Monday, September 16, 2013

စလင်းမြို့ တပ်သိမ်းမြေများအတွက် ကာကွယ် ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာငါးခုသို့ စာတင်

စလင်း မြို့နယ်ရှိ ခလရ(၂၅၃)နှင့် (၂၅၄) တို့မှသိမ်းဆည်းထားသော လယ်ယာမြေများအား လယ်ယာမြေ ဥပဒေနှင့်အညီ ပြန်လည်လုပ် ပိုင်ခွင့်ချထားပေးရန် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီ စလင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုးမြင့်က ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင် ရာငါးခုသို့ စာတင်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စ လင်းမြို့နယ် ရုံးပင်ကန်ကျေးရွာ မှ တောင်သူ ၃၃ ဦးတို့၏ တပ် သိမ်းမြေဧရိယာ ၁၁၅ဒသမ၈၀ ဧကတို့သည် ဘိုးဘွားစဉ်ဆက် နှစ်ပေါင်း၃ဝကျော်ကြာ လုပ်ကိုင် လာခဲ့ကြခြင်းဖြစ်၍ ၁၉၉၅ခုနှစ် တွင် ခလရ(၂၅၃)နှင့်(၂၅၄)တို့ မှ မြေအစားထိုးပေးခြင်း၊ နစ်နာ ကြေးပေးခြင်း လုံးဝမရှိဘဲ သိမ်း ဆည်းခဲ့ကြောင်း၊ ယခုအခါတွင် သိမ်းဆည်းထားသောမြေများ အနက် အဆောက်အအုံ ဆောက် လုပ်မည်မဟုတ်သောမြေများအား ပြန်လည်စိစစ်၍ လုပ်ပိုင်ခွင့်ချပေး စေချင်ကြောင်း တောင်သူလယ် သမားများထံမှ သိရသည်။

ဦးစိုးမြင့်က ''ကျွန်တော်တို့ ဌာနဆိုင်ရာငါးခုကို စာတင်ပြီး ပါပြီ။ တစ်ဆင့်တော့ အောင်မြင် သွားတာပေါ့။ လက်ရှိဖြစ်နေတဲ့ တောင်သူ ၃၃ဦးဟာ အမှန် တကယ်ကို နစ်နာနေတာဖြစ်တဲ့ အပြင် သိမ်းဆည်းခံရစဉ်ကလဲ လျော်ကြေး၊ နစ်နာကြေး တစ်စုံ တစ်ရာမရခဲ့တာကြောင့် အခုအ ဆောက်အအုံမဆောက်ဘဲ ပိုနေ တဲ့မြေနေရာမှာတော့ ပြန်လုပ်ကိုင်ဖို့ခွင့်ပြုပေးသင့်ပါတယ်''ဟု ပြောသည်။

ထို့ကြောင့် အဆောက်အ အုံ ဆောက်လုပ်မည်မဟုတ်သော တောင်သူများ၏ မြေများအား ပြန်လည်စိစစ်၍ လုပ်ပိုင်ခွင့်ချမှတ် ပေးပါရန်နှင့် ၂၀၁၂ခုနှစ် လယ် ယာမြေဥပဒေသစ် အခန်း(၃)၊ ပုဒ်မ-၁၆၊ ၁ရတို့ကို ရည်ညွှန်း၍ တောင်သူများ၏ဘဝ တိုးတက် အောင် ကူညီဆောင်ရွက်ပေးစေ ချင်ကြောင်း ဆက်လက်ပြောသည်။စလင်းမြို့နယ် ရှောက်တော ရွာမှ လယ်သမားဦးအောင်သိန်း ဦးက ''ကျွန်တော်တို့ ဒီလယ်မှာ လုပ်လာတာ နှစ်ပေါင်း၃ဝကျော် လာပါပြီ။ စစ်တပ်က သိမ်းတုန်း ကလဲ ဘာမှမပေးခဲ့ပါဘူး။ အခု သူတို့ဆောက်ပြီးတဲ့ အဆောက် အအုံတွေအပြင် ပိုနေတဲ့နေရာ မှာတော့ ပြန်ပြီးလုပ်ချင်ပါတယ်'' ဟု ပြောသည်။

အဆောက်အအုံဆောက် လုပ်ခြင်းမရှိသော သိမ်းဆည်းခံ မြေနေရာများတွင် မူလလုပ်ကိုင် သူ တောင်သူများကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်အတွက် တင်ပြ စာကို ဩဂုတ် ၂၉ရက်တွင် ဌာန ဆိုင်ရာငါးခုသို့ တင်ပြထားပြီးဖြစ်၍ ယင်းဌာနဆိုင်ရာ ငါးခုမှာ ဝန်ကြီး ချုပ် မကွေးတိုင်းဒေသကြီး၊ မကွေး မြို့ တိုင်းဦးစီးမှူး၊ မကွေးတိုင်း မြေစာရင်းဦးစီးဌာန၊ မကွေးမြို့ တပ်နယ်မှူး၊ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅)စလင်းနယ်မြေခံတပ်ရင်း များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စလင်းမြို့ ဦးစီးအရာ ရှိ၊ မြို့နယ် မြေစာရင်းဦးစီးဌာန၊ စလင်းမြို့တို့ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment