Thursday, October 3, 2013

အထပ်မြင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် နေရာ ပဏာမ ရွေးချယ် ပြီးစီး



ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန်မြို့ အတွင်း အထပ်မြင့် ယာဉ်ရပ်နား စခန်း တည်ဆောက်မှု နှင့် ပတ်သက်၍ ဗိုလ်ချုပ်လမ်း နှင့် ကမ်းနားလမ်း တို့အား ပဏာမ ရွေးချယ် ထားသော်လည်း ဘတ်ဂျက် နှင့် မြေနေရာ အနေအထား ပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

အထပ်မြင့် ယာဉ်ရပ်နား စခန်း တည်ဆောက်ရန် လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် များနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ဆွေးနွေးလျက် ရှိကြောင်း ကိုလည်း သိရသည်။ လက်ရှိ ရန်ကုန်မြို့ တွင်း၌ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာမှာ ကြီးမားပြီး အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် ကြီးကြပ်မှု ကော်မတီ မထသ(ဗဟို) တို့မှလည်း စည်းကမ်းမဲ့ ယာဉ်များအား အရေးယူခြင်း ၊ ယာဉ်ကြော ရှင်းပေးခြင်း စသည့် လုပ်ငန်း များအား အဖွဲ့များ ဖွဲ့ကာ ဖြေရှင်းလျက် ရှိကြောင်း သိရသည်။

ယာဉ်ရပ်နား စခန်းများကို အထပ်မြင့် အဖြစ် အဆင့်မြင့် တည်ဆောက် နိုင်သော်လည်း အဆိုပါ ယာဉ်ရပ်နား စခန်းများ အနီး ၀န်းကျင်ရှိ အဆောက်အအုံ များ ၊ ဌာနဆိုင်ရာ အဆောက်အအုံ များ၏ မြင်ကွင်း ကွယ်မည် စိုးသောကြောင့် အဆောက်အအုံ နည်းပါးပြီး မြေနေရာ ရနိုင်သော ကမ်းနားလမ်း နှင့် ဗိုလ်ချုပ်လမ်း တို့ကို ကနဦး ရွေးချယ် လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

နိုင်ငံတကာမှ အထပ်မြင့် ယာဉ်ရပ်နားစခန်း အချို့အား တွေ့ရစဉ်
Pyi Chit Thar

No comments:

Post a Comment