Monday, September 30, 2013

ဝန်ကြီး ၅ ဦး နုတ်ထွက်မှုနှင့်အတူ အီတလီအစိုးရ အကွဲအပြဲဖြစ်ပေါ်

Photo: ဝန်ကြီး ၅ ဦး နုတ်ထွက်မှုနှင့်အတူ အီတလီအစိုးရ အကွဲအပြဲဖြစ်ပေါ်
Monday, September 30, 2013

အီတလီ အစိုးရ အနေဖြင့် နိုင်ငံရေး အကွဲအပြဲ အခြေအနေ အသစ်တစ်ခု၏ ထိုးနှက်မှုကို ကြုံလာရပြီ ဖြစ်သည်။ စနေနေ့က အီတလီ အစိုးရအဖွဲ့မှ ဝန်ကြီး(၅)ဦး နုတ်ထွက်သွားခဲ့ပြီး လက်ရှိ အာဏာရ ဝန်ကြီးချုပ် အန်ရီကို လက်တာအတွက် ဖိအားရပ်ဝန်း တစ်ခုတွင် ကျရောက်လာခဲ့သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ၏ လက်ယာယိမ်း ပြည်သူ့
လွတ်လပ်ရေးပါတီ (PDL)မှ ဝန်ကြီးများသည် ဘာလူစကိုနီ၏ အကြံပေး
မှုအရ နုတ်ထွက်သွားခြင်းဟု အီတလီ ဒုတိယ ဝန်ကြီးချုပ်နှင့် PDLပါတီ အတွင်းရေးမှူး အန်ဂျလီနို အယ်လ်ဖန်နိုက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လက်တာကမူ နုတ်ထွက်သွားသည့် ဝန်ကြီးများသည် မိမိကို လက်မခံ
နိုင်လောက်စရာ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထား သည်။

"အဆက်မပြတ် ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့ ဘယ်အားထုတ်မှုကိုမှ ဂရုစိုက်နေဖို့ ကျွန်တော် စိတ်ကူးမရှိဘူး"ဟု လက်တာက ဆိုသည်။ လက်တာသည် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု ခေါ်ယူခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို အခွန်လိမ်လည်မှု စွပ်စွဲချက်ဖြင့် နိုင်ငံရေး
လောကမှ ဖယ်ရှားရန် ကြိုးပမ်းမှုနှင့် ဆက်စပ်သော ပြဿနာများကြောင့် တင်းမာမှုများ အရှိန်မြင့်တက်ခဲ့သည်။ လက်ရှိတွင် အီတလီ၏ အစိုးရသည် ပြိုကွဲလုနီးပါး အခြေအနေ ရှိနေကြောင်း လေ့လာသူများက ပြောကြား
ခဲ့သည်။ အီတလီ အစိုးရသည် လက်ဝဲဘက် အတန်ငယ်ယိမ်းသည့် ဒီမိုကရက်ပါတီနှင့် PDLတို့ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း (၅)လမျှ သက်တမ်းအတွင်းမှာပင် အက်ကြောင်းများ ကြီးမားလာခဲ့သည်။

အီတလီသည် စီးပွားရေး ကျဆင်းမှု၊ လူငယ်လူရွယ် အလုပ်လက်မဲ့ ပြဿနာ ထူပြောမှုများကို ဆယ်စုနှစ် တစ်ခုကျော်မျှ ကြာသည်အထိ မဖြေရှင်းနိုင်သေး
ဘဲ ရုန်းကန်နေရသည်။ ယခုကဲ့သို့ ဝန်ကြီးများ နုတ်ထွက်မှုသည် ယင်းတို့ကို
ပြုပြင်ပြောင်းလဲရေးအတွက် ပိုမို ဝေးကွာသွားစေသည့် သဘောလည်း သက်ရောက်နေသည်။ လက်တာက လွှတ်တော် မဲခွဲမှုတွင် PDLက မိမိကို ထောက်ခံရန် တောင်းဆိုခဲ့သော်လည်း တစ်ရက်အတွင်း PDLမှ ဝန်ကြီးများ ရာထူးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကမူ ဝန်ကြီးချုပ်သည် အခွန်အခ သတ်မှတ်ချက်များ မြှင့်တင်
ရန် တောင်းဆိုနေပြီး ယင်းသည် ညွန့်ပေါင်း အစိုးရ၏ ကြိုတင်သဘော
တူညီမှုကို ဖောက်ဖျက်ခြင်းဟု စွပ်စွဲခဲ့သည်။

"ဝန်ကြီးချုပ်လက်တာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ အစိုးရရဲ့ လုပ်ငန်းတွေ
ကို ရပ်ဆိုင်းသွားစေပါလိမ့်မယ်။ အရောင်းခွန်ကို မြှင့်တင်ခြင်းဟာ မူလ အစိုးရဖွဲ့စည်းမှု သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်
ပါတယ်"ဟု ဘာလူစကိုနီက ဆိုသည်။ လက်ရှိ အီတလီ အစိုးရသည် ဘာလူစကိုနီကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ထုတ်ရန် ကြိုးစားနေခြင်းကလည်း အတွင်းရေး ပြဿနာများကို ပိုမိုပြင်းထန်လာစေခဲ့သည်။ အသက်(၇၇)နှစ်ရှိ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီးသည် နိုင်ငံရေးတွင် ဩဇာသက်ရောက်မှု ကြီးမားနေဆဲဖြစ်သည်။

အတိုက်အခံ နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို အချိန်စော ကျင်းပရန် တောင်းဆိုလာသော်လည်း လက်တာ၏ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်သည့် စီးပွားရေး ဒုတိယဝန်ကြီး စတီဖာနိုဖာဆီနာက ညွန့်ပေါင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းဖြစ်မည်ဟု ယူဆကြောင်း ဆိုသည်။ 

သမ္မတ ဂျော်ဂျီယို နာပိုလီတာနိုကမူ မိမိသည် အလောတကြီး ရွေးကောက်
ပွဲတစ်ရပ် ပြန်လည်ကျင်းပခြင်းမျိုးကို မလိုလားကြောင်း ဝန်ခံထားသည်။ လက်တာကမူ မိမိသည် အောက်တိုဘာလ (၂)ရက်နေ့တွင် လွှတ်တော်တွင်း အယုံအကြည် ရှိမရှိ အဆုံးအဖြတ် ခံယူကာ အစိုးရအဖွဲ့ကို ကယ်တင်ရန် ကြိုးစားမည်ဟု ပြောကြားထားသည်။

လေ့လာသူများကမူ လွှတ်တော်တွင်း မဲခွဲမှုတွင် လက်တာအနေဖြင့် ဘာလူစကိုနီ၏ ဩဇာလွှမ်းမှုကို တွန်းလှန်ရန် မဲအရေအတွက် (၂၄)ခု လိုအပ်မည်ဖြစ်ပြီး ယင်းအခြေအနေက စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ကြောင်း
ဝေဖန်ထားသည်။ ဘာလူစကိုနီသည် အီတလီ ဝန်ကြီးချုပ် ရာထူးကို သက်တမ်း(၃)ကြိမ် ရယူခဲ့ဖူးသူ ဖြစ်သည်။ 

အသက်(၄၇)နှစ်ရှိ လက်တာ အနေဖြင့် ဘာလူစကိုနီ၏ ဩဇာခံ နိုင်ငံရေး
သမားများက ၎င်းတို့၏ ခေါင်းဆောင်ကို ကျောခိုင်းစေရန်အတွက် အတိုက်
အခံများကိုပါ ဆွဲဆောင်ရဖွယ် ရှိနေသည်။ လက်တာကမူ မိမိသည် PDL၏ အမတ်များကို ပစ်မှတ်ထားကြောင်း ပြောဆိုထားသည်။ 

"အဆုံးသတ်မှာတော့ အရာရာဟာ PDLပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် ကတော့ ခုချိန် PDLမှာ အလေးအနက် အမြင်ကွဲလွဲမှုတွေ ရှိနေပြီလို့ ထင်ပါတယ်"ဟု လက်တာက မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network
အီတလီ အစိုးရ အနေဖြင့် နိုင်ငံရေး အကွဲအပြဲ အခြေအနေ အသစ်တစ်ခု၏ ထိုးနှက်မှုကို ကြုံလာရပြီ ဖြစ် သည်။
စနေနေ့က အီတလီ အစိုးရအဖွဲ့မှ ဝန်ကြီး(၅)ဦး နုတ်ထွက်သွားခဲ့ပြီး လက်ရှိ အာဏာရ ဝန်ကြီးချုပ် အန်ရီကို လက်တာအတွက် ဖိအားရပ်ဝန်း တစ်ခုတွင် ကျရောက်လာခဲ့သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ၏ လက်ယာယိမ်း ပြည်သူ့လွတ်လပ်ရေးပါတီ (PDL)မှ ဝန်ကြီးများသည် ဘာလူစကိုနီ၏ အကြံပေးမှုအရ နုတ်ထွက်သွားခြင်းဟု အီတလီ ဒုတိယ ဝန်ကြီးချုပ်နှင့် PDLပါတီ အတွင်းရေးမှူး အန်ဂျလီနို အယ်လ်ဖန်နိုက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လက်တာ ကမူ နုတ် ထွက် သွားသည့် ဝန်ကြီးများသည် မိမိကို လက်မခံနိုင်လောက်စရာ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ် ခဲ့ကြောင်း စွပ်စွဲထား သည်။

"အဆက်မပြတ် ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့ ဘယ်အားထုတ်မှုကိုမှ ဂရုစိုက်နေဖို့ ကျွန်တော် စိတ်ကူး မရှိဘူး"ဟု လက်တာက ဆိုသည်။ လက်တာသည် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု ခေါ်ယူခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို အခွန်လိမ်လည်မှု စွပ်စွဲချက်ဖြင့် နိုင်ငံရေးလောကမှ ဖယ်ရှားရန် ကြိုးပမ်းမှုနှင့် ဆက်စပ်သော ပြဿနာများကြောင့် တင်းမာမှုများ အရှိန်မြင့်တက်ခဲ့သည်။ လက်ရှိတွင် အီတလီ၏ အစိုးရသည် ပြိုကွဲလုနီးပါး အခြေအနေ ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ အီတလီ အစိုးရသည် လက်ဝဲဘက် အတန်ငယ်ယိမ်းသည့် ဒီမိုကရက်ပါတီနှင့် PDLတို့ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း (၅)လမျှ သက်တမ်းအတွင်းမှာပင် အက်ကြောင်းများ ကြီးမား လာခဲ့ သည်။

အီတလီသည် စီးပွားရေး ကျဆင်းမှု၊ လူငယ်လူရွယ် အလုပ်လက်မဲ့ ပြဿနာ ထူပြောမှုများကို ဆယ်စုနှစ် တစ်ခုကျော်မျှ ကြာသည်အထိ မဖြေရှင်းနိုင်သေးဘဲ ရုန်းကန်နေရသည်။ ယခုကဲ့သို့ ဝန်ကြီးများ နုတ် ထွက် မှု သည် ယင်းတို့ကိုပြုပြင်ပြောင်းလဲရေးအတွက် ပိုမို ဝေးကွာသွားစေသည့် သဘောလည်း သက်ရောက်နေသည်။ လက်တာက လွှတ်တော် မဲခွဲမှုတွင် PDLက မိမိကို ထောက်ခံရန် တောင်းဆို ခဲ့သော်လည်း တစ်ရက်အတွင်း PDLမှ ဝန်ကြီးများ ရာထူးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကမူ ဝန်ကြီးချုပ်သည် အခွန်အခ သတ်မှတ်ချက်များ မြှင့်တင်ရန် တောင်းဆိုနေပြီး ယင်းသည် ညွန့်ပေါင်း အစိုးရ၏ ကြိုတင်သဘော တူညီမှုကို ဖောက်ဖျက်ခြင်းဟု စွပ်စွဲခဲ့သည်။

