Thursday, October 10, 2013

လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်



Photo: လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်
Thursday, October 10, 2013

အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့် ချလန်ကို မြင် ခဲ့ရပြီးနောက် အလွန် အံ့အားသင့်ခဲ့ရကြောင်း၊ ယခု ချလန်ဖြတ်ပိုင်းမှာ မိမိအကြိုက်ဆုံး ချလန်တစ်ရွက်ဖြစ်ပြီး သမီးလေးအနေဖြင့်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို နောက်နောင် ဘယ်တော့မှ ပြု လုပ်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။Fork ရဲဌာနကလည်း ယခုကဲ့သို့ ချလန် ဖြတ်ခဲ့ခြင်းမှာ Autumn တို့ အိမ်နီးချင်းများအနေဖြင့် ၎င်းတို့ ပစ္စည်းများကို ကားလမ်းမပေါ် စည်းကမ်းမဲ့ ထားရစ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Automobile Journal
အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွား ရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။


ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့် ချလန်ကို မြင် ခဲ့ရပြီးနောက် အလွန် အံ့အားသင့်ခဲ့ရကြောင်း၊ ယခု ချလန်ဖြတ်ပိုင်းမှာ မိမိအကြိုက်ဆုံး ချလန်တစ်ရွက်ဖြစ်ပြီး သမီးလေးအနေဖြင့်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း ကို နောက်နောင် ဘယ်တော့မှ ပြု လုပ်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။Fork ရဲဌာနကလည်း ယခုကဲ့သို့ ချလန် ဖြတ်ခဲ့ခြင်းမှာ Autumn တို့ အိမ်နီးချင်းများအနေဖြင့် ၎င်းတို့ ပစ္စည်းများကို ကားလမ်းမပေါ် စည်းကမ်းမဲ့ ထားရစ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ် သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Automobile Journal

No comments:

Post a Comment