Monday, September 16, 2013

ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့နှင့် (MNLF) အဖွဲ့ဝင်များကြား ခြောက်ရက် ကြာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ၅၆ ဦးထက်မနည်း သေဆုံး

Photo: ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့နှင့် (MNLF) အဖွဲ့ဝင်များကြား ခြောက်ရက် ကြာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ၅၆ ဦးထက်မနည်း သေဆုံး
Monday, September 16, 2013

ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါ ဆိပ်ကမ်း မြို့တွင် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့ဝင်များနှင့် အစိုးရ တပ်ဖွဲ့ဝင် များကြား ဖြစ်ပွား ခဲ့သော ခြောက် ရက်ကြာ ပဋိပက္ခများကြောင့် ၅၆ ဦးထက်မနည်း သေဆုံးခဲ့ သည်ဟု သတင်းဌာန တစ်ခုက စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကမ်းရိုးတန်း ရွာများကို သိမ်းပိုက်ထားသော (MNLF) အဖွဲ့ဝင်များကို နှိမ်နင်းလျက် ရှိကြောင်း Sky News သတင်း ဌာနက ဖော်ပြ ခဲ့သည်။

(MNLF) အဖွဲ့ဝင် ၂ဝဝ ကျော်ကို ဝန်းရံထားသော အစိုးရ တပ်ဖွဲ့ ဝင်များ သည် သူပုန်များ သိမ်းပိုက်ထားသော ဒေသများကို တဖြည်းဖြည်း ပြန် လည် သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့ရှိ ဆင်ခြေဖုံး ဒေသများမှ လမ်းများကို ရှင်းလင်းမှု ပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး မာရိုဆက်စ် က ပြောကြားခဲ့သည်။

ဓားစာခံအချို့သည် သူပုန်များထံမှ လွတ်မြောက်လာခဲ့သော်လည်း ကျန် ရှိနေသေးသော ဓားစာခံ အရေအတွက် ကို အတိအကျ မသိရှိ ရသေးကြောင်း သတင်းရရှိသည်။

မြ၀တီ
ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါဆိပ်ကမ်းမြို့တွင် မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး(MNLF)အဖွဲ့ဝင် များနှင့် အစိုးရတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားခဲ့သော ခြောက်ရက်ကြာ ပဋိပက္ခများကြောင့် ၅၆ ဦးထက် မနည်း သေဆုံးခဲ့ သည်ဟု သတင်းဌာန တစ်ခုက စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရ တပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကမ်းရိုးတန်းရွာများ ကို သိမ်းပိုက်ထားသော(MNLF)အဖွဲ့ဝင်များကို နှိမ်နင်းလျက်ရှိကြောင်း Sky News သတင်းဌာန က ဖော်ပြခဲ့သည်။

(MNLF) အဖွဲ့ဝင် ၂ဝဝ ကျော်ကို ဝန်းရံထားသော အစိုးရတပ်ဖွဲ့ ဝင်များသည် သူပုန်များသိမ်းပိုက် ထားသော ဒေသများကို တဖြည်းဖြည်း ပြန်လည်သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့ရှိ ဆင်ခြေဖုံး ဒေသများမှ လမ်း များကို ရှင်းလင်းမှု ပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး မာရိုဆက်စ် က ပြောကြားခဲ့သည်။

ဓားစာခံအချို့သည် သူပုန်များထံမှ လွတ်မြောက်လာခဲ့သော်လည်း ကျန်ရှိနေသေးသော ဓားစာခံ အရေ အတွက်ကို အတိအကျ မသိရှိ ရသေးကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment