Sunday, September 29, 2013

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဘယ်လ်ဂျီယမ် အစိုးရ၏ ဖိတ်ကြားချက်အရ ရန်ကုန်မှ ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ  ၄၅ မိနစ်ခန့်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာ ခဲ့ကြောင်း မြန် မာ့ ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ သွားခဲ့ကြောင်း သိရှိရပြီး ဒုတိယသမ္မတနှင့် အဖွဲ့သည် ဘယ်လ်ဂျီ ယမ် နိုင်ငံရှိ ဖလန်းနက်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အမျိုးသား ရေနှင့်စွန့်ပစ်ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် မြစ်ဝှမ်းဒေသ ထိန်းသိမ်းမှု အစီအစဉ်၊ အန်ဝှက်ဆိပ်ကမ်းမြို့ရှိ အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများသို့ သွားရောက်ကြည့်ရှု လေ့လာသွား မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေ ဆိပ် တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment