Tuesday, September 17, 2013

ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ

မြန်မာနိုင်ငံနယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင် စာရင်း ကောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းသဘော တူညီမှု ရပြီ ဖြစ်သော် လည်း ကေအိုင်အိုအဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကချင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်လျက် ရှိသော ဒေသများမှအပ ကျန်ဒေသ အားလုံးတွင် သီးသန့်လုံခြုံရေး မလို အပ်ကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်တွင် မည်သည့် လုံခြုံရေးမျှ ထားရှိ ရန် မလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

“ဒါက စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဘူး။ ကောက်လို့ မရရင် အကောက် မခံသူတွေ ပဲ နစ်နာမယ်” ဟု ၎င်းကဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ နယ်မြေဒေသအားလုံး မကျန် ရှိစေရန် ၂၀၁၄ မတ်လမတိုင်မီ ပဋိပက္ခကျန်ရှိနေသည့် ဒေသများရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

“နောက်ဆုံးမရခဲ့ဘူးဆိုရင်တောင် ကျန်နေမှာ တိုင်းပြည်လူဦးရေနဲ့ယှဉ်ရင် မပြောပလောက်တော့ ပင်မစီမံ ကိန်း ကို မထိခိုက်နိုင်ပါဘူး” ဟု ၎င်းက သုံးသပ် သည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပါအဝင် နယ် စပ်ဒေသ အသီးသီးသို့ အသေးစိတ် သွားရောက်ရှင်းပြမည်ဖြစ်ပြီး မိုင်းလားဒေသသို့ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင် မကြာမီသွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment