Saturday, October 12, 2013

ဟေတီနိုင်ငံမှ ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင်များ၏ လျော်ကြေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ တရားစွဲခံရ

Photo: ဟေတီနိုင်ငံမှ ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင်များ၏ လျော်ကြေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ တရားစွဲခံရ

Saturday, 12 October 2013 

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါခံစား နေရသော ဝေဒနာ ရှင်များကို ကိုယ်စား ပြုသည့် ရှေ့နေများသည် ကုလသမဂ္ဂ အဖွဲ့အား နယူးယောက်မြို့ရှိ တရားရုံးတွင် တရားစွဲ ဆိုခဲ့ပြီး  လျော်ကြေး တောင်းခံခဲ့သည်ဟု သိရသည်။
ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ပြည်သူ ၈ဝဝဝ ကျော် အသက် ဆုံးရှုံးရပြီး ထောင်ပေါင်းများစွာသော ပြည်သူများမှာ နာမကျန်း ဖြစ်လျက်ရှိသည်။ ပြည်သူများ သေဆုံး ရခြင်းသည် ကုလသမဂ္ဂတွင် တာဝန်ရှိကြောင်း ရှေ့နေများက စွပ်စွဲထားပြီး ၄င်းရောဂါဖြင့် သေဆုံးသူ တစ်ဦးအတွက် လျော်ကြေးအနေဖြင့် စတာလင်ပေါင် ၆၂ဝဝဝ နှင့် ဖျားနာသူ တစ်ဦး အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ  ကုလသမဂ္ဂ အဖွဲ့အစည်းအား ယခု သီတင်းပတ် အတွင်းက တောင်းခဲ့သည်။ သို့သော် ကုလသမဂ္ဂ အဖွဲ့အစည်းက ယင်းတောင်း ဆိုမှုကို မလိုက်လျော ခဲ့သဖြင့် နယူးယောက်မြို့ရှိ အမေရိကန်ခရိုင် တရားရုံးတွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ဟေတီနိုင်ငံမှ ရှေ့နေများက ဆိုသည်။

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက စတင်ကူးစက် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ၏ ယာယီစခန်းများတွင် အဓိက ပြန့်ပွားလျက် ရှိကြောင်း  ဆရာဝန် တစ်ဦး ဖြစ်သူ ဒန်းနရယ် လန်တန်က ဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာ ရှင်များ၏ လျော်ကြေးနှင့် ပတ်သက်၍ အသနား ခံစာကို လက်ခံရရှိ ထားခြင်းမရှိဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက  ထုတ်ဖော် ပြောကြား ထားခဲ့သည်။

http://myawady.net.mm/allnews/global/item/27777-2013-10-12-11-15-03
ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါခံစား နေရသော ဝေဒနာရှင်များကို ကိုယ်စား ပြု သည့် ရှေ့နေ များသည် ကုလသမဂ္ဂ အဖွဲ့အား နယူးယောက်မြို့ရှိ တရားရုံးတွင် တရားစွဲ ဆိုခဲ့ပြီး လျော်ကြေး တောင်းခံခဲ့ သည် ဟု သိရသည်။

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ပြည်သူ ၈ဝဝဝ ကျော် အသက် ဆုံးရှုံး ရပြီး ထောင်ပေါင်း များစွာသော ပြည်သူများမှာ နာမကျန်း ဖြစ်လျက်ရှိသည်။ ပြည်သူများ သေဆုံး ရခြင်းသည် ကုလသမဂ္ဂတွင် တာဝန်ရှိကြောင်း ရှေ့နေများက စွပ်စွဲထားပြီး ၄င်းရောဂါဖြင့် သေဆုံးသူ တစ်ဦးအတွက် လျော်ကြေးအနေဖြင့် စတာလင်ပေါင် ၆၂ဝဝဝ နှင့် ဖျားနာသူ တစ်ဦး အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ ကုလသမဂ္ဂ အဖွဲ့အစည်းအား ယခု သီတင်းပတ် အတွင်းက တောင်းခဲ့သည်။ သို့သော် ကုလသမဂ္ဂ အဖွဲ့အစည်းက ယင်းတောင်း ဆိုမှုကို မလိုက်လျော ခဲ့သဖြင့် နယူးယောက်မြို့ရှိ အမေရိကန်ခရိုင် တရားရုံးတွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ဟေတီနိုင်ငံမှ ရှေ့နေများက ဆိုသည်။

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက စတင်ကူးစက် ပျံ့နှံ့ ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ၏ ယာယီစခန်းများတွင် အဓိက ပြန့်ပွားလျက် ရှိကြောင်း ဆရာဝန် တစ်ဦး ဖြစ်သူ ဒန်းနရယ် လန်တန်က ဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာ ရှင်များ၏ လျော်ကြေးနှင့် ပတ်သက်၍ အသနား ခံစာကို လက်ခံရရှိ ထားခြင်းမရှိဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြား ထားခဲ့သည်။

မြ၀တီ

No comments:

Post a Comment