Tuesday, October 15, 2013

အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ

Photo: အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ 
Tuesday, October 15, 2013

မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရားများ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

ယင်းသို့ အစ္စလာမ် စကားလုံးများ ကန့်သတ်တားမြတ်လိုက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်က မပြီးသတ်ပေးသည့် အမှုဟောင်းကြောင့်ဖြစ်သည်။ ထိုအချိန် ၂၀၀၉ ကတ်သလစ် ခရစ်ယန်တို့၏ The Harald သတင်းစာတွင် God ဘုရားသခင်ဟု သုံးနှုန်းရမည့် နေရာတွင် ဒေသခံများ အလွယ်တကူ နားလည်နိုင်ရန် အလ္လာဟု သုံးနှုန်းခဲ့သည်။

ထိုအခါ မလေးအာဏာပိုင်များက ယင်းသို့သော အစ္စလာမ်စကားလုံးမျိုးကို မသုံးရန် တရားစွဲခဲ့သည်။ သို့သော် ထိုအချိန်က တရားပြိုင်ဘက်က အခြေခံဥပဒပါ အခွင့်အရေးဖြင့် ပြန်လည် ချေပခဲ့သဖြင့် The Harald သတင်းစာကို အနိုင်ပေးခဲ့ရသည်။ ထိုဂယက်ကြောင့် နိုင်ငံအတွင် ခရစ်ယာန်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် သည်အထိ ဖြစ်ခဲ့ဖူးသည်။

The Herald သတင်းစာမှ အက်ဒီတာ ဘုန်တော်ကြီး Lawrence Andrew က ယခုမလေးရှား တရားရုံးက မလေးဘာသာနှင့် ထုတ်ဝေသော သမ္မာကျမ်းစာပါ အလ္လာဟူသော စကာလုံးကို လုံးဝသုံစွဲခွင့် မရှိဟု ပြန်လည်ဆုံးဖြတ် သည်မှာ ဥပဒေရေးရာအတွက် ဟာကွက်ကြီး တစ်ခုသဖွယ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ ကတည်းက ယင်းသို့ ရေးသားလာသည်မှာ ပြဿနာ မရှိခဲ့ကြောင်း ဆိုသည်။

မလေးရှားတွင် မွတ်စလင် ၆၀ရာခိုင်နှုန်းမျှ ရှိပြီး ခရစ်ယာန်မှာ ၉ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့အတွက် ယခုဖြစ်ရပ်ပေါ် မလေးရှား ပြည်သူအချို့က အာဏာရ ပါတီဖြစ်သော မလေး-မွတ်စလင် ပါတီသည် လူထုထောက်ခံမှုရရန် ပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။

The Harald သတင်းစာတွင် သမ္မာကျမ်းစာပါ God ဟူသော နေရာတွင် Allah (အလ္လာ)ဟုသုံးခြင်းသည် မလေးရှားနိုင်ငံ မတည်ထောင်မီ ၁၉၆၃ခုနှစ်ကလည်းပင် ဖြစ်ကြေင်း ထောက်ပြထားသည်။ ယခုတရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: AP, AFP
မြန်မာ့ခေတ်
မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရား များ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

ယင်းသို့ အစ္စလာမ် စကားလုံးများ ကန့်သတ်တားမြတ်လိုက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်က မပြီးသတ်ပေးသည့် အမှုဟောင်းကြောင့်ဖြစ်သည်။ ထိုအချိန် ၂၀၀၉ ကတ်သလစ် ခရစ်ယန်တို့၏ The Harald သတင်းစာတွင် God ဘုရားသခင်ဟု သုံးနှုန်းရမည့် နေရာတွင် ဒေသခံများ အလွယ်တကူ နားလည်နိုင်ရန် အလ္လာဟု သုံးနှုန်းခဲ့သည်။

ထိုအခါ မလေးအာဏာပိုင်များက ယင်းသို့သော အစ္စလာမ်စကားလုံးမျိုးကို မသုံးရန် တရားစွဲခဲ့သည်။ သို့သော် ထိုအချိန်က တရားပြိုင်ဘက်က အခြေခံဥပဒပါ အခွင့်အရေးဖြင့် ပြန်လည် ချေပခဲ့သဖြင့် The Harald သတင်းစာကို အနိုင်ပေးခဲ့ရသည်။ ထိုဂယက်ကြောင့် နိုင်ငံအတွင် ခရစ်ယာန်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် သည်အထိ ဖြစ်ခဲ့ဖူးသည်။

The Herald သတင်းစာမှ အက်ဒီတာ ဘုန်တော်ကြီး Lawrence Andrew က ယခုမလေးရှား တရားရုံးက မလေးဘာသာနှင့် ထုတ်ဝေသော သမ္မာကျမ်းစာပါ အလ္လာဟူသော စကာလုံးကို လုံးဝသုံစွဲခွင့် မရှိဟု ပြန်လည်ဆုံးဖြတ် သည်မှာ ဥပဒေရေးရာအတွက် ဟာကွက်ကြီး တစ်ခုသဖွယ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ ကတည်းက ယင်းသို့ ရေးသားလာသည်မှာ ပြဿနာ မရှိခဲ့ကြောင်း ဆိုသည်။

မလေးရှားတွင် မွတ်စလင် ၆၀ရာခိုင်နှုန်းမျှ ရှိပြီး ခရစ်ယာန်မှာ ၉ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့အတွက် ယခုဖြစ်ရပ်ပေါ် မလေးရှား ပြည်သူအချို့က အာဏာရ ပါတီဖြစ်သော မလေး-မွတ်စလင် ပါတီသည် လူထုထောက်ခံမှုရရန် ပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။

The Harald သတင်းစာတွင် သမ္မာကျမ်းစာပါ God ဟူသော နေရာတွင် Allah (အလ္လာ)ဟုသုံးခြင်းသည် မလေးရှားနိုင်ငံ မတည်ထောင်မီ ၁၉၆၃ခုနှစ်ကလည်းပင် ဖြစ်ကြေင်း ထောက်ပြထားသည်။ ယခုတရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွား မည်ဖြစ်ကြောင်း သိရသည်။

Ref: AP, AFP
မြန်မာ့ခေတ်

No comments:

Post a Comment