Saturday, September 28, 2013

ဂျပန်၏ အကူအညီဖြင့် ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းအပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းကိုပါ အဆင့်မြှင့်တင်ရန် စီစဉ်

Photo: ဂျပန်၏ အကူအညီဖြင့် ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းအပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းကိုပါ အဆင့်မြှင့်တင်ရန် စီစဉ်
Saturday, September 28, 2013

ဂျပန်၏ အကူအညီဖြင့် ရန်ကုန်-ပဲခူး လမ်းပိုင်းအပြင် မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းကိုပါ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် စီစဉ်နေေ ကြာင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံရှိ မီးရထားလမ်းပိုင်းများနှင့် မီးရထားများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရန်အတွက် ဂျပန်နိုင် ငံနှင့် မြန်မာ့မီးရထား ၀န်ကြီးဌာနတို့ သဘောတူညီမှု လုပ်ဆောင်ခဲ့ပြီး ပဲခူး-ရန်ကုန် ရထားလမ်းပိုင်းမှာ ယင်းသဘောတူညီချက်၏ ပထမဆုံး အကောင် အထည်ဖော်မည့် အစီအစဉ်ဖြစ်နေပြီး ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း ကိုပါ ဆက်လက် အကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

မြန်မာ့မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ဂျပန်နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်တာ ပဲခူးလမ်းပိုင်းအပြင် မန္တလေး-ရန်ကုန် လမ်းပိုင်း ကိုပါ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်'' ဟု ပြောကြားသည်။
လက်ရှိ ရန်ကုန်-ပဲခူးလမ်းပိုင်း ပြုပြင်ရန်အတွက် ပြင်ဆင်မှုများနှင့် ကွင်း ဆင်းလေ့ လာမှုအပိုင်းများ ပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီအကုန် တွင် လုပ်ဆောင် သွားနိုင်မည်ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအတွက် ဂျပန်နိုင်ငံမှ စက်ပစ္စည်း ၇၀ ကျော်ဖြင့် အထောက် အပံ့ ပေးသွား မည် ဖြစ် ပြီး မြန်မာနိုင်ငံမှ လုပ်သားများအတွက် ဖြည့် ဆည်းပေး သွားရမည် ဖြစ်ကြောင်း သိရသည်။ ယခုအချိန် တွင် ဂျပန်နိုင်ငံ မှ အဲယားကွန်းများ တပ်ဆင်ထားသည့် မီးရထားများကို မြို့ပတ်ရထားများ အဖြစ် ပြေးဆွဲရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ရန်ကုန်မြို့ရှိ ရထားလမ်းပိုင်း များကိုလည်း ရာနှုန်းပြည့် ပြင်ဆင်မှု များ ပြုလုပ်နေပြီဖြစ် သည်။

နောင်လာမည့် ရထားလမ်း စီမံကိန်းများနှင့် ရန်ကုန်မြို့ပတ် ရထားလမ်း တွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုလည်း ထုတ်ပေး သွားရန် သဘောတူညီမှု ရရှိထားကြောင်း လည်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

မြန်မာ့မီးရထား ၀န်ကြီးဌာန၏ အနာဂတ်စီမံကိန်းများ အရ ဖြတ်လမ်းကျယ် သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြု ကာ ပြုပြင်ရေးဆွဲ အတည်အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

(ရန်ကုန်ရှိ ရထားလမ်းပိုင်းတစ်နေရာအား ပြင်ဆင်နေသည်ကို တွေ့ရစဉ်)
(ရန်ကုန်ရှိ ရထားလမ်းပိုင်းတစ်နေရာအား ပြင်ဆင်နေသည်ကို တွေ့ရစဉ်)
ဂျပန်၏ အကူအညီဖြင့် ရန်ကုန်-ပဲခူး လမ်းပိုင်းအပြင် မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းကိုပါ အဆင့်မြှင့်တင် မှုများ ပြုလုပ်ရန် စီစဉ်နေေ ကြာင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံရှိ မီးရထားလမ်းပိုင်းများနှင့် မီးရထားများကို အဆင့်မြှင့်တင်မှု များ ပြုလုပ်သွားရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာ့မီးရထားဝန်ကြီးဌာနတို့ သဘောတူညီမှု လုပ်ဆောင်ခဲ့ပြီး ပဲခူး-ရန်ကုန် ရထားလမ်းပိုင်းမှာ ယင်းသဘောတူညီချက်၏ ပထမဆုံးအကောင်အထည်ဖော်မည့် အစီ အစဉ်ဖြစ်နေပြီး ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကိုပါ ဆက်လက်အကောင်အထည်ဖော်သွားရန် စီစဉ်နေေ ကြာင်း လည်း သိရသည်။

မြန်မာ့မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ဂျပန်နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်တာ ပဲခူးလမ်းပိုင်းအပြင် မန္တလေး-ရန်ကုန် လမ်းပိုင်းကိုပါ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်'' ဟု ပြောကြား သည်။ လက်ရှိ ရန်ကုန်-ပဲခူးလမ်းပိုင်း ပြုပြင်ရန်အတွက် ပြင်ဆင်မှုများနှင့် ကွင်း ဆင်းလေ့ လာမှုအပိုင်း များ ပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီအကုန်တွင် လုပ်ဆောင် သွားနိုင်မည်ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအတွက် ဂျပန်နိုင်ငံမှ စက်ပစ္စည်း ၇၀ ကျော်ဖြင့် အထောက် အပံ့ ပေးသွား မည် ဖြစ် ပြီး မြန်မာနိုင်ငံမှ လုပ်သား များအတွက် ဖြည့် ဆည်းပေး သွားရမည် ဖြစ်ကြောင်း သိရသည်။ ယခုအချိန် တွင် ဂျပန်နိုင်ငံ မှ အဲယားကွန်းများ တပ်ဆင်ထားသည့် မီးရထားများကို မြို့ပတ်ရထားများ အဖြစ် ပြေးဆွဲရန် အဆင့်မြှင့်တင် မှုများ ပြုလုပ်နေပြီး ရန်ကုန်မြို့ရှိ ရထားလမ်းပိုင်း များကိုလည်း ရာနှုန်းပြည့် ပြင်ဆင်မှု များ ပြုလုပ်နေပြီဖြစ် သည်။

နောင်လာမည့် ရထားလမ်း စီမံကိန်းများနှင့် ရန်ကုန်မြို့ပတ် ရထားလမ်း တွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက် သာသော ချေးငွေများကိုလည်း ထုတ်ပေး သွားရန် သဘောတူညီမှု ရရှိထားကြောင်း လည်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

မြန်မာ့မီးရထား ၀န်ကြီးဌာန၏ အနာဂတ်စီမံကိန်းများ အရ ဖြတ်လမ်းကျယ် သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြု ကာ ပြုပြင်ရေးဆွဲ အတည်အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment