မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင်မှ ကယ်ထုတ်ခဲ့သူ တပ် မတော်အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။
အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေ သတ်မှတ်မှု အရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုးထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။
''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။
ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။
Yangon Media Group
No comments:
Post a Comment