၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်း ရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင် တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက် သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သား လွင်မျိုးအောင်တွင် ၀ဲဘက် ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေး အား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့ နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment