Monday, September 16, 2013

ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင် တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း

Photo: ရဲစခန်းမှ အမှုဆင်ဖမ်းဆီးခြင်းခံရသည်ဆို၍ ဟင်္သာတအကျဉ်းထောင်
တွင် ထောင်ချုပ်ကျ တရားခံလေးဦး အစာငတ်ခံဆန္ဒပြမှု ရုပ်သိမ်း
Monday, September 16, 2013

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ဆုံ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြု
တဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်
ရွက်ပေးပါတယ်။

အထက် အကြီးအကဲတွေကလဲ ဒီကိစ္စကို အလေးဂရုပြုပြီး ကိုယ်တိုင်သွား
ရောက်တွေ့ဆုံဖို့၊ ပြောဖို့ ဆိုဖို့ ဖျောင်းဖျဖို့ ပြောတယ်။ အဲဒါနဲ့ ဟင်္သာတကိုရောက်ခဲ့တာပါ။ ဆရာ ဝန်နဲ့ဆေးစစ်တာ ခဏစောင့်ပြီး တော့ နံနက်၁၁နာရီ ၁၅မိနစ်မှာ စတွေ့ပြီး အကျဉ်းဌာနရဲ့လုပ်ထုံး လုပ်နည်းတွေ ရှင်းလင်းပြောပြီး တော့မှ သူတို့ရဲ့စိတ်ခံစားချက် တွေကို နားထောင်ပါတယ်။ နား ထောင်ပြီး ဖျောင်းဖျပြောဆိုတဲ့ အခါမှာ သူတို့က မွန်းလွဲ၁နာရီ မှာ ပြန်ပြီးတော့ ရုပ်သိမ်းသွားပါ တယ်''ဟု အကျဉ်းဦးစီးဌာန တာ ဝန်ရှိသူအရာရှိတစ်ဦးက ပြော သည်။

ဟင်္သာတအကျဉ်းထောင် အတွင်း ထောင်ချုပ် ကျခံရသူ ဦးခင်မောင်မြင့်၊ ဦးဝေဖြိုးသန်း၊ ဦးမျိုးမင်းနှင့် ဦးဝင်းနိုင်တို့ လေးဦး က အစာငတ်ခံဆန္ဒပြမှုအား စက် တင်ဘာ၁၄ရက် ညနေ၃နာရီခွဲခန့် မှစတင်ခဲ့ကာ တိုင်းဒေသကြီးအ ကျဉ်းဦးစီးဌာနရုံး ညွှန်ကြားရေး မှူး ဦးမင်းစိုးမှ ကိုယ်တိုင်လာ ရောက်တွေ့ဆုံ၍ အကျဉ်းဦးစီး ဌာန၏ဥပဒေ၊ ညွှန်ကြားချက်၊ လုပ် ထုံးလုပ်နည်းတို့ကို ရှင်းလင်းပြော ဆိုခဲ့ပြီး ကာယကံရှင်များ၏ စိတ် ခံစားချက်ကို ကြေညာလွှာအဖြစ် အထက်အဆင့်သို့ တင်ပြရန်ညှိ နှိုင်းရရှိမှုကြောင့် စက်တင်ဘာ ၁၅ရက် မွန်းလွဲ၁နာရီတွင် အစာ ငတ်ခံဆန္ဒပြမှု ရုပ်သိမ်းခဲ့ခြင်းဖြစ် သည်။

ယင်းအကျဉ်းဦးစီးဌာနအ ရာရှိကြီးက ''အကျဉ်းထောင်မှာ နေ့
တိုင်းထောင်ဖွင့်တဲ့အချိန် နံနက်၊ ညနေ ထောင်ပိတ်တဲ့အချိန်ရှိပါ တယ်။ အဲဒီအချိန်တွေမှာ ဘယ် အကျဉ်းသားမဆို သူတို့တင်ပြချင် တာတွေကို တာဝန်ရှိသူထံ တင်ပြ လို့ရပါတယ်။ တင်ပြတာတွေကို လဲ တာဝန်ရှိသူက နားထောင်ပြီး အထက်ကို ပြန်တင်ပြရပါတယ်။ နောက်တစ်ခါ တနင်္လာနေ့ တန်းစီ တိုင်း တာဝန်ခံအရာရှိထောင်မှူး က အကျဉ်းသားအားလုံးနဲ့ တွေ့ ရပါတယ်။ အဲဒီမှာလဲ ဘာတင်ပြ စရာရှိလဲ တင်ပြလို့ရပါတယ်။ ဒီလို ပဲအခါ အားလျော်စွာ အထက် အဆင့်တွေလာခဲ့ရင်လဲ တွေ့ဆုံ တဲ့အခါ တင်ပြလို့ရပြီးသားပါ။

ဒီတင်ပြတာတွေကို အချိန်နဲ့တစ် ပြေးညီ တင်ပြပေးရတာပဲ။ ဒီလို အစာငတ်ခံဆန္ဒပြတာတော့ အ ကျဉ်းထောင်ဥပဒေကို ချိုးဖောက် ရာရောက်တာပေါ့။ ဒီလိုဆန္ဒပြ တော့လဲ သူ့ရဲ့ဆန္ဒကိုပိတ်ပင်လို့ မရဘူး။ ဒီနေ့လို ဆွေးနွေးတဲ့အခါ မှာအဆင်ပြေပါတယ်။ ဆန္ဒပြတဲ့ အကြောင်းကလဲ အကျဉ်းထောင် နဲ့ မပတ်သက်ပါဘူး။ အမှုကိစ္စနဲ့ ဆက်နွှယ်တာပါ။ ဆန္ဒပြမှုရပ်ဆိုင်း အပြီးမှာ သူတို့ကိုယ်တိုင်တင်ပြ ခွင့်ရသွားပါပြီ။ ပြီးရင် လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်ပြီး အချုပ်သားရဲ့ ရပိုင်ခွင့်တွေ ပြန် ရမှာဖြစ်ပါတယ်။ လက်ရှိက အေး အေးချမ်းချမ်းပါပဲ။ ကျန်းမာရေး အခြေအနေလဲ ကောင်းပါတယ်'' ဟု ရှင်းပြသည်။

Yangon Media Group
ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒထုတ်ဖော်သူ လေးဦး ကို တိုင်းအကျဉ်းဦးစီးဌာနရုံးညွှန် ကြားရေးမှူးမှ စက်တင်ဘာ၁၅ ရက် နံနက်၁၁နာရီခန့်တွင် လာ ရောက်တွေ့ ဆုံ ၍ ရှင်းလင်းဖျောင်း ဖျမှုအပြီး မွန်းလွဲ၁နာရီခန့်တွင် အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းခဲ့ ကြောင်း သိရသည်။''သူတို့ရဲ့ဝန်ခံကတိပြုတဲ့ ကြေညာလွှာကို ကျွန်တော်တို့ထံ ပေးတယ်။ အဲဒီလိုပြီးတဲ့အခါမှာ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင် ရွက်ပေးပါတယ်။
အထက် အကြီးအကဲတွေကလဲ ဒီကိစ္စကို အလေးဂရုပြုပြီး ကိုယ်တိုင်သွား ရောက်တွေ့ဆုံဖို့၊ ပြောဖို့ ဆိုဖို့ ဖျောင်းဖျဖို့ ပြောတယ်။ အဲဒါနဲ့ ဟင်္သာတကိုရောက်ခဲ့တာပါ။ ဆရာ ဝန်နဲ့ဆေးစစ်တာ ခဏစောင့်ပြီး တော့ နံနက်၁၁နာရီ ၁၅မိနစ်မှာ စတွေ့ပြီး အကျဉ်းဌာနရဲ့လုပ်ထုံး လုပ်နည်းတွေ ရှင်းလင်းပြောပြီး တော့မှ သူတို့ရဲ့စိတ်ခံစားချက် တွေကို နားထောင်ပါတယ်။ နား ထောင်ပြီး ဖျောင်းဖျပြော ဆိုတဲ့ အခါမှာ သူတို့က မွန်းလွဲ၁နာရီ မှာ ပြန်ပြီးတော့ ရုပ်သိမ်းသွားပါ တယ်''ဟု အကျဉ်းဦးစီးဌာန တာ ဝန်ရှိသူအရာရှိတစ်ဦးက ပြော သည်။


ဟင်္သာတအကျဉ်းထောင် အတွင်း ထောင်ချုပ် ကျခံရသူ ဦးခင်မောင်မြင့်၊ ဦးဝေဖြိုးသန်း၊ ဦးမျိုးမင်းနှင့် ဦးဝင်းနိုင်တို့ လေးဦး က အစာငတ်ခံဆန္ဒပြမှုအား စက် တင်ဘာ၁၄ရက် ညနေ၃နာရီခွဲခန့် မှစတင်ခဲ့ကာ တိုင်းဒေသကြီးအ ကျဉ်းဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမင်းစိုးမှ ကိုယ်တိုင်လာ ရောက်တွေ့ဆုံ၍ အကျဉ်းဦးစီး ဌာန၏ဥပဒေ၊ ညွှန်ကြားချက်၊ လုပ် ထုံးလုပ်နည်းတို့ကို ရှင်းလင်းပြော ဆိုခဲ့ပြီး ကာယကံရှင်များ၏ စိတ် ခံစားချက်ကို ကြေညာလွှာအဖြစ် အထက်အဆင့်သို့ တင်ပြရန်ညှိ နှိုင်း ရရှိမှုကြောင့် စက်တင်ဘာ ၁၅ရက် မွန်းလွဲ၁နာရီတွင် အစာ ငတ်ခံဆန္ဒပြမှု ရုပ်သိမ်းခဲ့ခြင်းဖြစ် သည်။

ယင်းအကျဉ်းဦးစီးဌာနအ ရာရှိကြီးက ''အကျဉ်းထောင်မှာ နေ့တိုင်းထောင်ဖွင့်တဲ့အချိန် နံနက်၊ ညနေ ထောင်ပိတ် တဲ့ အချိန်ရှိပါ တယ်။ အဲဒီအချိန်တွေမှာ ဘယ် အကျဉ်းသားမဆို သူတို့တင်ပြချင် တာတွေကို တာဝန်ရှိသူထံ တင်ပြ လို့ရပါတယ်။ တင်ပြတာတွေကို လဲ တာဝန်ရှိသူက နားထောင်ပြီး အထက်ကို ပြန်တင်ပြရပါတယ်။ နောက်တစ်ခါ တနင်္လာနေ့ တန်းစီ တိုင်း တာဝန်ခံအရာရှိထောင်မှူး က အကျဉ်းသားအားလုံးနဲ့ တွေ့ ရပါတယ်။ အဲဒီမှာလဲ ဘာတင်ပြ စရာရှိလဲ တင်ပြလို့ရပါတယ်။ ဒီလို ပဲအခါ အားလျော်စွာ အထက် အဆင့်တွေလာခဲ့ရင်လဲ တွေ့ဆုံ တဲ့အခါ တင်ပြလို့ရပြီးသားပါ။

ဒီတင်ပြတာတွေကို အချိန်နဲ့တစ် ပြေးညီ တင်ပြပေးရတာပဲ။ ဒီလို အစာငတ်ခံဆန္ဒပြတာတော့ အ ကျဉ်းထောင်ဥပဒေကို ချိုးဖောက် ရာရောက်တာပေါ့။ ဒီလိုဆန္ဒပြ တော့လဲ သူ့ရဲ့ဆန္ဒကိုပိတ်ပင်လို့ မရဘူး။ ဒီနေ့လို ဆွေးနွေးတဲ့အခါ မှာအဆင်ပြေပါတယ်။ ဆန္ဒပြတဲ့ အကြောင်းကလဲ အကျဉ်းထောင် နဲ့ မပတ်သက်ပါဘူး။ အမှုကိစ္စနဲ့ ဆက်နွှယ်တာပါ။ ဆန္ဒပြမှုရပ်ဆိုင်း အပြီးမှာ သူတို့ကိုယ်တိုင်တင်ပြ ခွင့်ရသွားပါပြီ။ ပြီးရင် လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်ပြီး အချုပ်သားရဲ့ ရပိုင်ခွင့်တွေ ပြန် ရမှာဖြစ်ပါတယ်။ လက်ရှိက အေး အေးချမ်းချမ်းပါပဲ။ ကျန်းမာရေး အခြေအနေလဲ ကောင်းပါတယ်'' ဟု ရှင်းပြသည်။

Yangon Media Group

No comments:

Post a Comment