေတနာဖြင့် ရင်ဆိုင် ဖြေရှင်း ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ ယနေ့ကြုံတွေ့ နေရသည့် ပဋိ ပက္ခများ၊ အခက်အခဲ အကျပ်အတည်း များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ မဖြစ်မနေ ကြုံတွေ့ရမည့် စိန်ခေါ်မှု ပြဿနာများ ပင်ဖြစ်ပြီး အလားတူ စိန်ခေါ်မှု များရှိ နေသကဲ့သို့ အခွင့်အလမ်း ကောင်းများလည်း ရှိနေပါသည်။ ထိုအခွင့် အလမ်း ကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားသွားရန် လိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-
ယနေ့ ကျင်းပသည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခါ သမယနှင့် အခွင့်အခါ ကြုံကြိုက်ချိန်တွင် ပြည်သူများ အနေဖြင့် ဒီမို ကရေစီတွင် ပါဝင်သော မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ဖျောင်းဖျ တိုက်တွန်းခြင်းနှင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်း များတွင် ပါဝင်ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့် တင် ပေးနိုင်ရေး အတွက် အားပေးတိုက်တွန်း လိုက်ရ ပေသည်။

မြ၀တီ

No comments:

Post a Comment