Friday, September 13, 2013

ဘင်္ဂါလီ လူဦးရေ စာရင်း ပြန်ကောက်နိုင်ဖို့ လဝက ကြိုးပမ်း

Photo: WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး
Friday, September 13, 2013

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွားသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

“ ဆွေးနွေးပွဲ ကတော့ အပြန်အလှန် တင်ပြကြတာပါဘဲ။ သူတို့ ဖက်တင်ပြတာက အထူးအဆန်း မရှိပါဘူး။ အချက် နှစ်ချက်ကို တင်ပြတယ်။ ကျနော်တို့က အချက် (၄)ချက်ကို တင်ပြ ပါတယ်။ ဒါတွေကို အထက် အဖွဲ့တွေကို အပြန်အလှန် တင်ပြပြီး နောက်လမှာ ထပ်မံ တွေ့ဆုံကြဖို့ အကြမ်းဖျဉ်း သဘော တူကြပါတယ်” ဟု ဆိုပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ ပဏာမ သဘော တူထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ် အတည်ပြုရန်။ အပစ်အခတ် ရပ်စဲရေးအား စောင့်ကြည့်သည့် ပူးတွဲ ကော်မီတီ ဖွဲ့စည်းရန်။ တပ်များ နေရာချထား ရေးအတွက် တပ်တည်နေရာများ ဆွေးနွေးရန်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်များကို ပူးတွဲ ရေးဆွဲ သွားရန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များကမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် ညှိနှိုင်း ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ သွားရန်တို့ တင်ပြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ ကိုယ်စားလှယ် များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)မှ ပဒို သာဒို့မူးနှင့် ပဒိုတူးတူးလေး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီး စိုင်းလ (ခေါ်) စို်င်းလောဝ်ဆိုင်နှင့် ဒုတိယ ဗိုလ်မှူးကြီး ငိဏ်းတို့ ဖြစ်ပါသည်။

အစိုးရ ကိုယ်စားလှယ် ဖက်မှ ဦးလှမောင်ဆွေ ခေါင်းဆောင်သော အဖွဲ့ဝင် များနှင့် တသီး ပုဂ္ဂလ ပညာရှင် အဖြစ် ဟန်ညောင်ဝေနှင့် ဒေါက်တာ လျံမုန်းတို့လည်း တက်ရောက် ခဲ့ပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည် ၄င်းတို့ ချမှတ်ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်း ခဲ့ပါသည်။ http://www.burmese.phophtawnews.org/index.php/news/internal-news/item/703-wgec.html

WGEC သည် အစိုးရနှင့် ညှိနှိုင်းမှုများ မပြေလည်ပါက ၄င်းတို့၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်မည် မဟုတ်ဟု ဆွေးနွေးပွဲသို့ မတက်ရောက်မှီ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များ သည်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထံ တင်ပြ ထားသော ၄င်းတို့၏ မူသစ် အတိုင်း WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ကို ပြန်လည် တင်ပြ ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။

ရွှေဟင်္သာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဒီလ ၈ ရက်ကဆွေးနွေးပွဲ၌ တွေ့ရသည့် ၀န်ကြီး ဦးခင်ရီ
တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ဘင်္ဂါလီဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ် ကို ပြန်စနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဧရာဝတီကို ပြောပါတယ်။
“အစမ်းကောက်နေတာ အကောက်မခံလို့ ကျနော်တို့ ရပ်ထားရတယ်၊ ကျနော်တို့ ပြန်ကောက်ဖို့ လုပ်နေ တယ်၊ အခုတော့ ကွင်း ဆင်းပြီး ကောက်ခံရတဲ့ ရည်ရွယ်ချက်ကို သေချာ ရှင်းပြနေတယ်၊ သူတို့(ဘင်္ဂါလီ) လက်ခံတဲ့ အချိန် ကောက်မယ်”လို့ ဝန်ကြီး ဦးခင်ရီ က ရှင်းပြပါတယ်။

ဒီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယအကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲမှာ အစိုးရ အဖွဲ့အနေနဲ့ တက်ရောက်လာတဲ့ ဝန်ကြီး ဦးခင်ရီ ကို ဧရာဝတီက မေးမြန်းတဲ့အခါ မှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလ ၂၆ ရက်နေ့က သက်ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူဦးရေ စာရင်းကွင်း ဆင်း ကောက် ခံ ခဲ့ရာမှာ ကောက်ခံတဲ့ အဖွဲ့ကို ဒုက္ခသည်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အခြား အဖွဲ့ဝင် ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး တဲ့နောက် စာရင်းကောက်ယူမှုကို ရပ်နားခဲ့ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အစိုးရက စာရင်းကောက်ယူရာမှာ ဒုက္ခသည်တွေက သူတို့ဟာ “ဘင်္ဂါလီမဟုတ်ဘူး၊ ရိုဟင်ဂျာ ဖြစ်တယ်” ဆိုတဲ့ အငြင်း ပွားမှုအခြေအနေကနေ တင်းမာမှုတွေဖြစ်ခဲ့ရတာပါ။

ဒီနှစ် ဇူလိုင်လထဲမှာလည်း အစိုးရက လူဦးရေ စာရင်းကောက်ယူနိုင်ဖို့ ထပ်မံကြိုးစားခဲ့ပေမယ့် စစ်တွေမြို့နယ် ဘောဒူဘဘင်္ဂါလီ ဒုက္ခသည်စခန်းကို သွားရောက်ကောက်ယူရာမှာ ထပ်မံတိုက်ခိုက်ခံခဲ့ရ ပါတယ်။ အဲဒီနောက် “ဘင်္ဂါလီ၊ ရိုဟင်ဂျာ” ကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားပေးနေတယ် ဆိုသူတွေကို အစိုးရက ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

“အခုတော့ ကျနော်တို့ ကွင်းဆင်းပြီးရှင်းပြတယ်၊ အခု ကျနော်တို့ကောက် တဲ့ အိမ်ထောင်စု လူဦးရေ စစ်ဆေးရေး လုပ်ငန်းရည်ရွယ် ချက်ကို ရှင်းပြတာပေါ့၊ ဒါဟာ ကျနော်တို့နိုင်ငံထဲမှာရှိတဲ့ လူဦးရေရဲ့ Up to Date(လက်ရှိ စာရင်း) ကောက်တာ၊ အခုမွေးတဲ့ ကလေး တွေ တချို့ အထောက်အထားမရှိသေးရင် ပေး မှာပေါ့၊ သေတဲ့လူရှိရင် အချို့က စာရင်းလျှော့ချင်မှ လျှော့ဦးမယ်၊ လျှော့မှာပေါ့၊ ဒီဥစ္စာကို တချို့က နားလည်မှုလွဲတဲ့အခါကြတော့ အကောက်မခံတာတို့ ဘာတို့ အမျိုးမျိုး ရှိမှာပေါ့”လို့ ဝန်ကြီး ဦးခင်ရီက ပြော ပါတယ်။

ဘင်္ဂါလီ ဒုက္ခသည် စခန်းတွေကို လူဦးရေစာရင်း ကောက်ယူနိုင်ရေး အတွက် ကြိုးစားရှင်းပြမှုတွေဟာ တိုးတက်မှုတွေ ရရှိကြောင်း၊ အားလုံး လက်ခံလာတာနဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ စာရင်းကောက်ယူမှု ပြန်စ သွားနိုင်မယ်လို့ ခန့်မှန်းပေမယ့် စောင့်ကြည့်ရဦးမယ် လို့လည်း ဦးခင်ရီက ဆက်လက် ပြောဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ ၊ ပေါက်တော ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့နယ်တွေမှာ ဒုက္ခသည်စခန်း ၂၀ ဝန်းကျင် ရှိခဲ့ပြီး ဒုက္ခသည်ဦးရေ ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိစာရင်းတွေအရ မြန်မာ တနိုင်ငံလုံးမှာ ဘင်္ဂါလီ ဦးရေ ၁ ဒဿမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တခုတည်းမှာပဲ ၁ ဒဿမ ၀၈ သန်း ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ဒီနှစ် ဇွန်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးတွေ နဲ့ စာနယ်ဇင်းသမားတွေ တွေ့ဆုံတဲ့ ပွဲမှာ ပြောဆိုသွားတယ်လို့ ပြည်တွင်း အခြေစိုက် Eleven Media က ဖော်ပြခဲ့ပါတယ်။

ရခိုင်ဒေသမှာ ရှိတဲ့ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက် စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီရင် သတ်မှတ်ထားတဲ့ အထောက်အထား လက်မှတ်တခုခု ရရှိမှာဖြစ် တယ်လို့လည်း သိရပါတယ်။ လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာ မှာလည်း ဘင်္ဂါလီတွေကို ထည့်သွင်း ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

No comments:

Post a Comment