Saturday, October 12, 2013

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးမှု ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဟုဆို

Photo: အစိုးရနှင့် ကေအိုင်အို ဆွေးနွေးမှု ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဟုဆို
Saturday, October 12, 2013

အစိုးရနှင့် ကေအိုင်အို နှစ်ဖက် ထိပ်ပိုင်းခေါင်းများ တွေ့ဆုံဆွေးနွေးမှု များသည် ရာစုနှစ်ဝက်ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုသည် တိုင်းရင်းသား အားလုံး ပါဝင်မည့် နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲ အတွက်လည်း အစပျိုးခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းကထုတ်ပြန် ပြောကြားသည်။

နမ်ဘီးယားသည် မြစ်ကြီးနားတွင် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပြုလုပ်သည့် မြန်မာအစိုးရနှင့် ကေအိုင်အို ငြိမ်ချမ်းရေး တွေ့ ဆုံဆွေးနွေး ပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ 
“ကချင်ပြည်နယ်အရေးက ကချင်လူမျိုးတွေ အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေး အဖြေတစ်ခုပါ” ဟု နမ်ဘီးယားက ဆိုသည်။

မြစ်ကြီးနားတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အေအိုင်အို ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအဝင် အချက် ခုနစ်ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်ရှိရန် ရှေ့ဆက် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ကူညီနေသည့် ကုလသမဂ္ဂ၏ အကူအညီ ပေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမ်ဘီးယားက ဆိုသည်။

The Voice Weekly
အစိုးရနှင့် ကေအိုင်အို နှစ်ဖက် ထိပ်ပိုင်းခေါင်းများ တွေ့ဆုံဆွေးနွေးမှု များသည် ရာစုနှစ်ဝက်ကျော် ဖြစ် ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်တန့်ရေးလမ်းစဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုသည် တိုင်းရင်းသားအားလုံးပါဝင်မည့် နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲအတွက်လည်း အစ ပျိုးခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းကထုတ်ပြန် ပြောကြား သည်။

နမ်ဘီးယားသည် မြစ်ကြီးနားတွင် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပြုလုပ်သည့် မြန်မာ အစိုးရနှင့် ကေအိုင်အို ငြိမ်ချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။  “ကချင်ပြည်နယ်အရေးက ကချင်လူမျိုးတွေ အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးအတွက် အရေးကြီး တဲ့ ငြိမ်းချမ်းရေး အဖြေတစ်ခုပါ” ဟု နမ်ဘီးယားက ဆိုသည်။

မြစ်ကြီးနားတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် အေအိုင် အို ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲစောင့်ကြည့်ေ ရး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအဝင် အချက် ခုနစ်ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ရှိရန် ရှေ့ဆက်လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ်ကူညီနေသည့် ကုလသမဂ္ဂ၏အကူအညီ ပေးမှု များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမ်ဘီးယားက ဆိုသည်။

The Voice Weekly

No comments:

Post a Comment