"ဝန်ကြီးချုပ်လက်တာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ အစိုးရရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းသွားစေပါလိမ့် မယ်။ အရောင်းခွန်ကို မြှင့်တင်ခြင်းဟာ မူလ အစိုးရဖွဲ့စည်းမှု သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်"ဟု ဘာလူစကိုနီက ဆိုသည်။ လက်ရှိ အီတလီ အစိုးရသည် ဘာလူစကိုနီ ကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ထုတ်ရန် ကြိုးစားနေခြင်းကလည်း အတွင်းရေး ပြဿနာများကို ပိုမိုပြင်းထန် လာစေခဲ့သည်။ အသက်(၇၇)နှစ်ရှိ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီးသည် နိုင်ငံရေးတွင် ဩဇာသက်ရောက် မှု ကြီးမားနေဆဲဖြစ်သည်။

အတိုက်အခံ နိုင်ငံရေးသမားများက ရွေးကောက်ပွဲကို အချိန်စော ကျင်းပရန် တောင်းဆိုလာသော်လည်း လက်တာ၏ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်သည့် စီးပွားရေး ဒုတိယဝန်ကြီး စတီဖာနိုဖာဆီနာက ညွန့်ပေါင်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းဖြစ်မည်ဟု ယူဆကြောင်း ဆိုသည်။ 

သမ္မတ ဂျော်ဂျီယို နာပိုလီတာနိုကမူ မိမိသည် အလောတကြီး ရွေးကောက်ပွဲတစ်ရပ် ပြန်လည် ကျင်းပခြင်းမျိုးကို မလိုလားကြောင်း ဝန်ခံထားသည်။ လက်တာကမူ မိမိသည် အောက်တိုဘာလ (၂) ရက်နေ့တွင် လွှတ်တော်တွင်း အယုံအကြည် ရှိမရှိ အဆုံးအဖြတ် ခံယူကာ အစိုးရအဖွဲ့ကို ကယ်တင်ရန် ကြိုးစားမည်ဟု ပြောကြားထားသည်။

လေ့လာသူများကမူ လွှတ်တော်တွင်း မဲခွဲမှုတွင် လက်တာအနေဖြင့် ဘာလူစကိုနီ၏ ဩဇာလွှမ်းမှုကို တွန်းလှန်ရန် မဲအရေအတွက် (၂၄)ခု လိုအပ်မည်ဖြစ်ပြီး ယင်းအခြေအနေက စိန်ခေါ်မှုတစ် ရပ် ဖြစ်နိုင်ကြောင်းဝေ ဖန် ထားသည်။ ဘာလူစကိုနီ သည် အီတလီ ဝန်ကြီးချုပ် ရာထူးကို သက်တမ်း(၃)ကြိမ် ရယူခဲ့ဖူးသူ ဖြစ်သည်။ 

အသက်(၄၇)နှစ်ရှိ လက်တာ အနေဖြင့် ဘာလူစကိုနီ၏ ဩဇာခံ နိုင်ငံရေးသမားများက ၎င်းတို့ ၏ ခေါင်းဆောင် ကို ကျောခိုင်းစေရန်အတွက် အတိုက်အခံများကိုပါ ဆွဲဆောင်ရဖွယ် ရှိနေသည်။ လက်တာကမူ မိမိသည် PDL၏ အမတ်များကို ပစ်မှတ်ထားကြောင်း ပြောဆိုထားသည်။ 

"အဆုံးသတ်မှာတော့ အရာရာဟာ PDLပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် ကတော့ ခုချိန် PDLမှာ အလေးအနက် အမြင်ကွဲလွဲမှုတွေ ရှိနေပြီလို့ ထင်ပါတယ်"ဟု လက်တာက မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment