Sunday, September 29, 2013

Blogger ရွှေနိုင်ငံ - Create post.htm

Photo: မန္တလေး အိမ်၊ ခြံ၊ မြေခေါ်ဈေးမြင့်၍ ဈေးကွက်စောင့်ကြည့်သူ ပိုများ

မန္တလေး၊ စက်တင်ဘာ ၂၈

တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ ခေါ်ဈေး မြင့်မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေးကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
“ဝယ်လက်က ရှိတယ်။ ခေါ်ဈေးတွေ မြင့်တော့ အရောင်းအဝယ် မဖြစ်တာ။ ဈေးကွက်ကို နည်းနည်း စောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိတယ်” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေမှာ ယခုစက်တင်ဘာလ နောက်ဆုံး ပတ်တွင် မန္တလေးမြို့ စက်မှုမြို့သစ်မြေများ အရောင်းအဝယ် ပြန်ဖြစ်စ ပြုလာကြောင်း၊ မန္တလေးမြို့သစ်ဘက် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ မူလဈေးထက် ကျပ်သိန်း ၁၀၀ ကျော်ခန့် ခေါ်ဈေး ဖြစ်လျက် ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မမအကွက်များတွင် ကြားကွက် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၅၀ အထိ ဈေးရှိပြီး လမ်းပေါ်တင် (လမ်းမဘေး) ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၁၀၀၀ ကျော်ခန့်အထိ ဈေးရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် သ (၆)၊ သ (၅) အကွက်များသည် သိန်း ၉၀၀ အထိ ပေါက်ဈေး ရှိလာကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၆၉ လမ်းပေါ် ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၅၅၀ ခန့်အထိ ခေါ်ဈေး ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးတွင်  စီမံကိန်းရှိရာ မြေနေရာများ ရှိရာသို့ လိုက်၍ မြေဝယ်ရောင်း လုပ်ကိုင်သူများကြောင့် ခေါ်ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိရာ မြင်းခြံခရိုင်ရှိ ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ မြင်းခြံမြို့နယ် ဆီမီးခုံ နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ် စီမံကိန်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း၊ မန္တလေးခရိုင် အမရပူရမြို့နယ် မြင်းမှူးဆင်ရွာ ကျေးရွာရှိ ကျောက်စိမ်း ကျောက်မျက်ဈေး သစ်စီမံကိန်း၊ မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ရှိ ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်မည့် စီမံကိန်း စသည့် စီမံကိန်းများရှိရာ မြေနေရာများအနီး မြေကွက်များသည်လည်း ယခင်ပေါက်ဈေး နည်းပါးခဲ့ရာမှ ထိုစီမံကိန်း သတင်းကြောင့် ဝယ်လက်များ စုပြုံရောက်လာကာ မြေဈေးများလည်း အဆမတန် မြင့်တက်ခဲ့ကြကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မှာ ခေါ်ဈေး မြင့် မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေး ကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။ “ဝယ်လက်ကရှိတယ်။ ခေါ်ဈေးတွေ မြင့်တော့ အရောင်းအဝယ်မဖြစ်တာ။ ဈေးကွက်ကို နည်း နည်း စောင့်ကြည့်နေကြတဲ့အခြေအနေမှာရှိတယ်” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချို က ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေမှာ ယခုစက်တင်ဘာလ နောက်ဆုံး ပတ်တွင် မန္တလေးမြို့ စက်မှုမြို့သစ်မြေများ အရောင်းအဝယ် ပြန်ဖြစ်စ ပြု လာကြောင်း၊ မန္တလေးမြို့သစ်ဘက် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ မူလဈေးထက် ကျပ်သိန်း ၁၀၀ ကျော်ခန့် ခေါ်ဈေး ဖြစ်လျက် ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မမအကွက်များတွင် ကြားကွက် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၅၀ အထိ ဈေးရှိပြီး လမ်းပေါ်တင် (လမ်းမဘေး) ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၁၀၀၀ ကျော်ခန့် အထိ ဈေး ရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် သ (၆)၊ သ (၅) အကွက်များသည် သိန်း ၉၀၀ အထိ ပေါက်ဈေး ရှိလာကြောင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၆၉ လမ်းပေါ် ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၅၅၀ ခန့်အထိ ခေါ်ဈေး ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးတွင် စီမံကိန်းရှိရာ မြေနေရာများ ရှိရာသို့ လိုက်၍ မြေဝယ်ရောင်း လုပ်ကိုင်သူ များကြောင့် ခေါ်ဈေးမြင့် တက်ခြင်း ဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီး အတွင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိရာ မြင်းခြံခရိုင်ရှိ ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ မြင်းခြံမြို့နယ် ဆီမီးခုံ နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ် စီမံကိန်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း၊ မန္တလေးခရိုင် အမရပူရမြို့နယ် မြင်းမှူး ဆင်ရွာ ကျေးရွာ ရှိ ကျောက်စိမ်း ကျောက်မျက်ဈေး သစ်စီမံကိန်း၊ မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ရှိ ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်မည့် စီမံကိန်း စသည့် စီမံကိန်းများရှိရာ မြေနေရာများအနီး မြေကွက်များသည်လည်း ယခင်ပေါက်ဈေး နည်းပါးခဲ့ရာမှ ထိုစီမံကိန်း သတင်းကြောင့် ဝယ်လက်များ စုပြုံရောက်လာကာ မြေဈေးများလည်း အဆမတန် မြင့်တက်ခဲ့ကြကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment