Friday, September 13, 2013

မြန်မာ မီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော် ဝန်ထမ်းများကို စတင် ရောင်းချပြီ

Photo: မြန်မာ မီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော် ဝန်ထမ်းများကို စတင် ရောင်းချပြီ
Friday, September 13, 2013

မြန်မာမီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော်အား အစိုးရ ဝန်ထမ်းများသို့ အရစ် ကျ စနစ်ဖြင့် စတင် ရောင်းချနေပြီ ဖြစ် ကြောင်း စက်မှု ဝန်ကြီး ဌာန ရောင်းချ ဖြန့်ဖြူးရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှလှသီ က ပြောသည်။

အဆိုပါကားများအား စက်တင်ဘာ ၁၂ရက်မှ စတင်၍ အရစ်ကျ စနစ်ဖြင့် ရောင်း ချနေပြီ ဖြစ်ကြောင်းနှင့် အစိုးရ ဝန်ကြီး ဌာနများရှိ အရာထမ်းများကို အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း ထုတ် "Myanmar Mini Saloon" (Basic Model) 812.CC အမျိုး အစား မော်တော်ယာဉ်အား တန်ဖိုးကျပ် သိန်း ၆ဝဖြင့် အရစ်ကျ စနစ်၊ လက်ငင်းငွေ ချေ စနစ်ဖြင့် ရောင်း ချ ပေးရာ တွင် ဦးစားပေး အဆင့်(၁) လက်ငင်း ငွေချေ စနစ်၊ ဦးစားပေး အဆင့်(၂) ငွေ ၁ဝသိန်းကို ပထမ အရစ်ဖြင့် ပေးချေပြီး ကျန်ငွေ တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂ဝရစ် အရစ်ကျပေး ချေစနစ်နှင့် ဦးစားပေး အဆင့် (၃)တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂၄ ရစ် အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော သည်။

''ကားအစီးရေက လောလောဆယ် ၄ဝဝ ကျော်ပဲ ရှိတဲ့ အတွက် ဖောင်ကို လည်း ၄ဝဝ ဝန်းကျင် လောက်နဲ့ပဲ ပိတ် လိုက်တယ်။ ရောင်းချမှုကို စပြီး ပြု လုပ်နေ ပါပြီ''ဟု ၎င်းက ဆိုသည်။

မြန်မာ မီနီစလွန်း ဝယ်ယူသူများအနေဖြင့် မော်တော်ယာဉ် ပိုင်ဆိုင်မှု စာအုပ် စာတမ်းများကို မော်တော်ယာဉ် တန်ဖိုး အကျေ ပေးသွင်းပြီး သည်အထိ အမှတ်(၁) အကြီးစား လုပ်ငန်းတွင် အပ်နှံထားရမည် ဖြစ်သည်။

မြ၀တီ
မြန်မာမီနီစလွန်းကားအစီးရေ ၄ဝဝ ကျော်အား အစိုးရဝန်ထမ်းများသို့ အရစ်ကျစနစ်ဖြင့် စတင် ရောင်း ချနေပြီဖြစ်ကြာင်း စက်မှုဝန်ကြီးဌာနရောင်းချ ဖြန့်ဖြူးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှသီ က ပြောသည်။
အဆိုပါကားများအား စက်တင်ဘာ ၁၂ရက်မှ စတင်၍ အရစ်ကျ စနစ်ဖြင့် ရောင်း ချနေပြီ ဖြစ်ကြောင်းနှင့် အစိုးရ ဝန်ကြီး ဌာနများရှိ အရာထမ်းများကို အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ထုတ် "Myanmar Mini Saloon" (Basic Model) 812.CC အမျိုး အစား မော်တော်ယာဉ်အား တန်ဖိုးကျပ် သိန်း ၆ဝဖြင့် အရစ်ကျ စနစ်၊ လက်ငင်းငွေ ချေစနစ်ဖြင့် ရောင်းချ ပေးရာတွင် ဦးစားပေးအဆင့်(၁)လက်ငင်း ငွေချေစနစ်၊ ဦးစားပေးအဆင့်(၂) ငွေ ၁ဝသိန်းကို ပထမအရစ်ဖြင့် ပေးချေပြီးကျန်ငွေ တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂ဝရစ် အရစ်ကျပေး ချေစနစ်နှင့် ဦးစားပေး အဆင့် (၃)တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂၄ ရစ် အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော သည်။

''ကားအစီးရေက လောလောဆယ် ၄ဝဝ ကျော်ပဲ ရှိတဲ့အတွက် ဖောင်ကိုလည်း ၄ဝဝ ဝန်းကျင် လောက်နဲ့ပဲ ပိတ် လိုက်တယ်။ ရောင်းချမှုကို စပြီး ပြုလုပ်နေ ပါပြီ''ဟု ၎င်းက ဆိုသည်။

မြန်မာ မီနီစလွန်း ဝယ်ယူသူများအနေဖြင့် မော်တော်ယာဉ် ပိုင်ဆိုင်မှု စာအုပ် စာတမ်းများကို မော်တော် ယာဉ် တန်ဖိုး အကျေ ပေးသွင်းပြီး သည်အထိ အမှတ်(၁) အကြီးစား လုပ်ငန်းတွင် အပ်နှံထားရမည် ဖြစ် သည်။

မြ၀တီ

No comments:

Post a Comment