Monday, October 21, 2013

ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏ သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။

အနားယူခဲ့ခြင်းနှင့် ပါတ်သက်ပြီး ဖာဂူဆန်က “ဒါဟာ ကျနော့်အတွက် အကောင်းဆုံး အရာပါပဲ။ ကျနော့်အချိန်တွေတုန်းက ကျနော် လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်ခဲ့ပြီးပြီဆိုတာ ကျနော်သိပါတယ်။ ကျနော် အဲဒါတွေကို လွမ်းနေမှာတဲ့လား...?? ကျနော်တော့ လွမ်းမနေပါဘူး။ အချိန်တန်နေပါပြီ။ ကျနော့်အတွက် အချိန်ကောင်း အခါကောင်းကို ကျနော် ရွေးခဲ့ပြီးပြီ။ မန်ချက်စတာ ယူနိုက်တက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျနော့်ဘဝ သက်တမ်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာတွေ အတွက် ပြန်တွေး မိရင် အောင်မြင်မှုတွေက အံ့မခန်းပါ။ အတိတ်ကို မေ့လိုက်ကြပါစို့။ ဒါတွေ ကျနော် ပြောနေမှာ မဟုတ်ပါဘူး။”

“ကျနော့်ဘဝဟာ ယူနိုက်တက် အဖွဲ့တော်သား တစ်ယောက်အဖြစ် ဆက်လက်တည်ရှိနေမှာပါ။ ဆိုလို ချင်တာက အနိုင်ရမှုတွေ၊ သူတို့ အနိုင်ရတာကို ကြည့်ပြီး ကြည်နူးရမှုတွေပေါ့။ အခုဆိုရင် ကျနော့်အနေနဲ့ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ ကစားသမားတွေရဲ့ အေဂျင့်တွေ၊ စာနယ်ဇင်း သမားတွေနဲ့ ပါတ်သက်ပြီး ဘာမှ ပူပင်နေစရာ မရှိတော့ဘူး။”

“အခုဆိုရင် ကျနော်ဟာ တာဝန်ရှိတဲ့ ပွဲကြည့်ပရိသတ် တစ်ယောက်ပါ။ ဒါရိုက်တာ တစ်ယောက်ပါ။ လိုအပ်တဲ့ အကြုံပြု ဆွေးနွေးချက်တွေ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီမှာပါ။ အခုဆိုရင် ကျနော်တို့မှာ ငယ်ရွယ်တဲ့ စီမံခန့်ခွဲရေး အမှုဆောင်ချုပ် (အက်ဒ်  ဝုဒ်ဝါ့ဒ်) ရှိနေပါတယ်။ အကူအညီ တစ်ချို့ လိုအပ် မယ်လို့ ထင် ပါတယ်။ ဒေးဗစ်ဂီးလ်ဟာ အဲဒီလို ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။”

“အဲဒီလိုပဲ ကျနော်တို့မှာ ငယ်ရွယ်တဲ့ မန်နေဂျာ တစ်ယောက် ရှိနေပါတယ်။ ကျနော်ကလည်း ကူညီဖို့ အဆင်သင့်ပါပဲ။ ပြီးခဲ့တဲ့ သီတင်းပါတ် တွေထဲမှာ ကျနော်တို့ နှစ်ယောက် အပြန်အလှန်ဆွေးနွေးခဲ့တာတွေ အတော်များများရှိခဲ့ပါတယ်။ မိုယေးစ်ဟာ အရမ်းကို ကောင်းပါတယ်။ သူ့ရဲ့ အစီအစဉ်တွေနဲ့ ပါတ်သက်ပြီး အရမ်းကို ပွင့်လင်းခဲ့ပါတယ်။ သူလိုအပ်နေတဲ့ အကူအညီတွေ၊ သူ လိုချင်နေတဲ့ အကူအညီတွေ အကြောင်းပေါ့။ အဲဒါတွေ အားလုံးကို သူ နားလည်တဲ့သူပါ။” ဟု ဒေလီ တယ်လီဂရဖ်သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
Written by အောင်စိုးမိုး(နတ်ရွာ)

No comments:

Post a Comment