Thursday, October 3, 2013

တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု

Photo: တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု 
Thursday, October 3, 2013

 သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ယခင်ပြဋ္ဌာန်း ထားတဲ့ အတိုင်းပဲ   အတည်ပြုလိုက်တာပါ။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ သမ္မတနဲ့ လွှတ်တော် သဘောထား ကွဲတဲ့ အချက်တချို့ကို ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလို ပြောပါ တယ်။

“လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းတဲ့ လုပ်ငန်းတာဝန် သတ် မှတ် တာနဲ့ ပတ်သက်ပြီး ဦးဆောင်အဖွဲ့ ဖွဲ့မယ်။ ဖွဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့ရယ်၊ ပြည်ထောင်စု နယ်မြေက အုပ်ချုပ်မှုအဖွဲ့ အဲဒီမှ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အခြားလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံသူတွေနဲ့ ဖွဲ့စည်းပေးပြီးတော့မှ ဒါကို အတည်ပြုရ တာပေါ့။ အခု သမ္မတဆီက လာတဲ့ ဟာကြတော့ ဦးဆောင်အဖွဲ့လိုအပ် ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတန်ဖိုး သတ် မှတ်နိုင်ပြီဆိုပြီး ပြန်လာတဲ့အခါကျတော့ ကျနော်တို့ဆီက နဂို ပြည်ထောင် စု လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်းပဲ အတည်ပြုလိုက်တာပေါ့။”

ဒီဥပဒေအတည်ပြုလုပ်တဲ့အတွက် တောင်သူတွေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်တွေရမယ်။ နောက်တခုက သီးနှံဈေးနှုန်းတွေက မှန်မှန်ကန်ကုန် မျှမျှတတ ရမယ်။ တကယ်လို့ ကုန်သည်တွေက သီးနှံဈေးနှုန်းတွေကို နှိမ့်ချပြီး ၀ယ်မယ်ဆိုရင် အဖွဲ့ကနေ ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်က သတ်မှတ်ဈေး နှုန်း ပေါက်ဈေး အတိုင်း ၀ယ်ပြီး ထိန်းထားတဲ့ဟာမျိုးတွေ ဖြစ်လာ မယ်ဆိုတော့ ဒါကတော့ ကောင်းတဲ့ အလားအလာပါပဲ။”

တောင်သူလယ်သမားအခွင့်အရေး ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော် မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပေမယ့် သမ္မတက သဘောထားမှတ်ချက် ၅ ခုနဲ့ လွှတ်တော်ကို ပြန်ပို့တဲ့အတွက် ခု လွှတ်တော်မှာ   ပြန်ဆွေးနွေးပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တောင်သူ လယ်သမားအခွင့်အရေးဥပဒေကြမ်းအပြင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းတွေကိုလည်း သမ္မတက သဘောထား မှတ်ချက်တွေနဲ့  လွှတ်တော်ထံ ပြန်ပို့ထားတာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ် သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

ရွှေအောင် (ဒီဗွီဘီ)
သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် ပါတယ်။
အောက်တိုဘာလ ၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ယခင်ပြဋ္ဌာန်း ထားတဲ့ အတိုင်းပဲ   အတည်ပြုလိုက်တာပါ။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ သမ္မတနဲ့ လွှတ်တော် သဘောထား ကွဲတဲ့ အချက်တချို့ကို ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလို ပြောပါ တယ်။

“လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းတဲ့ လုပ်ငန်းတာဝန် သတ်မှတ်တာနဲ့ပတ်သက်ပြီး ဦးဆောင်အဖွဲ့ဖွဲ့မယ်။ ဖွဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့ရယ်၊ ပြည်ထောင်စု နယ်မြေက အုပ်ချုပ်မှုအဖွဲ့ အဲဒီမှ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အခြားလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံသူတွေနဲ့ ဖွဲ့စည်းပေးပြီးတော့မှ ဒါကို အတည်ပြုရ တာပေါ့။ အခု သမ္မတဆီက လာတဲ့ ဟာကြတော့ ဦးဆောင်အဖွဲ့လိုအပ် ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတန်ဖိုး သတ် မှတ်နိုင်ပြီဆိုပြီး ပြန်လာတဲ့အခါကျတော့ ကျနော်တို့ဆီက နဂို ပြည်ထောင် စု လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်းပဲ အတည်ပြုလိုက်တာပေါ့။”

ဒီဥပဒေအတည်ပြုလုပ်တဲ့အတွက် တောင်သူတွေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြင့် က အခုလို ပြောပါတယ်။

“တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်တွေရမယ်။ နောက်တခုက သီးနှံဈေးနှုန်းတွေက မှန်မှန် ကန်ကုန် မျှမျှတတ ရမယ်။ တကယ်လို့ ကုန်သည်တွေက သီးနှံဈေးနှုန်းတွေကို နှိမ့်ချပြီး ၀ယ်မယ်ဆိုရင် အဖွဲ့ကနေ ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်က သတ်မှတ်ဈေး နှုန်း ပေါက်ဈေး အတိုင်း ၀ယ်ပြီး ထိန်းထားတဲ့ဟာမျိုးတွေ ဖြစ်လာ မယ်ဆိုတော့ ဒါကတော့ ကောင်းတဲ့ အလားအလာပါပဲ။”

တောင်သူလယ်သမားအခွင့်အရေး ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော် မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပေမယ့် သမ္မတက သဘောထားမှတ်ချက် ၅ ခုနဲ့ လွှတ်တော်ကို ပြန်ပို့တဲ့အတွက် ခု လွှတ်တော် မှာ   ပြန်ဆွေးနွေးပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တောင်သူ လယ်သမားအခွင့်အရေးဥပဒေကြမ်းအပြင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းတွေကိုလည်း သမ္မတက သဘောထား မှတ်ချက်တွေနဲ့  လွှတ်တော် ထံ ပြန်ပို့ထားတာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ် သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

ရွှေအောင် (ဒီဗွီဘီ)

No comments:

Post a Comment