Wednesday, September 11, 2013

ဆီးရီးယားကိုအရေးယူအပြစ်ပေးရန် အိုဘားမား၏အားထုတ်မှု ဟီလာရီကလင်တန်ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ရန် လွှတ်တော်၏ ထောက်ခံ ချက်ရရှိရေး သမ္မတဘာရက် အိုဘားမား၏ ကြိုးစားအားထုတ်မှုကို ထောက်ခံခဲ့ပြီး အာဆတ် အစိုးရလက်နက်ချအညံ့ခံရေးနှင့် ၎င်းတို့၏ လက်နက်များ နိုင်ငံတကာ ထိန်းချုပ်မှုအောက်ထားရှိရေးဆောင်ရွက်ချက်မှာ အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု စက်တင်ဘာ ၉ ရက်တွင်ပြောကြားသည်။
သို့သော် ဓာတုလက်နက်များဖယ်ရှားရာတွင် ဆီးရီးယားအစိုးရအနေဖြင့် ဆင်ခြေပေးခြင်းနှင့် ဟန့်တားနှောင့် ယှက်ခြင်းများ မပြုလုပ်သင့်ကြောင်း ကလင်တန်က သတိပေးခဲ့သည်။ ကလင်တန်သည် ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ရန် လွှတ်တော်၏ထောက်ခံချက်ရရှိရန် ကြိုးပမ်း နေသော အိုဘားမားနှင့် အိမ်ဖြူတော်၌တွေ့ဆုံခဲ့ပြီး ယင်း ကဲ့သို့ထုတ်ဖော် ပြောကြားခြင်းမှာ ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ကလင်တန်၏ သဘောထားကို ပထမဆုံး အကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောကြားခြင်းပင် ဖြစ်သည်။
“အိုဘားမားရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ ကျွန်မ ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်သလို လွှတ်တော်ကလည်း အကောင်းဆုံး စဉ်းစားဆုံးဖြတ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဟီလာရီကလင်တန် က ဆက်လက် ပြောကြားသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment