Saturday, October 12, 2013

တောင်ကျ ချောင်းရေကြောင့် ကနီမြို့ ကျေးရွာအချို့ လူနေအိမ်များ မျောပါ

မုံရွာ ၊ အောက်တိုဘာ ၁၀။ ။ မိုးသည်း ထန်စွာရွာသွန်းပြီး ချောင်းရေကျ မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ရှိ ကျေးရွာအချို့တွင် လူနေအိမ်များ ချောင်းရေနှင့် အတူ အောက်တို ဘာရရက်က မျောပါမှုများရှိခဲ့ ကြောင်း မုံရွာခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံးမှ သိရသည်။

အောက်တိုဘာရရက် ည နေပိုင်း တွင် ညလုံးပေါက်ရွာသော မိုးရေကြောင့် ကနီမြို့နယ်အတွင်း ဘုမ္မဇင်းအုပ်စု တအုံကျေး ရွာနှင့် ထောက်ကြန့် ကုန်းကျေး ရွာ မှ လူ နေအိမ်အချို့ ချောင်းရေနှင့် အတူ မျောပါသွားခဲ့ခြင်း ဖြစ်သည်။

''မိုးကြီးပြီး ချောင်းရေကျ လို့ ထောက်ကြန့်ကုန်းရွာက လူနေ အိမ်တစ်လုံး၊ လှည်းမပြင်ချောင်း ဘေးရှိ တအုံကျေးရွာက လူနေ အိမ်ရှစ်လုံး ချောင်းရေ ထဲ မျော ပါသွားတယ်။ လူအသေပျောက် တော့ မရှိဘူး။ တိရစ္ဆာန်အချို့လဲ မျောတယ်''ဟု ဒေသခံများက ပြောသည်။

တအုံကျေးရွာမှ ချောင်းအ တွင်းမျောပါသွားခဲ့သော လူနေ အိမ်များမှ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုး များအိမ် သို့ ရွှေ့ ပြောင်းထားပြီး ချောင်း အနီးနေ အိမ်၁၂လုံးအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပို့ဆောင် ထားကြောင်း၊ ယင်းနေ့ ၌ပင် ကနီမြို့ပေါ်အမှတ် (၁)ရပ်ကွက် အနီး ရေဝါချောင်း ရေတိုက်စားမှုကြောင့် မြေစိုက်တဲ အိမ်နှစ်လုံး မျောပါခဲ့ပြီး ယင်း ရပ်ကွက်မှ လူနေအိမ်ငါးလုံးကို ရွှေ့ပြောင်းပေး ထားရကြောင်း၊ ယခုအခါ ရေဘေးသင့်သူများ အား ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း၊ ကနီမြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် သွားရောက် ကူညီနေကြောင်း ခရိုင်ပြည်ခိုင် ဖြိုးရုံးမှ သိရသည်။

ကိုသစ္စာ
Yangon Media Group

No comments:

Post a Comment