Wednesday, October 9, 2013

မီးရထားလမ်းဖောက်လုပ်သူ အလုပ်သမားများ၏ ဆန္ဒပြပွဲကြောင့် ရိုးမားနှင့် နာပိုလီပွဲအား သောကြာညတွင်ပြောင်းလဲကစားမည်။


စီးရီးအေတွင် တစ်ကျော့ပြန်အောင်မြင်မှုများ ရယူနေပြီးရှုံးပွဲမရှိကစားနိုင် ကာပွဲအားလုံးအား အနိုင်ယူထားသည့် ရိုးမားအသင်းနှင့် နာပိုလီအသင်း တို့၏ပွဲစဉ်ကိုအောက်တိုဘာလ(၁ဂ)ရက် နံနက်(၁း၁၅)မိနစ်တွင်ယှဉ်ပြိုင်ကစားရန် အချိန်ပြောင်း လဲခဲ့ကြောင်းသိရသည်။

အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်းပွဲအား (၂၄) နာရီစောစွာ ကစား ချိန်ပြောင်း လဲခဲ့ခြင်းမှာရောမ မြို့အောက်တိုဘာ (၁၉)စနေနေ့တွင် မီးရထား အမြန်လမ်း ဖောက်လုပ်သူအလုပ်သမားများ၏ ဆန္ဒပြပွဲရှိနေခြင်းကြောင့် ရဲတပ်ဖွဲ့ အင်အား မလုံလောက်မည်ကို စိုးရွံသည့် အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

မူလက ရိုးမားနှင့်နာပိုလီပွဲ အားစနေနေ့တွင် ကစားရန်စီစဉ် ထားခြင်းဖြစ်ပြီး နှစ်သင်း ပရိသတ်များ အကြား ယခင်က မကျေလည်မှုများ၊ ထိပ်ဆုံးနှစ် သင်းကြားတွေ့ ဆုံမှု များကြောင့် ရန်ဖြစ်မှု များဖြစ်ပေါ် လာနိုင်ရာ ဆန္ဒပြပွဲနှင့် တိုက်ဆိုင်နေသည့်အတွက် ကြောင့် ရဲအင်အား မလုံလောက်မည် ကိုစိုးရိမ် ကာပြောင်းလဲ ခဲ့ခြင်း လည်းဖြစ်သည်။

2008/09ဘော လုံးရာသီအဖွင့်ပွဲစဉ်တွင် ရိုးမားနှင့် နာပိုလီထိပ် တိုက်တွေ့ဆုံခဲ့ရာတွင် ပွဲလက်မှတ် မကိုင်ဆောင်ထားကြ သည့်နာပိုလီ ပရိသတ်များမှာ ရောမမြို့တွင်အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြသည်။

Goal Myanmar

No comments:

Post a Comment