Saturday, September 28, 2013

တစ်နိုင်ငံလုံးတွင် မြေယာအငြင်းပွားမှု ၇၄၅ မှု ရှိနေပြီး တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးမည်


လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံး တွင် မြေယာ အငြင်းပွားမှု ပြဿနာ ၇၄၅ မှုရှိပြီးတစ်နှစ် အတွင်း ဆောင် ရွက် သွားမည်ဟု မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့ဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်  စု ၀န်ကြီး ဦးဝင်းထွန်းက ပြော ကြား သည်။


စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော် မတီ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ သတင်းထုတ်ပြန် ရှင်းလင်းပွဲ တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေယာအငြင်းပွားမှု ၇၄၅မှုမှာ ၁၉၆၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ မြေယာသိမ်းဆည်း မှု ဖြစ်စဉ်များဖြစ်ပြီး အစိုးရသစ်လက်ထက် ဖြစ် ပွား ခဲ့သည့် ဖြစ်စဉ်များ မပါဝင်သေးကြောင်းနှင့် အဆိုပါ မြေယာ အငြင်းပွားမှုတွင် တပ်မတော်မှ သိမ်းယူထားမှု ၅၆၅ မှု၊ မြို့ပြ တိုးချဲ့စီမံကိန်းနှင့် စက်မှုဇုန်စီမံ ကိန်း များအတွက် သိမ်းယူထားမှု ၆၃မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် သိမ်းယူထားမှု ၁၁၇မှု တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လယ်ယာမြေပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ခေါင်းေ ဆာင်သော ပြည်ထောင်စုဝန် ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၊ ဒုဝန်ကြီးများ ပါဝင်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားကြောင်း၊ ထိုမှတစ် ဆင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအဆင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်း ထားပြီး ဖြစ်သဖြင့် မူလမြေယာပိုင်ဆိုင်ကြောင်းကို သက်ဆိုင်ရာကော်မတီကို ပြန်လည် လျောက် ထားရ မည်ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

ရပ်ကွက်ကျေးရွာ ကော်မတီများမှ ကွင်းဆင်းစစ်ဆေးကာ မြို့နယ်ကော် မတီအဆင့် သက်ဆိုင် ရာ ကော်မတီအဆင့်ဆင့်သို့ တင်ပြပြီး စွန့်လွှတ်မြေ ခွဲဝေရန် ခွင့်ပြုချက်ရရှိပါက သက်ဆိုင်သူများသို့ ပြန် လည်ပေးရေး ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း မြေအသုံးချမှု စီမံခန့်ခွဲမှု ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောကြားသည်။

စွန့်လွှတ်ခွဲဝေရရှိသောမြေသည် လယ်ယာမြေဖြစ်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ရရှိထောက်ခံခြင်း၊ အခြားမြေများဖြစ်ပါက သက်ဆိုင်ရာဌာန၏ ကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်သူများက ကျေနပ်မှုမရှိပါက အဆင့် ဆင့် အယူခံဝင်နိုင်ပြီး တိုင်းဒေသကြီး ပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၏ အဆုံးအဖြတ်သည် အတည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်က ဆက်လက်ပြောကြားသည်။

ထို့အပြင် ဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို နှစ်လတစ်ကြိမ် လွှတ်တော်သို့ တင်ပြသွား မည်ဖြစ်ကြောင်း လည်း သိရသည်။ မြေလွတ်မြေရိုင်းများအား လုပ်ပိုင်ခွင့်ရယူထားပြီး ဥပဒေနှင့်အညီ အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို လည်း အရေးယူနိုင်ရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း မြေ အသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာ ၁၇ ရက်တွင် ကော်မတီအဖွဲ့ဝင် များ ၏ ဖြေရှင်းဆောင်ရွက်ကြရမည့် လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့် မြေလွတ်မြေရိုင်းများ အသုံးပြုခြင်း ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment