Sunday, September 15, 2013

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ

Photo: သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ 
 Sunday, September 15, 2013

၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှု ကြောင့် ဦးစိုင်းစိုင်း နှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း (ခ) လုံးလုံး အား ဒဏ်ရာများ ရရှိ၍ ဆေးရုံးသို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊  ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့ မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည် ၄င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါ လာသော ၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ် သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်း မှ ကြိုပြီး ပြန်လာ စဉ် ရွှေမြေသာယာ ဈေးရှေ့ ဦးစိုင်းစိုင်း ၏ နေအိမ် အနီး အရောက် တွင် ဆိုင်ကယ် ဦးထုပ် ဆောင်းထားသော အမျိုးသား ၂ ဦး ( အမည်စုံစမ်းဆဲ ) မှ မော်တော်ယာဉ် ၏ ယာဘက်ဘေး မှ မော်တော် ဆိုင်ကယ် စီးနင်းလာပြီး သေနတ် အတိုဖြင့် (၃) ချက်ခန့် ပစ်ခတ် ထွက်ပြေး သွားကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၏ ယာဉ်မောင်း ယာဘက်ဘေး မှန်တစ်ချပ် ကွဲသွားပြီး ဦးစိုင်းစိုင်း တွင် မေးစေ့ ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ယာလက်မောင်း ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ယာပခုံး ဖောက်ဝင် ဒဏ်ရာ တစ်ချက် နှင့် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး တွင် ဝဲလက်ဖဝါး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲပါးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲမေးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် တို့အသီးသီး ရရှိခဲ့ပြီး တာချီလိတ် ဆေးရုံသို့ ညနေ ၄ နာရီ ၁ဝ မိနစ်အချိန် ပို့ဆောင် ဆေးကုသမှု ခံယူခဲ့ပြီး နောက်  ထိုင်းနိုင်ငံ ၊ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ပစ်ခတ် ထွက်ပြေး သွားသူအား စုံစမ်း ဖော်ထုတ် အရေးယူ ပေးရန် ဦးစိုင်းစိုင်း (ဘ) ဦးနန်နွန်း (၅၅/၂ဝ၁၃) နှစ် ၏ သားဖြစ်သူ စိုင်းအင် တစ် ( ၂၆/ ၂ဝ၁၃) နှစ် ၊ ၁/၈၆(ဂ) ၊ ၁ လမ်း ၊ မယ်ခေါင် ရပ်ကွက် ၊ တာချီလိတ်မြို့ နေသူမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် တာချီလိတ် မြို့မ ရဲစခန်း မှ (ပ) ၁၉၈/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

The Myawady Daily
၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုင်းစိုင်းနှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း(ခ) လုံးလုံးအား ဒဏ်ရာများရရှိ၍ ဆေးရုံ သို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊  ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့ မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည် ၄င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါလာသော ၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ်သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်းမှ ကြိုပြီး ပြန်လာစဉ် ရွှေမြေသာယာ ဈေးရှေ့ ဦးစိုင်းစိုင်း ၏ နေအိမ်အနီး အရောက်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသောအမျိုးသား ၂ ဦး ( အမည်စုံစမ်းဆဲ ) မှ မော်တော်ယာဉ်၏ ယာဘက်ဘေးမှ မော်တော် ဆိုင်ကယ်စီးနင်းလာပြီး သေနတ် အတိုဖြင့်(၃)ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်၏ ယာဉ်မောင်းယာဘက်ဘေး မှန် တစ်ချပ်ကွဲသွားပြီး ဦးစိုင်းစိုင်းတွင် မေးစေ့ ဖောက်ဝင် ဒဏ်ရာတစ်ချက် ၊ ယာလက်မောင်း ဖောက်ဝင် ဒဏ်ရာတစ်ချက် ၊ ယာပခုံး ဖောက်ဝင်ဒဏ်ရာတစ်ချက် နှင့် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး တွင် ဝဲလက်ဖဝါး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲပါးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲမေးရိုး ဖောက်ဝင် ဒဏ်ရာတစ်ချက် တို့အသီးသီးရရှိခဲ့ပြီး တာချီလိတ် ဆေးရုံသို့ ညနေ ၄ နာရီ ၁ဝ မိနစ်အချိန် ပို့ဆောင် ဆေးကုသမှုခံယူခဲ့ပြီး နောက်ထိုင်းနိုင်ငံ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

ပစ်ခတ် ထွက်ပြေးသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးစိုင်းစိုင်း(ဘ) ဦးနန်နွန်း (၅၅/၂ဝ၁၃) နှစ် ၏ သားဖြစ်သူ စိုင်းအင်တစ်(၂၆/၂ဝ၁၃) နှစ်၊ ၁/၈၆(ဂ)၊ ၁ လမ်း၊ မယ်ခေါင်ရပ်ကွက် ၊ တာချီ လိတ်မြို့ နေသူမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၁၉၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment