Wednesday, September 11, 2013

ရတနာပုံဆိုက်ဘာစီးတီး က ကျောင်းပြေးတွေကို အလိုမလိုက်ကြပါနဲ့

(ပုံတွင် ကျောင်းစအပ်စဉ်က သိရှိလိုက်နာပါမည့်အကြောင်း စည်းကမ်းများ နှင့်ဝန်ခံကတိပြုချက် များကိုဖော်ပြ ထားပါသည်)
၅၈ယောက် တတ်ရောက်နေပါတယ် ။ ကျောင်းစအပ်ပါပြီ ဆိုက တည်းက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ် ဆိုတဲ့ စည်းကမ်း ချက်ပါရှိပါတယ် ။ မိဘတွေနဲ့ ကျောင်းသား/
သူတွေကိုယ်တိုင် သိရှိပါကြောင်း လိုက်နာပါမယ်ဆိုတဲ့အကြောင်း လက်မှတ်ထိုးခဲ့ပြီးဖြစ်ပါတယ်။ကြေငြာဘုတ် မှာလည်း အမြဲသတိပေးစာ ကပ်ရှိထားပါတယ်။ (၂)လ တကြိမ်လည်း ကျောင်းသား/သူတွေ ကိုယ်တိုင် မိမိတို့ကျောင်းတတ်ချိန်ရာခိုင်နှုန်းကို သိရှိစေဖို့ ထုတ်ပြန်ပေးတတ်ပါတယ်။


တကယ်တော့ အခုလိုဆန္ဒပြပြီး အသနားခံစာတင်တဲ့ ဖြစ်စဉ်ထဲက ကျောင်းသား/သူတွေဟာ ကျောင်းပြေးတဲ့ လူတွေဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ ဆိုက်ဘာစီးတီးက ပြင်ဦးလွင်မှာ ဖွင့်လှစ်ထား တာပါ။ ဒီတော့လည်စရာပတ်စရာတွေ အများသားပေါ့ဗျာ။ တက္ကသိုလ်ဟာ ရတနာပုံမြို့သစ်ထဲမှာရှိတယ် ဆိုပေမယ့် အပြင်ထွက်ဖို့ လမ်းတွေအများကြီးပဲဗျ။ မြို့ခံနည်းပြီး နယ်ကျောင်း သားတွေများတော့ ကျောင်း ပိတ်ရက်အပြင် ကျောင်းဖွင့်ရက်ကိုပါ ကျောင်းပြေးပြီးလျှောက်လည်ကြ၊ အတွဲရှိသူတွေက ချိန်းတွေ့ကြပေါ့ ခင်ဗျာ။ မန္တလေးကလာတတ်တဲ့ ကျောင်းသားတွေနဲ့ တစ်ချို့ကျောင်း သားတွေဆိုရင် ကျောင်းဖွင့်ရက်ကို မန္တလေးထိဆင်းတတ်ကြပါသေးတယ်။ ကျောင်းသားတော်တော်များက သင်ခန်းစာ တတ်ရောက်မှူခေါ် ကြိမ်ခေါ်ဆိုမှူ(roll call)အချိန် အထိ လက်ချာခန်း ကို ရောက်မ လာတတ်ကြပါဘူး။ ရောက်လာတဲ့ သူတွေထဲက တဝက်လောက်ကလည်း ခုံပေါ်မှောက်အိပ်နေတဲ့ လူတွေများပါတယ်။ တစ်ချို့ကတော့ ဖုန်းကလိနေသူတွေအပြင် ရှေ့က (roll call)) ခေါ်နေတဲ့ ဆရာ/မ ကိုအားမနာ ရိုသေမှူမရှိပဲ အော်ကြီးဟစ် ကျယ် စကားပြောနေသူတွေ နဲ့ ဖွန်ကြောင်နေသူတွေလည်း ရှိပါသေးတယ်။ကန်တင်းကနေ မထတဲ့ သူတွေလည်း ရှိပါသေးတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ နာပေမယ့်လည်း ကျောင်းသားပေါင်း နှစ်ထောင်ကျော်တတ်တဲ့ တက္ကသိုလ်မှာ ဘာမဟုတ်တဲ့ စည်းကမ်းပျက်ကျောင်းသား ၁၀၀ ကျော်လောက်ကြောင့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးက ကျောင်းသားတွေက ဒီလိုချည်းလား ဆိုတဲ့ အမြင်နဲ့အပြောကို မခံချင်လို့ ငါးခုံးမ တွေအကြောင်း ကို ပြောပြရခြင်းပါခင်ဗျာ။

ကျောင်းသား/သူတွေဟာ ပြင်ဇာရွှာနားမှာ အဆောင်ငှားနေကြတာပါ။တစ်ချို့ကျောင်းသားတွေဆို ပရက်တီ ကယ်(လက်တွေ့)ချိန် ရှိမှသာ ကျောင်းလာကြတာတွေလည်းရှိပါတယ်။ အခုကိစ္စမှာ ကျောင်းသားတွေ ဘက်ကလွန်သလား ၊ကျောင်းပြေးတွေလွန် သလားဆိုတာ မိဘပြည်သူများပဲ ဆုံးဖြတ်ပေးကြပါ ခင်ဗျာ။ ကျောင်းသားပေါင်း ၂၀၂၅ ယောက်ရှိတဲ့ကျောင်းမှာ ကျန်တဲ့ကျောင်းသား ၁၈၄၇ ယောက် က ကျောင်း မှန်မှန်တတ်လို့ စာမေးဖြေဆိုခွင့်ရရှိပြီး အခုဆန္ဒပြ တောင်းဆိုတဲ့ကျောင်းသား ၁၇၈ ယောက်( ၈% လောက်ပဲရှိတဲ့ကျောင်းသားတစ်စု)က ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေခွင့်မရဘူး ဆိုတာ ဘယ်သူတွေ အလွန်ပါလဲ။ကျောင်းမှာလည်း ခေတ်နဲ့အညီ ဗ-က-သ တွေဖွဲ့ပါတယ် ။ဘာလုပ်ပါ သလဲ။ ကျောင်းပြေး ခေါင်းဆောင်တွေများတဲ့ အဖွဲ့ပါပဲ။စာသင်ခန်းထက် ပြင်ဦးလွင်လမ်းမမှာ လမ်းကွေ့ ဘယ်နှကွေ့၊ဘယ်နေရာမှာ ဆီဆိုင်၊ဘယ်နေရာမှာ ကွမ်းယာဆိုင် ဆိုတာပိုသိတဲ့သူတွေချည်းပါပဲ ။နောက် ရှိပါသေးတယ်။ W.U .S (We are University Students) ဆိုတဲ့ အဖွဲ့တွေပါပဲ ။သူတို့အလုပ်က ငါတို့က တက္ကသိုလ်ကျောင်းသားတွေ ၊ငါတို့ကိစ္စငါတို့ဖြေရှင်းမယ်၊ဘာဖြစ်ဖြစ် ငါတို့အဖွဲ့ကဖြေရှင်းပေးမယ် ဆိုတဲ့ အဖွဲ့ပါပဲ။အဲဒီအဖွဲ့ထဲမှာ ဗ-က-သ လည်းပါတယ်။ အလကားအဖွဲ့ပါဗျာ။ တက္ကသိုလ်မှာ ကျောင်းသားရေးရာ ကိစ္စတွေ ကျောင်းပျော်ပွဲရွှင်ပွဲ တွေမှာသူတို့နှစ်ဖွဲ့စလုံး ဘယ်မှာမှ သုံးစားမရတဲ့ သူတွေ စုစည်းနေ တဲ့သူတွေပါပဲ။ အခုဖြစ်တဲ့ကိစ္စနဲ့ ပတ် သတ်ပြီး W.U.S နဲ့ဗ-က-သ တွေ အာကျယ်ပြီး ဖင်မနိုင်ပဲ ပဲဟင်းစားတဲ့ အဖြစ်ကိုပြောပြပါ့မယ်။ ကျွန်တော် တို့ကျောင်းမှာ ကျောင်းခေါ်ကြိမ်ကို ဘာသာရပ်အလိုက်လည်း ၇၅ ရာခိုင်နှုန်းပြည့်အောင် တတ်ရောက်ရ ပါတယ်။ လက်တွေ့သင်ခန်းစာကိုတော့ ၁၀၀ ရာခိုင်နှုန်း လုပ် ဆောင်ရပါတယ်။ ကျွန်တော်တို့သင်ရတဲ့ ပညာတွေက သတင်းအချက်အလက် အိုင်တီနည်းပညာတွေ နဲ့ ပတ်သတ်တာတွေ ချည်းပါပဲ။ တကယ် တတ်မြောက်မှရတဲ့ ပညာရပ်တွေပါပဲ။ ဒါကြောင့် သင်ပေးသူ တွေကလည်း ဖိဖိစီးစီး သင်ပေးသလို ကျောင်းသား/ သူတွေကလည်း ကိုယ်တိုင်သင်ယူလိုစိတ် တတ်မြောက် လိုစိတ်နဲ့ သေသေ ချာချာလိုက်နာ သင်ယူကြရပါတယ်။ ကျောင်းပျက်တဲ့အခါ ကျောင်းသား ကိုလည်းကောင်း၊ မိဘကိုလည်းကောင်း သတိပေးပါတယ် ။

ကျောင်းသားတွေဟာ သူတို့ကို သိန်းဆယ်ဂဏန်း နဲ့ ကျောင်းထားပေးပေမယ့် သူတို့ကျောင်းပြေး  အလေရိုက်နေတာကို အိမ်ကသိရင် ဗျင်းမှာစိုးလို့ ငါတို့တက္ကသိုလ်ကျောင်းသားကိစ္စ ငါတို့ဖြေရှင်းမယ် အိမ်ကိုခေါ် စရာမလို အသိပေးစရာမလိုဆိုပြီး W.U.S က အဖွဲ့တွေဖွဲ့ပြီး လုပ်တော့တာပဲ။ အဲဒါေ ကြာင့် ကျောင်းသားတွေ ကျောင်းပြေးနေတာကိုအချိန်မှီတားမြစ်နိုင်ဖို့ ကျောင်းက ကြိုးစားထားပေမယ့် အသုံးမကျတဲ့ W.U.S နဲ့ဗ-က-သ ဖွန်ကြောင်၊ ငမူးကောင်တွေက ဦးဆောင်ပြီး တစ်ခြားကျောင်းသားတွေ အတွက်ကိုလည်း မိဘကိုမခေါ်ပဲ ဟုတ်ကဲ့နောက်တစ်ခါမဖြစ်စေရပါဘူး ဆိုတဲ့စကားတွေနဲ့ ထပ်ခါထပ်ခါကျောင်းပြေးလိုက် အလေရိုက်လိုက်လုပ်နေပြီး အခုလိုကျောင်းရဲ့ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်တဲ့အတွက် စာမေးပွဲ ဖြေဆိုခွင့် မရခဲ့ခြင်းပါ ခင်ဗျာ။အဲဒါကြောင့်လည်း အခုစာမေး ပွဲဖြေခွင့်မရတဲ့အထဲမှာ သူတို့နှစ်ဖွဲ့က လူတွေတစ်ဝက်လောက် ပါပါတယ်။ အခုကျမှ သူတို့တွေကပြော ပါသေးတယ်။ ပေါင်ချိန်ဇာတ်ကား ထဲကလို မတရားခံရတာပါတို့၊ ဂုဏ်သိက္ခာ ကျပါတယ် တို့ ဆိုပြီးတော့ လေလုံးထွားကြပါသေးတယ်။မိဘပြည်သူများနှင့် တာဝန်ရှိသူများခင်ဗျား။ လက်ချာ ချိန် ကျောင်းပြေး လိုက် ဆော်ကြောင်လိုက် လမ်းသလားလိုက် လုပ်နေပြီး စာမေးပွဲဖြေ ခါနီးမှ ကျောင်း ကိုလာ၊ခေါ်ကြိမ်မပြည့်လို့ စာမေးပွဲဖြေခွင့်မရ ၊ဖြေခွင့်မရတော့(ကျပေါ့-ဒါများအဆန်း လုပ်လို့) W.U.S နဲ့ ဗ-က-သ က ကွမ်းဂျိုးတွေ ဦးဆောင်မှူနဲ့ ဆန္ဒပြကြတာပါ။

ကျားတစ်ကျောင်းလုံးရဲ့ ၈% သော ကျောင်းပြေးတစ်စုရဲ့ အလိုကိုလိုက်ပြီး စာမေးပွဲဖြေဆိုခွင့်ပေးမယ် ဆိုရင်တော့ ကျန်သော ကျောင်းတတ် မှန်တဲ့ကျောင်းသား တွေကလည်း သူတို့လို ကျောင်းပြေးနေပြီး စာမေး ပွဲ ဖြေဆိုချိန် ကျမှ ဆန္ဒပြပြီး စာမေးပွဲဖြေခွင့်တောင်းပါတော့မယ် ။ ဒါကြောင့် ဒီကိစ္စ ကို ပြတ်ပြတ် သားသား စံပြ အနေနဲ့ ထိရောက်စွာ အပြစ်ပေးဖို့နဲ့ သူတို့ကျောင်းပြေးတွေတောင်းဆိုတာကို မလိုက်လျောဖို့ ပြန် လည်တောင်းဆိုပါတယ်ခင်ဗျား။

ဖိုးထက်(ICT)

2 comments:

  1. ဒီစာကို ရေးသားသူကို ကျွန်တော် ဒီလိုပဲ မှတ်ချက်ချတယ်..... စနစ်ဆိုးကို နှစ်ခြိုက်သူလို့ ပေါ့

    ခင်ဗျားလို့ ပဲ သုံးနှုန်းလိုက်မယ်နော်...

    ခင်ဗျားက ကိုယ်ပြောချင်တာကိုပဲ သိပြီး ကိုယ်ပြောတာက အထောက် အထား ဘယ်လောက်မှန်တယ်ဆိုတာမသိဘူးထင်တယ်...
    ပြီးတော့ ကျောင်းသား ကျောင်းသူတွေ သိအောင် မျှဝေထားတဲ့ သနားခံစာနဲ့ တင်ပြစာကိုလည်း ဖတ်မိပုံ မပေါ်ဘူး.....
    ဖတ်မိတယ်ဆိုလည်း ခင်ဗျားရဲ့ ဥာဏ်နဲ့ နားမလည်လိုက်ဘူးထင်တယ်..... မဖတ်မိလို့ ဖတ်ချင်တယ်ဆိုရင်တော့ ကျောင်းနဲ့ ပက်သက်တဲ့  Facbook group တွေမှာရှာကြည့်ပေါ့..
    အသနားခံစာထဲမှာက ဟုတ်တယ် ခင်ဗျားပြောသလို အမှန်တကယ် ကျောင်းပျက်သူတွေ ကျောင်းပြေးသူတွေရှိတယ်..... သူတို့တွေက လက်ရှိ ကျောင်းကပေးတဲ့ အပြစ်ကို ကျေနပ်စွာခံမယ်
    ဒါပေမဲ့ အခု ၁၇၈ ယောက်ထဲကမှ အမှန်တကယ် ပညာထူးချွန်သူတွေလို့  ခင်ဗျားတို့ လို အသိုင်းအ၀ိုင်းက သတ်မှတ်ထားသူတွေပါတယ်... နောက် တစ်ဘာသာပဲ ထိတဲ့ ကျောင်းသား၊သူတွေပါတယ်...
    ပြီးတော့ ထပ်ပြီး ၀န်ခံထားတယ် ကျွန်တော် ကျွန်မ တို့ မှာ အပြစ်ရှိပါတယ် ။။။ ဒါပေမဲ့  ကျွန်တော်တို့မှာ အပြစ်ရှိရင် ပေးမယ့် အပြစ်ဒဏ်ကလည်းရှိပြီးသား... ကျောင်းအုပ်ချုပ်သူတွေက အပြစ်ရှိရင်
    ဘယ်မှာလည်း သူတို့ အတွက် အပြစ်ဒဏ်...... ဆရာတို့အလုပ်မနိုင်လို့ ပါ အလုပ်ရှုပ်နေလို့ ပါဆိုတာလေးနဲ့ ပြီးသွားတယ်....ဟုတ်ပြီထားအုံး...
    ခင်ဗျားကိုယ်တိုင် ရိုက်ထားတဲ့စာတွေကို ပြန်ဖတ်ကြည့် ...... တော်ရုံ ပညာတတ် တစ်ယောက်တောင် ဒီစာဖတ်မိတာနဲ့  ကျောင်းရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့  သင်ကြားရေး စနစ် မှားယွင်း လိုအပ်နေတာလိုပဲ
    မြင်လိမ့်မယ်...... ကျောင်းသားတွေကို အပြစ်မရှိဘူး မပြောဘူးနော်... ရှိတယ်..... ဒါပေမဲ့ ဘာလို့ အဲလို့  အပြစ်တွေလုပ်နေတာလည်း အဓိက ပြသနာကဘာလည်း ဒါကို ရှာဖေါ ဖြေရှင်းရမှာ...
    ကျောင်းသားပေါင်း ၂၀၂၅ ယောက်လို့  အတိအကျ သိတဲ့  ခင်ဗျားကိုလည်း တခြား သံသယ ၀င်လို့ ရတယ်နော်....
    နောက်ပြီး ၂၀၂၅ ယောက်မှာ ၁၇၈ ယောက်ကို လူနည်းစုလို့  ခင်ဗျား သတ်မှတ်တယ်.... ရတယ်
    ဒါပေမဲ့ လက်မှတ်ထိုးတင်တဲ့ ကျောင်းသား၊သူ ဦးရေကော သိပြီးပြီလားဗျ... စုစုပေါင်း ၃၄၁ ယောက်နော်... ပြီးတော့ အဲ့ ၃၄၁ ယောက်မှာ ၅၀လောက်ကသာ ၁၇၈ယောက် အဖွဲ့ ဝင်ပါ.
    ကျန်တာက ဖြေခွင့်ရကျောင်းသား ကျောင်းသူတွေ... ပြီးတော့ ... လက်မှတ်ထိုးတဲ့  ဖြေခွင့်ရကျောင်းသားတွေထဲမှာ ခင်ဗျားတို့  အသိုင်းအ၀ိုင်းက သတ်မှတ်တဲ့ လူတော် လူမော်တွေလည်း ပါသဗျ..
    အေခန်းက ကျောင်းသားတို့  roll နံပါတ် ကောင်းတဲ့ ကျောင်းသားတို့ ပေါ့ဗျာ.... အဲ့လိုလူတွေပါနေမှ တော့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ယေဘုယျ ခွဲခြားနိုင်ပါပြီ...

    ခင်ဗျားက ပြောတယ် WUS တို့ ကျောင်းသားသမဂ္ဂတို့  က ကျောင်းက ဘာပွဲမှာမှ မပါဝင်ဘူး.....
    ဒါဆိုခင်ဗျား ကျွန်တော်တို့ ကျောင်းက မဟုတ်ဘူးထင်တယ်.... သူတို့မပါတဲ့ ပွဲ ကျွန်တော်တော့ မတွေ့ ဖူးပေါင်....... တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပွဲ စီစဉ်ရေးမှာတွေ့ နေရတယ်..
    ဘယ်သူတွေကို အများဆုံးတွေ့ ရလည်းတော့ ခင်ဗျားလည်း သိမှာပါ... သူတို့ မပါအောင် ကျောင်းအလိုတော်ရိတွေ လုပ်တဲ့ ပွဲတွေမှာတောင် သူတို့ ကို တွေ့နေရတယ်....
    ဆန္ဒပြတယ်ဆိုတာ ဘယ်နားမှာ ဘယ်တုန်းကလည်း.......
    ကျွန်တော်တို့ လည်း ၆ ရက်နေ့ကတည်းက ခုချိန်ထိ... ကျောင်းက တာဝန်ရှိသူတွေပြောတဲ့  "အထက်က"ဆိုတာနဲ့  တခြားကပြောတဲ့"ဒေါသထွက်နေတဲ့ ကျောင်းသားထု"ကိုလိုက်ရှာနေတာ တွေ့သေးဘူးဗျ..
    ခင်ဗျား သိရင် ညွှန်ပါအုန်း.....


    ခင်ဗျားက နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး ) ကျောင်းသား အစစ်သာဆိုရင်.... ဒီလိုတွေးမှာ မဟုတ်ဘူး
    အစစ်မို့ လို့  ဒီလိုတွေးရင်လည်း....... စနစ်ဆိုးကြီးကို အတော်ကြီး နှစ်ခြိုက်နေပုံပဲ......



    ခင်ဗျားတို့  အသိုင်းအ၀ိုင်းက သတ်မှတ်တဲ့  ဆိုးသွမ်းကျောင်းသား တစ်ယောက်
    (ဖြေရှင်းဖို့ လိုသွားတာ မရှင်းတာရှိရင် ပြောအုန်းနော်)

    ReplyDelete
  2. အခုတင်ထားတဲ့ post ထဲမှာ မဟုတ်တာတွေအများကြီးပါပါတယ်။ ကျောင်းက roll call စာရင်း နှစ်လတစ်ကြိမ်စာထုတ်ပေးတာမှန်ပါတယ် ဒါပေမယ့် ၇လပိုင်းက roll call စာရင်းကို ၉ လပိုင်းမှထုတ်တာပါ။ ဒီဘားထုပ်ခါနီးမှ ကပ်ထုတ်တဲ့ သဘောပါ။ ပြီးတော့ WUS နဲ့ ကျောင်းသားသမဂ္ဂတို့ လုပ်နေတာက ကျောင်းအတွက်တွေအများကြီးပါပါတယ်။ ဆရာကန်တော့ပွဲအတွက် ကန်တော့ခြင်းတွေ မန္တလေးဆင်းဝယ်ရတယ်။ သုံးတောင်နဲ့ ပြင်စာရွာတွေမှာစာကြည့်တိုက်လိုက် ဖွင့်တယ်။
    YDTP ဆိုပြီး ရန်ကုန်က ဆရာတွေခေါ်ပြီး Leadership program တွေ အခမဲ့တက်လို့ရအောင်လုပ်ပေးတယ်။ ဘာလို့ သူများတွေအထင်လွဲအောင် သေချာမလေ့လာပဲ တင်တာလဲ။ သွေးလှူပွဲသွားတော့လည်းဒီအဖွဲ့တွေပါပဲ။ fresher welcome ဖိုးထက်သာ ICT ကဆိုရင် အပြင်အဆင်ဘယ်လောက်မိုက်လဲ မြင်မှာပါ။ ဒါတွေကျောင်းကလုပ်ပေးတယ်ထင်သား ဒီနှစ်ဖွဲ့ပဲ ဦးဆောင်ပြီးလုပ်ပေးတာပါ။ သူတို့တွေက ဒီလိုမျိုးကျောင်းအတွက် လုပ်ပေးနေတဲ့အချိန်မှာ ကျောင်းက အဲဒိကျောင်းသားတွေကို roll call မပေးပါဘူး။ ကျောင်းပြေးတွေကို အလိုမလိုကပါနဲ့လို့တော့ မပြောပါနဲ့ GTC တွေဆို ဒီနှစ်ဒီဘားတောင်မထုတ်ဘူး။ ပြီတော့ အခုထိတဲ့ လူတွေထဲမှာ နှစ်ဘာသာ ၇၀ ကျော်နဲ့ထိတဲ့သူတွေရှိပါတယ်။ သူတို့တွေဆို overall ၇၅ ကျော်တဲ့အတွက်အရမ်းအရမ်းနစ်နာပါတယ်။ အခု WUS နဲ့ ကျောင်းသားသမဂ္ဂလုပ်နေတာက ကျောင်းပြေးတွေအကုန် စာမေးပွဲဖြေရဖို့မဟုတ်ပါဘူး။ ပထမနှစ်ဝက် စာမေးပွဲမှာ အောင်ခဲ့တဲ့ကျောင်းသားတွေပဲ စာမေးပွဲ ပြန်ဖြေရဖို့လုပ်နေတာပါ။ ဆန္ဒပြတယ်ဆိုတာလည်း WUS နဲ့ကျောင်းသာသမဂ္ဂကလုပ်တာမဟုတ်ပါဘူး။ ကျောင်းသားတွေ ဆိုးတယ်ဆိုတာ တက္ကသိုလ်တော်တော်များများမှာ ရှိတာပဲလေ။ ဖြေခွင်ရတဲ့သူတွေထဲမှာ ၁၇၈ ယောက်လောက်ကျောင်းမတက်ဘဲ ဖြေခွင့်ရတဲ့သူတွေအများကြီးပါ။ အချို့ဌာနမှူးတွေဆို သူတို့ major အရမ်းထိမှာဆိုးလို့ဆိုပြီး လိုက်ဖြည့်ပေးထားတာရှိပါတယ်။ ဒါကြောင့်မို့ အခုတင်တဲ့ POST ကိုလုံးဝကန့်ကွက်ပါတယ်။ အခြားတွေအထင်လွဲမှာစိုးလို့ ပြန်ဖြုတ်ပေးပါရန်

    YCC ကျောင်းသား (ICT)

    ReplyDelete